ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး (ဂျွန်ဂါဗြီအဲလ်) ပျံလွန်တော်မူခြင်း (၂၅) နှစ်ပြည့် အောက်မေ့ဘွယ် မစ္ဆားတရားပူဇော်ခဲ့ခြင်း ။

ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး (ဂျွန်ဂါဗြီအဲလ်) ပျံလွန်တော်မူခြင်း (၂၅) နှစ်ပြည့် အောက်မေ့ဘွယ် မစ္ဆားတရား

ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး (ဂျွန်ဂါဗြီအဲလ်) ပျံလွန်တော်မူခြင်း (၂၅) နှစ်ပြည့် အောက်မေ့ဘွယ် မစ္ဆားတရားပူဇော်ခဲ့ခြင်း ။

(၁၄.၈.၂၀၁၉)

(၁၄.၈.၂၀၁၉) ရက်နေ့ နံနက် က  ပုသိမ်သာသနာမှ ပျံလွန်သွားပြီဖြစ်သော ပုသိမ်ဂိုဏ်းအုပ်သာသနာ ဆရာတော်ကြီး ဂျွန် ဂါဗြီအဲလ် ၏ပျံလွန်တော်မူခြင်း  (၂၅) နှစ်ပြည့် အောက်မေ့ဘွယ်ရာ မစ္ဆားတရားတော်မြတ်ပူဇော်ခြင်း၊ ဆုတောင်း ခြင်းကို ပြုလုပ်ခဲ့ပါသည်။

အောက့်မေ့ဘွယ် မစ္ဆားတရားကို (၁၄.၈.၂၀၁၉) ရက်နေ့ နံနက် (၆း၀၀) နာရီက ပုသိမ်ဂိုဏ်း အုပ်သာသနာ ဆရာတော်ကြီး ဂျွန်မန်ဆိန်းဟှီမှ ဦးဆောင်ကာပူဇော်ခဲ့ပြီး ပုသိမ်သာသနာအတွင်းမှ ဘုန်းတော်ကြီးများ ၊ သီလရှင်များ၊ ကိုရင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဓမ္မမိတ်ဆွေများ လည်းမစ္ဆားတရား၌ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

ဆရာတော်ကြီး ဂျွန် ဂါဗြီအဲလ်သည် အဘ ဦးဂါဗြီအဲလ်နှင့် အမိ ဘီဘီ အာနားဒေါ်ဗြစ်တို့မှ ၇-၂-၁၉၃၈ တွင် ပုသိမ်မြို့တွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း ညီအစ်ကိုမောင်နှမကိုးဦးအနက် အငယ်ဆုံးဖြစ်ပါသည်။

ဆရာတော်ကြီး တာဝန်ထမ်းဆောင်ခဲ့သောသာသနာနယ်များမှာ

၁၉၆၄ -တွင် ပုသိမ်ကျောင်းထိုင်ရဟန်းအဖြစ်၎င်း

၁၉၆၅ - ၇၄ ထိ ရွာသစ်ကုန်း သာသနာကျောင်းထိုင်အဖြစ်၎င်း

၁၉၇၅-၇၇ ထိ ကနစိုးကုန်းသာသနာ လက်ထောက်ကျောင်းထိုင်အဖြစ်၎င်း

၁၉၇၇ - ၈၀ ထိ ရွာသစ်ကုန်း သာသနာကျောင်းထိုင်အဖြစ်၎င်း

၁၉၈၀ -၁၁ ထိ ရန်ကုန် ရဟန်းဖြစ် တက္ကသိုလ်တွင် စာချပုဂ္ဂိုလ်နှင့်ကျောင်းအုပ်အဖြစ်၎င်း

(၁၁.၂.၈၈) တွင် ပုသိမ်သာသနာအကူ ဆရာတော်အဖြစ်၎င်း

(၂၅.၁.၉၀)တွင် ပုသိမ်ဆရာတော်အဖြစ်၎င်း

(၃၁.၃.၉၂)တွင် ပုသိမ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ငယ်စဉ်က ပညာရေးနှင့် အားကစား ထူးချွန်ခဲ့ပါသည်။ စိတ်အားထက်သန်သော သာသနာ့ ၀န်ထမ်းဖြစ် ပါသည်။ထူးခြားသော ပါရမီများမှာ သည်းခံခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းတို့ဖြစ်သည်။ တပည့် များနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ်၌ မည်သည့်အခါမှ ရင့်သီးခက်ထန်မှု မရှိခဲ့ပါ။ သနားတတ်ခြင်း ၊ခွင့်လွှတ် တတ်ခြင်းကြောင့် ချစ်ခင်သူပေါများခဲ့သည်။

ကိုယ်တော်၏ လမ်းညွှန်မှုကြောင့် ရဟန်းသီလရှင် ဘောင်သို့ လူငယ်များစွာရောက်ရှိခဲ့ကြပါသည်။ အလုပ်ကို တည်ငြိမ်မှန်ကန်စွာ ဆောင်ရွက်တတ်သည်။အအိပ်အနေနည်းပါးခြင်း ၊ တာဝန်၌ လုံးဝပုံအပ် ထားခြင်းတို့ကြောင့် ကျန်းမာရေးကို ဂရုမစိုက်အား ဖြစ်ခဲ့ရာမှစ၍ ကျန်းမာရေး ချို့တဲ့ခဲ့ပါသည်။ ထိုစဉ်က စင်္ကာပူနှင့် ၊ ဘန်ကောက်တို့တွင် ဆေးစစ်ကြည့်ခဲ့ရာ အဓိက ဒုက္ခပေးခဲ့သည့် ရောဂါလေးခု တွေ့ရှိခဲ့ရပါသည်။အသဲ၊အစာအိမ်၊အူနှင့်သည်းခြေတို့တွင် ရောဂါကျွမ်းနေခဲ့ပါသည်။ဆရာတော်ကြီးက ကြံ့ကြံ့ခံကာ အပြုံးမပျက် အမှုတော်ကိုဆက်လက် ထမ်းဆောင်ခဲ့ပါသည်။ ထိုသို့ဖြင့် ဆရာတော်ကြီး သည် ကျန်းမာရေး အဆိုးရွားဆုံး အခြေအနေသို့ရောက်ခဲ့ပြီး (၁၄.၈.၁၉၉၄) ည (၁၀း၀၀)နာရီ၌ ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါသည်။ဆရာတော်ကြီး ပျံလွန်တော်မူချိန်၌ သက်တော် (၅၇) နှစ် ၀ါတော် (၃၀) ရှိပြီးဖြစ်ပါသည်။

ဆရာတော်ကြီး ဂျွန် ဂါဗြီအဲလ်၏၀ိညာဉ်သည် သနားတော်မြတ်ခံရ၍ ရွှေပြည်တော်သို့ရောက်ပါစေသတည်း။

News by – Pinky

Add new comment

3 + 3 =