Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မီဒီယာ၀န်ထမ်းများအတွက် ပုပ်ဖရန်စစ် ဆုတောင်းပေးခြင်း
မီဒီယာ၀န်ထမ်းများအတွက် ပုပ်ဖရန်စစ် ဆုတောင်းပေးခြင်း
သခင်ခရစ်တော်၌ တည်နေခြင်းဟူသည့် အချက်ဖြင့် သခင်ခရစ်တော်၏ နောက်လိုက်ခရစ်ယာန်များအကြောင်းကို နေ့စဉ် မစ္ဆားမှာထောက်ရှုရင်း မီဒီယာ အလုပ်လုပ်သူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ဆုတောင်းပေးခဲ့ပါတယ်။
ဆက်သွယ်ရေးကဏ္ဍမှာ ကြိုးပမ်းလုပ်ဆောင်သူများ အတွက် သူတို့တွေ အလုပ်လုပ်ပေးနေကြလို့ သတင်းအချက်အလက်တွေရနိုင်ကြပြီး လူတွေဟာ ပစ်ပယ်ထားသလို မခံစားရတော့ဘူး ကိုယ်တယောက်ထဲ ခံစားနေရတာလိုမျိုးမဖြစ်ကြတော့ဘူး လို့ဆိုကာ အရှင်သူမြတ်က အသိအမှတ်ပြုခဲ့ပါတယ်။
ထိုနေ့က တရားကိုထောက်ရှုကာ သခင်ခရစ် တော်ရဲ့ နုတ်ကပတ်တော်မှာတည်နေခြင်း အရေးကြီးသည့်အချက်ဖြစ်ကြောင်း ကျွန်ုပ်ဟာ ခရစ်ယာန်တယောက်ပါလို့ပြောရင် ခရစ်ယာန်တဦးရဲ့ အမှတ်သင်္ကေတက နောက် လိုက်သူဖြစ်ခြင်းပဲ သခင်ခရစ်တော်၌တည်နေရင်၊ နုတ်ကပတ်တော်၌ တည်နေရင် သခင်ခရစ်တော်ရဲ့ အသက်တာအတိုင်း တည်နေလျှောက်လမ်းသူဟာ နောက်လိုက်ပဲဖြစ်ကြောင်း သခင်ဘုရား၌တည်နေတဲ့ ဘ၀ဟာ လွတ်လပ်ပါတယ် လို့ မြွက်ကြားခဲ့ကြောင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။
By Sr.Lucia Thandar Aung,SJA
Vatican News
Add new comment