အပြည်ပြည်ဆိုင်ရာစေတနာ့ဝန်ထမ်းများနေ့အခမ်းအနားကျင်းပခြင်း။

အပြည်ပြည်ဆိုင်ရာစေတနာ့ဝန်ထမ်းများနေ့အခမ်းအနားကျင်းပခြင်း။
5 December, 2019
အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းများနေ့အခမ်းအနားအား ကရုဏမြန်မာမှကြီးမှူး၍ ရန်ကုန်မြို့ CBCM ဝန်းအတွင်းတွင် ယနေ့ December 5 ရက်နေ့ နံနက် (9:00-12:00)နာရီထိ ကျင်းပခဲ့ပါသည်။အခမ်းအနား၌ ရန်ကုန်ကရုဏာမြန်မာ ဒါရိုက်တာ Fr.Joseph Mg Win မှ အဖွင့်အမှာစကားကိုပြောကြားခဲ့ပါသည်။
အဲ့ဒီနောက် တစ်မိနစ်တာ ငြိမ်သက်ဆုတောင်းခြင်းကိုလည်းလုပ်ဆောင်ခဲ့ပါသည်။
အခမ်းအနားတွင် ဆရာမ ဒေဝီသန့်စင်မှ ''လူငယ်နှင့်ပတ်ဝန်းကျင်'' အကြောင်း၊ ဆရာသန့်စင်စိုးမှ '' စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်း '' အကြောင်းအရာများကို ဟောပြောခဲ့ကြပါသည်။
စေတနာ့ဝန်ထမ်းဆိုသည်မှာ အရပ်ဘက် လုပ်ဆောင်မှုအတွက်ဖြစ်စေ၊ ပရဟိတလုပ်ငန်းများ အတွက်ဖြစ်စေ၊လူသားခြင်းစာနာမှုဆိုင်ရာ လုပ်ငန်းမျာအတွက်ဖြစ်စေ၊၀န်ဆောင်မှု ၊ အစေခံမှုကို နာရီများစွာ ပြန်လည်ရရှိခြင်း၊ ကတိကဝတ်ပြုခြင်း ၊မျှော်လင့်ခြင်း တစုံတရာ မရှိဘဲနှင့်  လုပ်ဆောင်ပေးသူများကို စေတနာ့ဝန်ထမ်းများဟု အမေရိကန် အလုပ်သမား ၀န်ကြီးဌာနမှ သတ်မှတ်ထားကြောင်း ဆရာသန့်စင်စိုးမှ ဝေမျှခဲ့ပါသည်။
နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်လည်းပါဝင်ရာ Mark Jason, ရေဗက္ကာဝင်း၊ ထူးအယ်လင်းတို့မှ သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Add new comment

1 + 17 =