ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်အစာရေစာပြတ်လတ်မူမြင့်တက်လာနိုင်ဟုဗာတီကန်ပြောကြား

ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်အစာရေစာပြတ်လတ်မူမြင့်တက်လာနိုင်ဟုဗာတီကန်ပြောကြား

ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်အစာရေစာပြတ်လတ်မူမြင့်တက်လာနိုင်ဟုဗာတီကန်ပြောကြား

ကိုဗစ် (၁၉) ကပ်ရောဂါဆိုးသည်လူ့အသက်ကိုသေစေရုံမျှမက အစားအစာကိုလည်းပြတ်လတ်မူ ဖြစ်စေသည်။ ထို့ကြောင့်ချောင်လည် စွာနေနိုင်သောသူများအနေဖြင့်အစားအစာကြပ်တည်းနေကြသူ များအားမိမိတို့တတ်နိုင်သလောက်ကူညီကြရန်လည်းတိုက်တွန်းထားသည်။ လူမူအသင်းအဖွဲ့၏စံသည် လူသားအချင်းချင်းအားအဘယ်သို့တန်ဖိုးထားသည်၊ အထူးသဖြင့်ချို့တဲ့နွမ်းပါးသူများ၊ အကူအညီအ ထူးလိုအပ်သူ များအားအဘယ်သို့ကူညီစောင့်ရှောက်သည့်အချက်ပေါ်၌လည်းမူတည်သည်။ ဤသို့အ စားအစာလိုအပ်နေသောသူများအားကျန်းမာရေး စောင့် ရှောက်မူများအပြင်၊ အဘယ်သို့ကူညီစောင့် ရှောက်ကြမည်နည်း။ အဟာရပြည့်၀မူသည်ကိုယ်ခံအားကိုလည်းကောင်းစေ၊ တက်စေသောကြောင့် ကျန်းမာအောင်နေထိုင်ခြင်းသည်လည်းရောဂါကပ်ဆိုးကိုကာကွယ်ပြီးသားဖြစ်သည်။

ရဟန်းမင်းကြီး၏ညွှန်ကြားမူအောက်ရှိလူအသက်ကာကွယ်စောင့်ရှောက်ရေးနှင့်လူသားဖွံ့ဖြိုးတိုးတက်ရေးရုံးတော်၏တာ၀န်ခံဖာသာရန် Augusto Zampini-Davies ကကိုဗစ် (၁၉) ရောဂါကပ်ဆိုး ကြီး၏အရေးပေါ်အချိန်ကာလသည်အစားအစာထုတ် လုပ်နိုင်မူနှုန်းကိုများစွာ လျော့ကျ စေခဲ့သည်။ ကျောင်းတက်သောကလေးများသည် နေ့လယ်စာကိုကျောင်း၌စားလေ့ရှိ၍မိဘများသည်နေ့လယ်စာအ တွက်ပြင်ဆင်လေ့ မရှိ။ ယခုကာလ၌ကျောင်းများပိတ်ထားသောကြောင့်ကလေးများသည်နေ့လယ်စာ လိုအပ်လာသည်။ ထို့ကြောင့်သွင်းကုန်ထုတ်ကုန်များအ ပေါ်၌ရိုက်ခတ်မူရှိလာသည်။

