Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘူကီနာဖာဆိုတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရ လူ ၁၄ ဦးသေဆုံး
ဘူကီနာဖာဆိုတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရ လူ ၁၄ ဦးသေဆုံး
ဒီဇင်ဘာလ ၅၊ ၂၀၁၉
ပြီးခဲ့သောတနင်္ဂနွေနေ့က ဘူကီနာဖာဆို ဟန်တွာကွာရာ Hantoukoura ရှိ ခရစ်ယာန်အသင်းကွဲဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရမူ့ကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပါသည်။
တိုက်ခိုက်သူများသည် နိုင်ဂျီးရီးယားနယ်စပ်မှမော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာကြပြီး ဘုရားကျောင်းတွင်ဘုရားဝတ်ပြုနေသူများအား အမျိုးသားအမျိုးသမီးခွဲခြားစေကာ မြေပြင်ပေါ်တွင် ဝပ်နေ စေပြီး အမျိုးသားများကို အဝတ်ဖြင့်ဖုံးအုပ်ကာ တဦးချင်းစီအား သေနတ် ဖြင့်ပစ်သတ်ခဲ့ပါသည်။ သေဆုံးသူအမျိုးသားများမှာ ကလေးသူငယ်များဖြစ်ကြောင်းလည်းဖော်ပြထားပါသည်။
ယခုကဲ့သို့ ဆိုးဝါးသော သတ်ဖြတ်ခံရမှုကြောင့်သေဆုံးသွားကြသူများ၏ ဝိညာဉ်များအတွက်နှင့် ပူဆွေးသောကရောက်နေကြရသော မိသားစုဝင်များအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ဆုတောင်းပေးနေကြောင်းကိုလည်း
ဘူကီနာဖာဆို ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးယခုကဲ့သို့ခရစ်ယာန်များအပေါ်ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေမှုများကို အကာအကွယ်ပေးကြဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ယခုတိုင်ခရစ်ယာန်များ သတ်ဖြတ်ခံနေရကြောင်း၊ ကမ္ဘာကြီးမှလည်း သူတို့အားဂရုမစိုက် ပစ်ထားသကဲ့သို့ခံစားနေရကြောင်း၊
ယခုကဲ့သို့ဘာသာရေးများ ပဋိပက္ခဖြစ်ပွားနေသောဒေသများအား လူသတ်လက်နှက်များ ရောင်းချပေးနေသော သူတို့ သည်လည်း တာဝန်မကင်းကြောင်း ကတ်သလစ်ဆရာတော်တပါးမှ ပြောကြားခဲ့ပါသည်။
https://bit.ly/2Rsqywf
#rvamyanmarservice
Add new comment