ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ မော်လ်တာကျွန်းနိုင်ငံသို့ တမန်တော်ကြီးခရီးစဉ်ကြွရောက်မည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ မော်လ်တာကျွန်းနိုင်ငံသို့ တမန်တော်ကြီးခရီးစဉ်ကြွရောက်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် လာမည့် ၂၀၂၀ မေလ ၃၁ ရက်နေ့တွင် တမန်တော်ကြီးခရီးစဉ်အဖြစ် မြေထဲပင်လယ် ၏နှလုံးသဲပွတ်ဖြစ်သော မော်လ်တာ နိုင်ငံနှင့် ဂိုဇို သို့ အလည်အပတ် က​ြွရောက်မည်ဖြစ်ကြောင်းကို ဗာတီကန် သတင်းတိုက်မှ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါသည်။
အရှင်သူမြတ်၏ခရီးစဉ်အတွက် ပြုလုပ်ထားသည့် Logo အမှတ်တံဆိတ်တွင် လက်များက ခရစ္ဆတူးတိုင်သို့ ပြညွှန်နေခြင်း၊ သနားကြင်နာခြင်း လှိုင်းလုံးများ လှေသင်္ဘောနှင့်အတူ ပါလာခြင်း ပုံသဏ္ဍာန်ဖြစ်ကာ ကမ်းလက်များ ၏ အဓိပ္ပာယ်မှာ နီးစပ်သူများနှင့် ဘဝကိုကြမ္မာ၌ပုံအပ်သူ အကူအညီလိုအပ်သော ဒုက္ခရောက်သူများထံ ခရစ်ယာန်များမှ ကြိုဆို သည့်ကမ်းလက်များ ဖြစ်ကြောင်း လှေသင်္ဘောလေးကတော့ တမန်တော်ကြီး ရှင်ပေါလူး သင်္ဘောပျက်ကာ မော်လ်တာ ကျွန်းပေါ် ရောက်ရှိလာပုံနှင့် မော်လ်တာ လူမျိုးတို့၏ ကြိုဆိုမှုကို သရုပ်ဖော်သည့် အမှတ်လက္ခဏာ ဖြစ်ကြောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကလည်း တမန်တော်ကြီးရှင်ပေါလူး မော်လ်တာ ကျွန်းပေါ်ဆိုက်ရောက်ခဲ့သည့် အကြောင်းနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ ပရိတ်သတ်နှင့် ဘုရားစကားသင်ကြားခြင်းတွင် မြွက်ကြားခဲ့သေ​းကြောင်း
အရှင်သူမြတ် မော်လ်တာ အလည်အပတ် ကြွရောက်ခြင်းအတွက် ဆောင်ပုဒ်မှာ တမန်တော်ဝတ္ထု ၂၈:၂ မှ ထိုသူတို့သည်ကျွန်ုပ်တို့အား အထူးသဖြင့် ကျေးဇူးပြုကြ၏ ဟူသည့်ကျမ်းချကြဖြစ်ပါသည်။
ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် စိန့်ဂျွန်ပေါလ် သည် ၂၉၉၀ ခုနှစ် မေလ ၂၅ မှ ၂၇ အထိ ၄င်း၊ အနားယူသွားပြီဖြစ်သည့် ပုပ်ဘယ်နဒစ် အရှင်သူမြတ်သည်လည်း ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ မှ ၁၈ အထိ၄င်း တမန်တော်ကြီးခရီးစဉ်အဖြစ် မော်လ်တာကျွန်းသို့ ကြွရောက်ခဲ့ပြီးဖြစ်ပါသည်။ အရှင်သူမြတ်ပုပ်ဖရန်စစ်၏ ခရီးစဉ် အသေးစိတ်ကို ဗာတီကန်မှ ဆက်လက်ထုတ်ပြန်သွားပါမည်။
By Sr.Lucia Thandar Aung,SJA
Credit: VaticanNews

https://www.vaticannews.va/en/pope/news/2020-02/pope-to-visit-malta-in-may.html

Add new comment

1 + 3 =