ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်နှင့်တွေ့ဆုံအပြီး ပုပ်ဖရန်စစ် အနည်းငယ်နာမကျန်းဖြစ်

ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်နှင့်တွေ့ဆုံအပြီး ပုပ်ဖရန်စစ် အနည်းငယ်နာမကျန်းဖြစ်

ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်နှင့်တွေ့ဆုံအပြီး ပုပ်ဖရန်စစ် အနည်းငယ်နာမကျန်းဖြစ်

သက်တော် ၈၃ နှစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ စိန့်ပီတာရင်ပြင်တော်မှာလူထုပရိတ်သတ်နှင့်ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့အပြီးမှာ တရက်တာ အနည်းငယ် အအေးမိဖျားနာ တယ်လို့ ဆိုပါတယ်။ဒီဖျားနာခြင်းဟာ ဗာတီကန် ဘုရားဖူးအများထဲက နှာခေါင်းစည်းတပ် ဘုရားဖူးများက အရှင်သူမြတ်အား အားပါတရ နုတ်ဆက်ခြင်းများကနေ ရရှိတယ်လို့ The Telegraph သတင်းဌာနက ဆိုပြီး ပုပ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် သက်ရောက်ခြင်းစစ်ဆေးမည် မစစ်ဆေးမည်ကိုတော့ အထက်ပါသတင်းဌာနက စိတ်၀င်စားလျှက်ရှိပါတယ် ဘာကြောင့်လဲဆိုတော့ ၄င်းတို့အဆိုအရ အီတလီမှာ ဗိုင်းရပ်စ် ပျံ့ပွားနုန်း မြင့်တက် လာနေပြီး လူ ၆၅၀ ခန့် ကူးပြီးဖြစ်တယ်လို့ဆိုပါတယ်။
ကြာသပတေးနေ့ အစီအစဉ်ဖြစ်ပြီး ရောမသာသနာရဲ့ ဆရာတော်ကြီးအဖြစ်တက်ရောက်လေ့ရှိတဲ့ စိန့်ဂျွန်းလာထရမ် မှာပြုလုပ်တဲ့ ၀တ်ပြုခြင်းအစီအစဉ်ကိုတော့ အရှင်သူမြတ်က တက်ရောက်ခြင်းမပြုတော့ပဲ ဗာတီကန် နားနေဆောင် Santa Marta မှာပဲ ခဏနားနေကြောင်းနှင့် ဖျားနာခြင်းရဲ့ အကြောင်းအရင်း အတိအကျကို မသိရသေးပေမဲ့ နှာစေး ချောင်းဆိုးခြင်းဖြစ်နေပုံတော့ရှိသည်ဟုဆိုပါသည်။
အရှင်သူမြတ်ဟာ ဘာရီမှာလည်း လူ ၄၀၀၀၀ နဲ့ တနင်္ဂနွေက နုတ်ဆက်တွေ့ဆုံခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာလဲ ပရိတ်သတ်အများကြီးနဲ့ စိန့်ပီတာရင်ပြင်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

By Sr.Lucia Thandar Aung,SJA
Source: The Telegraph

https://www.telegraph.co.uk/news/2020/02/27/coronavirus-pope-francis-sick-one-day-meeting-masked-ash-wednesday/

Add new comment

2 + 9 =