လူသန်းနှင့်ချီ၍လည်းအလုပ်လက်မဲ့ဖြစ်သွားကြသည်။ အချို့မှာလုံး၀အလုပ်လက်မဲ့မဟုတ်သော်လည်းရောဂါကာကူးစက်ခြင်းမှကွယ် နိုင်ရေးအတွက် အလုပ်ချိန်ကိုလျော့၍ကန့်သတ်လုပ်ရကြသည်။ ဤသို့ပြုလုပ်ခြင်းသည်တစ်ဖက်မှဆိုသော်စား၀တ်နေရေးကိုကြပ်တည်းသွား စေသည်။ နိုင်ငံတော်၏အ စီအစဉ်ဖြင့်စားစရာများကိုထောက်ပံ့ပေးခြင်းသည်လူများကိုအိမ်ပြင်မထွက်စေရန်ရည်ရွယ်သည်။ သို့ သော်လက် တွေ့၌အိမ်တွင်းမှအိမ်ပြင်မထွက်ရန်မြစ်တား၍မရ။ အဘယ်ကြောင့်ဆိုသော်လက်လုပ်မှဗိုက်၀မည်။ ဗိုက်၀မှလှုပ်ရှားနိုင်မည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏တစ်ကမာလုံးအဆင့်အလုပ်သမားများ၏အခြေခံလစာကိစွနှင့်ပတ်သက်၍မေးမြန်းရာတွင်ဘုန်းတော်ကြီးက ဤတောင်းဆိုချက်သည်လည်းစီးပွားရေးအကြပ်တည်းကာလ၌ အသုံးပြုခဲ့သောအတိတ်ကနည်းလမ်းတစ်ခုဖြစ်သည်။ နည်းတစ်ခုဖြစ်သော ကြောင့်သူ၌လည်းအကျိုး နှင့်အပြစ်ရှိပါသည်။ သို့သော်နိုင်ငံသားတိုင်း၏ကျန်းမာရေးကိုထိန်းချုပ်ကာကွယ်လိုလျှင်ကျွန်ုပ်တို့သည်တစ်ခုခုလုပ် ရမည်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်မဆိုင်၊ မသိမမြင်သကဲ့သို့နေ၍မဖြစ်။ လူမူအသင်းအဖွဲ့ တိုင်းသည်ခြိမ်းခြောက်ခြင်းကိုခံနေရသည်။ ထို့ကြောင့် ပထမဦးစားပေးအနေဖြင့်ချို့တွဲ့နွမ်းပါးသူများ ဖြစ်သည်။ ၄င်းတို့အားကူညီခြင်းသည်လူသားချင်းစာနာမူ၌အခြေခံကျလှပြီး၊ လူ့ကျင့်၀တ်အရ လည်းမဖြစ်မနေကူညီရမည်ဖြစ်သည်။

