ဗာတီကန်၌ ကိုဗစ် ၁၉ လူနာ ၈ ဉီးမြောက်တွေ့ ရှိခြင်း

ဗာတီကန်၌ ကိုဗစ် ၁၉ လူနာ ၈ ဉီးမြောက်တွေ့ ရှိခြင်း

ဗာတီကန်၌ ကိုဗစ် ၁၉ လူနာ ၈ ဉီးမြောက်တွေ့ ရှိခြင်း

ပုပ်ရဟန်းမင်းကြီးရုံးတော် တည်ရှိရာ ဗာတီကန် အတွင်းမှာ ကိုဗစ် ၁၉ စမ်းသပ် စစ်ဆေးမှုများ အမြဲပြုလုပ်လျှက်ရှိပြီး အခုအခါမှာတော့ နံပါတ် ၈ အဖြစ် လူနာတဉီး တိုးလာပြီ ဖြစ်တယ်လို့ ဗာတီကန် သတင်းတိုက်၏ ဒါရိုက်တာ မာသေးယို ဘရူနီက အတည်ပြုပြောကြားခဲ့ပါတယ်။

အဆိုပါရောဂါ ကူးစက်ခံရသူမှာ လွန်ခဲ့သည့် မတ်လ အစပိုင်းက ရောမမြို့ပြင်ပ သို့ ခရီးသွားခဲ့သူဖြစ်ပြီး ယခု အခါ ရောဂါလက္ခဏာ တွေ့ရှိပြီဖြစ်ကြောင်း

ယခုချိန်တွင် ဗာတီကန် အတွင်းမှဝန်ထမ်းများထဲတွင် ရောဂါ ကူးစက်ခံထားရသူ ၈ ဉီးရှိပြီး ၂ ဉီးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း နှင့် ၁ ဉီးကတော့ ဆေးရုံကဆင်းပြီ ဖြစ်ကာ ၂ ဉီးမှာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေကာ ၊ ကိုဗစ် ရောဂါ လက္ခဏာ မပြသည့် သံသယ လူနာ ၃ ဉီးမှာတော့ မိမိတို့ဘာသာ သီးခြား ကွာရဲန်တင်း ခံယူနေသည် ဆိုခြင်းကို ဗာတီကန် သတင်းအရ သိရှိရပါသည်။

William ZNO,RVA

https://bit.ly/2UVK05S

Add new comment

1 + 2 =