ညီရင်းအကိုချစ်ခြင်းနှင့်အတူ မြေထဲပင်လယ် ဒေသ ငြိမ်းသက်ခြင်းရှိပါစေ ဟု ပုပ်ဖရန်စစ်မြွက်ကြား

ညီရင်းအကိုချစ်ခြင်းနှင့်အတူ မြေထဲပင်လယ် ဒေသ ငြိမ်းသက်ခြင်းရှိပါစေ ဟု ပုပ်ဖရန်စစ်မြွက်ကြား

မြေထဲပင်လယ်၏ အနာဂတ်နှင့်ခေါ်တော်မူခြင်းအကြောင်းအရာတို့အပေါ် မိမိတို့တာ၀န်များကိုသုံးသပ်ကြရန်အတွက် အီတလီနိုင်ငံ ဘာရီတွင် ညီလာခံပြုလုပ်လျက်ရှိသည့်မြေထဲပင်လယ် သာသနာအသီးသီးမှ ဆရာတော်ကြီးများအား အရှင်သူမြတ်ပုပ်ဖရန်စစ်က အားပေးတိုက်တွန်းလိုက်ပါသည်။
ဘာရီတွင် ဆရာတော်ကြီးများပြုလုပ်နေသည့်ညီလာခံသို့ ပြီးခဲ့သည့်တနင်္ဂနွေက အရှင်သူမြတ်ကြွရောက်ကာ အားပေးစးနင့်မျှော်မှန်းချက်တို့ကို မြွက်ကြားခဲ့ခြင်းဖြစ်ပါသည်။
အထက်ပါညီလာခံသည် ငြိမ်းချမ်းခြင်းကို တိုးမြှင့် စေပြီး ယုံကြည်ခြင်းကိုလက်ဆင့်ကမ်းနိုင်ရေး ခေါ်တော်မူခြင်းနှင့် မြေထဲပင်လယ် သာသနာ၏ အနာဂတ်အတွက် သုံးသပ်ကြသည့်ညီလာခံဖြစ်ကြောင်းဆိုကာ အဆုံးတွင်တော့ ညီတော် ဆရာတော်များအား အရှင်သူမြတ်က မေုထဲပင်လယ်ကို ပထမဆုံးဖြတ်ခဲ့သူ တမန်တော်ကြီးရှင်ပေါလု့ကို အတုယူကြရန်နှင့် ၄င်း၏ပုံသက်သေအားဖြင့် ဒီနေ့ခေတ်ကျွန်ုပ်တို့ကိုင်တွယ်နေကြရသည့်ယုံကြည်ခြင်းကိုလွတ်လပ်ရွှင်လန်းစွာဖြင့် လိုက်လျှောက်လုပ်ဆောင်နိုင်ကြရမည်ဖြစ်သည်ဟု အရင်သူမြတ် ပုပ်ဖရန်စစ်က မြွက်ကြားခဲ့သည်ကို ဗာတီကန်သတင်းအရသိရှိရပါသည်။

By Sr Lucia Thandar Aung,SJA
Source:VaticanNews

 

https://www.vaticannews.va/en/pope/news/2020-02/pope-francis-let-there-be-peace-and-brotherhood-in-the-mediterr.html

Add new comment

12 + 6 =