Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖေဖော်ဝါရီလ ၁၂ရက် ပုပ်ဖရန်စစ်၏ လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့တိုင်းတွင် ကမ္ဘာတလွှားက ရောမမြို့သို့ ရောက်ရှိလာကြသော ဘုရားဖူးလူထုပရိတ်သတ်နှင့် တွေ့ဆုံနေကြဖြစ်ပြီး စီးရီး အဆက်လိုက် ဘုရားစကားသင်ကြားပို့ချခြင်းအစီအစဉ်ရှိခြင်းကြောင့် ဖေဖော်၀ါရီလ ၁၂ရက် နေ့တွင်တော့ မင်္ဂလာတရား ၈ ပါး အကြောင်းကို ဆက်လက်သွန်သင်ပို့ချပေးခဲ့ပါသည်။ ဒီတပတ်တွင်တော့ မင်္ဂလာတရား ၈ပါးမှ ဒုတိယအချက်ကို သွန်သင်ပေးခဲ့တာပါ။ အရှင်သူမြတ်ဆိုက အခုလို မြွက်ကြားပါသည်။ ဒီဒုတိယအချက်ထဲက ငိုကြွေးသောသူတို့ဆိုတဲ့ အထဲက ငိုကြွေးခြင်းဆိုတာ ၀မ်းနည်းကြေကွဲခြင်းထက် ပိုပါတယ်။ ဒါဟာ အတွင်းစိတ်နှလုံးသား ထဲက လာတဲ့ ငိုကြွေး ဝမ်းနည်းခြင်း ဖြစ်ပြီး သခင်ခရစ်တော်နဲ့ စစ်မှန်သောဆက်သွယ်မှုရှိခြင်းဖြစ်ပါတယ်။ ကျမ်းစာက ဝမ်းနည်းခြင်း၂ မျိုးကိုဖော်ပြတယ်။ ပထမက ကျွန်ုပ်တို့ ချစ်တဲ့ သူတွေ ခံစားဒုက္ခရောက်ရင် ဒါမှမဟုတ် သေဆုံးရင် ၀မ်းနည်းတဲ့ ၀မ်းနည်းခြင်းမျိုးဖြစ်တယ်။ ဒုတိယ ငိုကြွေးခြင်းကတော့ အပြစ်များအတွက် ငိုကြွေးခြင်းဖြစ်တယ်။ နှစ်ခု စလုံးကတော့ ဘုရားကိုချစ်တဲ့ချစ်ခြင်းနဲ့ တပါးသူအတွက် စာနာပေးခြင်းမှာ အခြေခံထားတာဖြစ်ပါတယ်။ သခင်ခရစ်တော်ကို ၃ ကြိမ်ငြင်းပယ်ပြီးကျလာတဲ့ သံပေထရူးရဲ့ မျက်ရည်စတွေလို နှစ်သိမ့်ခြင်းကိုပေးပိုင်ရှင် သန့်ရှင်းသောဝိညာဉ်တော်ဆီက လာတဲ့ လက်ဆောင်ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်တွေ အတွက် ငိုကြွေး နိုင်ကြမဲ့ ကျေးဇူးတော် နဲ့ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ ကုသခြင်းကျေးဇူးတော်ကို လက်ခံနိုင်ရန်ကျေးဇူးတော်ကိုဆက်လက်တောင်းခံကြရအောင်ပါ။ သို့မှသာ ကျွန်ုပ်တို့ရရှိထားတဲ့ နှစ်သိမ့်ခြင်းအတိုင်း တပါးသူတွေကို ကျွန်ုပ်တို့နှစ်သိမ့်ခြင်းပေးနိုင်ပါလိမ့်မယ်လို့ ဆိုကာ အရှင်သူမြတ်က ဘုရားစကား ပို့ချပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စကားပြော နိုင်ငံများမှလာတဲ့ ဘုရားဖူးများ အထူးသဖြင့် အင်္ဂလန်၊ အိုင်ယာလန်၊ ဂျပန်နဲ့ အမေရိက တိုက်တို့မှဘုရားဖူးများကို နုတ်ဆက်ကာ၄င်းရဲ့ ကောင်းကြီးမင်္ဂလာဖြင့် ဗုဒ္ဓဟူးနေ့ လူထုပရိတိသတ်နှင့်တွေ့ဆုံခြင်းအစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည်။
ဗာတီကန်သတင်း
Source:VaticanNews
Add new comment