Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မန္တလေးကက်သလစ်သာသနာအတွင်းရှိ ဘုရားရှိခိုးကျောင်းများတွင် မတ်လ (၂၅) ရက်မှ ဧပြီလ (၃၀) ရက်နေ့အထိ လူပရိတ်သတ်နှင့် ပူဇော်သော မစ္ဆားတရားအပါအဝင် တခြားမည်သည့် ဝတ်ပြု ကိုးကွယ်ခြင်းကိုမှ မပြုလုပ်ကြရန်။
စာအမှတ် ( P 004/20 )
မန္တလေးမြို့
၂၀၂၀ ခုနှစ်၊ မတ်လ ၂၄ ရက်
အကြောင်းအရာ။ ။ မန္တလေးကက်သလစ်သာသနာအတွင်းမှ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များ သိရှိလိုက်နာ ကြရန် (၂၂၊ ၃၊ ၂၀၂၀ )ရက်စွဲဖြင့် ပြုလုပ်သော အစည်းဝေးနှင့်အညီ ညွန်ကြားချက်။
၁။ မန္တလေးကက်သလစ်သာသနာအတွင်းရှိ ဘုရားရှိခိုးကျောင်းများတွင် မတ်လ (၂၅) ရက်မှ ဧပြီလ (၃၀) ရက်နေ့အထိ လူပရိတ်သတ်နှင့် ပူဇော်သော မစ္ဆားတရားအပါအဝင် တခြားမည်သည့် ဝတ်ပြု ကိုးကွယ်ခြင်းကိုမှ မပြုလုပ်ကြရန်။
၂။ဤရက်များအတွင်း ယခင်က မိမိတို့ ဘုရားကျောင်းတွင် ပြုလုပ်မြဲဖြစ်သော နေ့စဉ် + တနင်္ဂနွေနေ့ မစ္ဆားအချိန်များတွင်ဘုန်းတော်ကြီးတစ်ပါးတည်း ဝတ်ပြုပူဇော်ရန်နှင့် ဘာသာဝင်များအနေနှင့် ထိုအချိန်များတွင် မိမိတို့အိမ်မှ စိတ်ဖြင့် ရည်စူးပါဝင်ဝတ်ပြုနိုင်ကြစေရန် အသိပေးထားကြပါရန်။
၃။ မလွဲမရှောင်သာသော ကိစ္စဖြစ်သည့် ဈာပနကိစ္စရပ်များကို ဘုရားရှိခိုးကျောင်းတွင်းသို့ မသွင်းဘဲ နာရေးအိမ်မှ မဖြစ်မနေပါဝင်ရသော မိသားစုအနည်းငယ်နှင့်သာ သုသာန်သို့ သယ်ဆောင် သင်္ဂြိုဟ်ကြရန်။ (Coronavirus Disease ( COVID 19) သံသယမရှိသော ဈာပနများကိုသာ ရည်ညွှန်းသည်။)
၄။ ဘုန်းတော်ကြီးများအနေနှင့် သက်ကြီးရွယ်အိုများနှင့် (Coronavirus Disease ( COVID 19) သံသယမရှိသော လူနာများကို စက္ကရမင်တူးများခံယူနိုင်ကြစေဖို့ စီစဉ်ဆောင်ရွက်ပေးကြပါရန်။
၅။ ဘုန်းတော်ကြီးတစ်ပါးတည်း မစ္ဆားတရား ပူဇော်ြခင်းများကို MDY-OSC နှင့် RVA Myanmar Service မှ တိုက်ရိုက် Live ထုတ်လွှင့်ပေးပါမည်။
_ ပြောင်းလဲနေသော အခြေအနေအမျိုးအမျိုးအပေါ် မူတည်၍ -
ဒေသခံအာဏာပိုင်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ ထပ်မံ၍ သီးခြားညွန်ကြား ချက်များ မပြုလုပ်မခြင်း ဤလမ်းညွှန်ချက်သည် မန္တလေးကက်သလစ် သာသနာ အတွက် အတည်ဖြစ်သည်။
+ ဘုရားရှင်သည် သင်တို့အားလုံးကို ကောင်းချီးပေး၍ ကာကွယ်တော်မူပါစေ။
+ ဘုရားမယ်တော်မာရိယား စောင့်ရှောက်ပါစေဟု ဆုတောင်းပေးနေလျက်။
အမှုတော်မြတ်၌
ဆရာတော် မာကု တင်ဝင်း
မန္တလေးကက်သလစ်သာသနာပိုင်
Add new comment