ဗာတီကန်၏တရားရုံးလည်းကိုရိုနာဗိုင်းရပ်စ်ကြောင့်အမူစစ်ဆေးမူများရွေ့ဆိုင်းထား

ဗာတီကန်၏တရားရုံးလည်းကိုရိုနာဗိုင်းရပ်စ်ကြောင့်အမူစစ်ဆေးမူများရွေ့ဆိုင်းထား

ဗာတီကန်၏တရားရုံးလည်းကိုရိုနာဗိုင်းရပ်စ်ကြောင့်အမူစစ်ဆေးမူများရွေ့ဆိုင်းထား

ကူးစက်ပျံ့နှံ့မှုလျှင်မြန်လွန်းနေသောကိုရိုနာရောဂါကြောင့် ဗာတီကန်တရားရုံးကိုလည်းလတ်တလော၌ပိတ်ထား ရန်ရဟန်းမင်းကြီးကဆုံးဖြတ်လိုက်သည်။ အမူရင်ဆိုင်နေရသောသူများ ရုံးတော်သို့လာရောက်ရာမှအဆိုပါကူးစက်ရော ဂါကူးစက်ပျံ့နှံ့ခြင်းမဖြစ်စေရန်ဖြစ်ကြောင်းဗာတီကန်၏ပြည်နယ်တာ၀န်ခံကာဒီနယ် Pietro Parolin ကအဆိုပါကြေညာ ချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။

မတ်လ (၂၀) ရက်နေ့မှစ၍ကြားနာနေဆဲ၊ စီစစ်နေဆဲအမှုများ၊ ချိန်းဆိုထားသောအမှုတွဲများအားလုံးကိုဧပြီ (၃၊ ၂၀၂၀) ရက်နေ့အထိရွေ့ဆိုင်းထားလိုက်သည်။ သို့တည်းမဟုတ်ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်၍လိုအပ်ပါက ဆက်လက်၍ရွေ့ဆိုင်းထားဦးမည်ဖြစ်သည်။

သို့သော်ခြွင်းချက်အနေဖြင့်လုပ်ဆောင်ရန်ခွင့်ပြုထားသောအမှုတွဲများမှာအကယ်၍ရွေ့ဆိုင်းထားသောအချိန်ကာ လလွန်မြောက်ချိန်မှအမှုကိုပြန်လည်ကိုင်တွယ်မည်ဆိုပါကအကျိုးအဆက်သည်နောက်ကျသွားနိုင်၊ အကျုံးမ၀င်တော့ သည့်အခြေအနေမျိုးဖြစ်သွားနိုင်ခြင်း၊ လက်ရှိဖြစ်ပေါ်နေသောကူးစက်ရောဂါကြောင့် အမှုကိုအမြန်ဆုံးကြားနာ၍စီရင် ချက်မချမှတ်နိုင်သောကြောင့် ထိန်းချုပ်ထားသော
ကာလကြာရှည်သွားပြီး၊ ဖမ်းချုပ်ခံထားရသူများ၏လွှတ်လပ်ခွင့်ကိုချိုး ဖောက်သကဲ့သို့ဖြစ်သွားခြင်း၊ တရားလို၊ သို့မဟုတ်တရာခံဖက်၌ထိခိုက်နစ်နာဆုံးရှုံးမူကြီးမားသောအမှုများကိုသာ ကြားနာခွင့်ပြုထားသည်။ ရာဇ၀တ်မူနှင့်ပတ်သက်သောအမူတွဲများအနေဖြင့်အမြန်ဆုံးစစ်ဆေး၍အပြစ်ဒဏ်ချမှတ်ရန်လိုအပ်ကြောင်းကိုခိုင်လုံသောအထောက်အထားများပြနိုင်ရမည်။

တရားရုံး၏ဥက္ကဌသည်တရားရုံးတော်၌သတ်မှတ်ထားသောအမှုတွဲများမှလွှဲ၍အမှုကြားနာစစ်ဆေးခြင်းမလုပ်စေ ရန်လည်းကန့်သတ်ရမည်။ အမြန်စစ်ဆေးကြားနာရမည်အရေးကြီးသောအမှုများကိုလည်းအမြန်ဆုံးနှင့်အမှန်ကန်ဆုံး ဖြစ်အောင်လုပ်ဆောင်ရန်အာမခံရမည်။ ထို့ကြောင့်ရုံးချိန်များကိုယခင်ကကဲ့သို့ပုံမှန်ဖွင့်လှစ်ခြင်းမဟုတ်တော့ဘဲတရားဝင် ဖွင့်လှစ်မည့်အချိန်များကိုသက်ဆိုင်ရာသို့ဖုန်း၊ လူမူကွန်ရက်ဆက်သွယ်မူနည်းလမ်းတစ်ခုခုဖြင့်အသိပေးရမည်။ ထိုသတ် မှတ်ခွင့်ပြုထားသောအချိန်တွင်အမှန်တကယ်အချိန်မှန် လုပ်ဆောင်ရန်လည်းလိုအပ်သည်။

လူစုလူဝေးဖြင့်ကြားနာ ခြင်းကိုမူအချိန်သတ်မှတ်မည်ဖြစ်သည်။ သို့သော်အမှုသည်များနှင့်တွေ့ဆုံခြင်းသည်လိုအပ်ပါကလိုသကဲ့သို့အချိန်တိုးပေးနိုင်သည်။ ပုံမှန်အလုပ်ဆင်းခြင်းကိုမူ တရားရုံး ၌အမှုထမ်းနေသောသံဃာတော်များကိုသာအစီအစဉ်ရေးဆွဲလုပ်ကိုင်စေမည်။

ဤအစီအစဉ်သည်လည်းပုံမှန်အခြေအနေမျိုးအတိုင်းဖြစ်ချင်မှဖြစ်ပေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bjmeX0
 

Add new comment

1 + 0 =