ဗာတီကန်၏ကိုဗစ် (၁၉) ရောဂါဆိုးအားကူညီမည့်ကော်မရှင်အနေဖြင့် အစားအစာသည်မထမ ဦးစားပေးစဉ်းစားပေးရမည်အချက်အဖြစ့်သတ်မှတ်သည်။ ကိုဗစ် (၁၉) အလွန်တွင်အစားအစာအကြပ် အတည်းများစွာကြုံနိုင်သည်ဟုသုံးသပ်ထားသည်။ ဤကော်မရှင်သည် ရဟန်းမင်းကြီး၏ညွှန်ကြားမူအောက်ရှိလူအသက်ကာကွယ်စောင့်ရှောက်ရေးနှင့်လူသားဖွံ့ဖြိုးတိုးတက်ရေးရုံးတော်၏ညွှန်ကြားမူကိုခံယူလျှက်ကာဒီနယ် Peter Turkson ၏ဦးဆောင်မူဖြင့်တစ်နှစ်တာစီမံကိန်းရေးဆွဲ၍ဖော်ဆောင်မည်ဖြစ် သည်။ ကာဒီနယ်ကကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးသည် ကျန်းမာရေးကိုခြိမ်းခြောက်သောအခြေအနေ တစ်ခုအဖြစ်စတင်ခဲ့သော်လည်းလက်တွေ့၌မူအစားအစာပြတ်လတ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အစားအစာမလုံလောက်မူပြသာနာ၊ လူအစားစက်ရုပ်များကိုအသုံးပြုလာခြင်း၊ အင်တာနက်လုံခြုံမူ၊ နိုင်ငံရေး၊ အစိုးရနှင့်မူ၀ါဒများစီစစ်ခြင်း၊ တရား၀င်မှတ်တမ်းမှတ်ရာများ ကိုလည်းထိခိုက်ပွတ်တိုက် လာသည်။ ကိုဗစ် (၁၉) ရောဂါဆိုးသည် လူ့ဘ၀၏မည်သည့်အစိတ်အပိုင်းမျှလွတ်ကင်းသည်ဟူ၍မရှိ ပေ။ FAO ၏စစ်တမ်းအရကမာပေါလရှိမှန်းခြေလူပေါင်း (၈) သန်းမျှသည်အစာရေစာပြတ်လတ်မူကို အလူးအလဲခံနေရသည်။ သို့သော်မျှော်လင့်ချက်ရှိပါသေးသည်။ ဤဆိုးရွားလှသောအခြေအနေသည်လူ့ အသိုင်းအဝိုင်း၏အကြီးစားပြောင်းလဲခြင်းလည်းဖြစ်နိုင်သည်။ ဤအကြပ်အတည်းကိုရင်ဆိုင်အောင် မြင်ရန်မှာနိုင်ငံတကာအဆင့်ကိုင်တွယ်ဖြေရှင်းအသင်းအဖွဲ့များကိုမျှော်လင့်သကဲ့သို့အခြေခံလူတန်းစား များလည်းမလိုအပ်ဘဲအစားအစာများကိုဖြုန်းတီးခြင်းမပြုခြင်း၊ မိမိတို့၏အစားအစာများကိုသဘာ၀အ သီးအနှံများကိုစိုက်ပျိုးစားသောက်ခြင်း၊ လေထုညစ်ငြမ်းခြင်းနှင့်သဘာ၀ပတ်၀န်းကျင်ပျက်စီးမည့်ဘေး ထွက်ဆိုးကျိုးရှိအရာများကို (ပလပ်စတစ်ပစွည်း၊ ဆွေးမြေ့ရန်ခက်ခဲသောပစွည်းများ) အဖြစ်နိုင်ဆုံးမ သုံးဘဲရှောင်ခြင်းတို့ဖြင့်လည်းကူညီနိုင်သည်။ သူငယ်တော်ယေဇူး၏စိန့်ထရေးဇာကိုပမာပြု၍ သူသည် မည်သည့်အမူကိစွကြီးသေးမှန်သမျှကိုသတိဖြင့်ပြု၍စင်ကြယ်စေသည်။ ထို့အတူအမူတစ်ခုခုကိုပြုရန် အမူကိစွကြီးကြီးမားမား၊ များများစားစားရှိရန်၊ လုပ်ရန်မလိုကြောင်းကိုဗစ် (၁၉) ကပ်ရောဂါဆိုးသည် ဖော်ပြသွားပြီး။ ကျွန်ုပ်တို့သည်ရှိသမျှနည်းနည်းဖြင့်များစွာပြုလုပ်နိုင်သည်။

ကမ္ဘာ့အကြီးမားဆုံးကက်သလစ်လူမူကူညီရေးအသင်းဖြစ်သော အပြည်ပြည်ဆိုင်ရာကာရီတာစ့် ၏အထွေထွေအတွင်းရေးမှူးဖြစ်သော Aloysius John ကလည်း ရဟန်းမင်းကြီးမိန့်ကြားခဲ့သကဲ့သို့၊ ဤသမိုင်းသွင်မည့်အနိဌာရုံအဖြစ်အပျက်၌ကျွန်ုပ်အနေဖြင့်ကက်သလစ်သာသနာတော်ကြီးကိုကရုဏာ လုပ်ငန်းများလုပ်ဆောင်ပေးခြင်းသာသနာသည်ဒုက္ခရောက်သူတို့နှင့်အတူဘုရားသခင်ကိုယ်စားရှိနေ ပေးစေလိုပါသည်။ ကျွန်ုပ်တို့မနေပေးလျှင်၊ ကျွန်ုပ်တို့မလုပ်ပေးလျှင်အဘယ်သူလုပ်ပေးမည်နည်းဟု ပြောကြားခဲ့သည်။

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့်အားတယ်

Photo Credit: Steve Knutson via Unsplash

 

https://bit.ly/2WElKWF

Add new comment

3 + 16 =