Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီးမှ အီတလီ ဂရုဏာအဖွဲ့သို့ ယူရိုငွေ ၁ သိန်း လျှူဒါန်း
ပုပ်ရဟန်းမင်းကြီးမှ အီတလီ ဂရုဏာအဖွဲ့သို့ ယူရိုငွေ ၁ သိန်း လျှူဒါန်း
အီတလီနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအား စာနာသောအားဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အီတလီ ဂရူဏာအဖွဲ့ထံ ယူရိုအလျှူငွေ ၁သိန်း တိတိလျှူဒါန်းလိုက်ပါတယ်။
ဉရောပမှာ အီတလီဟာ ဗိုင်းရပ်စ်အထိနာဆုံး နိုင်ငံတခု ဖြစ်နေတဲ့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓယူးနေ့က စလို့ အီတလီ အစိုးရက ဆေးဆိုင်နဲ့ အစားအသောက် စတိုးတိုင်လေးများလွဲပြီး အားလုံးကို ယာယီပိတ်ထားဘို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် အရှင်သူမြတ်က ယူရိုငွေ ၁ သိန်း ကို လျှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ ဂရုဏာအဖွဲ့မှ ကြီးကြပ်ပြီး အမှန်တကယ် လိုအပ်နေသူများ အတွက် အသုံးပြုဘို့ ပေးတာလို့ဆိုပါတယ်။
ဒီခက်ခဲတဲ့ ကာလမှာ စီးပွားရေးနဲ့ ပစ္စည်းဉစ္စာ မရှိခြင်းတို့အပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ၀ိညာဉ်ကာယ ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိသူများနဲ့ ပံ့ပိုးမှု ရောက်ရှိရန် ခက်ခဲသောနေရာများအတွက် ဂရုဏာအဖွဲ့နှင့်အတူ စိန့်အက်ဂျီးဒီယို အဖွဲ့တို့က ကြိုးပမ်းနေသည်။
အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်
Photo couetesy: ANSA
Add new comment