Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကျန်းမာရေးစောင့်ရှောက်မူ့ပေးခြင်းသည် ကုသပေးရန် သက်သက်မဟုတ် ဘဝလုံခြုံမူ့နှင့် အတူတကွရှိနေခြင်းတို့လည်း ပါဝင်ရမယ်
ကျန်းမာရေးစောင့်ရှောက်မူ့ပေးခြင်းသည် ကုသပေးရန် သက်သက်မဟုတ် ဘဝလုံခြုံမူ့နှင့် အတူတကွရှိနေခြင်းတို့လည်း ပါဝင်ရမယ်
ဇူလိုင်လ ၂၅၊ ၂၀၁၉
ဇူလိုင်လ ၂၄ ရက် နေ့က ရောမမြို့ရှိ ယေဇူးသူငယ်တော် ကလေးသူငယ်များဆေးရုံ၏ ၂၀၁၈ ခုနှစ် အခြေအနေများကို ပြန်သုံးသပ်ခြင်း အခန်းအနားတွင် ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးတော် အထွေထွေအတွင်းရေမူး ရဟန်းမင်းအမတ် ကာဒီနယ် ပီရဲထရို ပါရိုလင်း မှ ကုသလို့မရတဲ့ရောဂါတွေ ရှိပေမဲ့လည်း ဂရုစိုက်မူ့ ပြုစုစောင့်ရှောက်မူ့ လုပ်မပေးနိုင်သော ရောဂါဟူ၍ မရှိပါ ထို့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မူ့ပေးတဲ့နေရာမှာ ကုသပေးရန် သက်သက်မဟုတ် ဘဝလုံခြုံမူ့နှင့် အတူတကွရှိနေခြင်းတို့လည်း ပါဝင်ရမည် ဟု ပြောကြားခဲ့ပါသည်။
ဆေရုံဝန်ထမ်းများ နှင့် အုပ်ချုပ်သူ အဖွဲ့ဝင်များကို ၂၀၁၈ ခု နှစ်အတွင်း ပေးဆပ်လုပ်ကိုင်ခဲ့မူ့များ နှင့် အောင်မြင်မူ့များအတွက် ကျေးဇူးတင်ကြောင်း၊
ဖြုံးတီးခြင်း အလေ့အထကိုပယ်ဖျက်ကြပြီး၊ ကလေးသူငယ်များ၊ အားနည်းသောသူများကို ကူညီစောင့်ရှောက်မူပေးသောသူတို့သည် ဘုရားသခင်ဖက်၌ ရှိသောသူများဖြစ်ကြောင်း ရောမမြို့ရှိ ယေဇူးသူငယ်တော် ကလေးသူငယ်များဆေးရုံ နှစ် ၁၅၀ ပြည့် နှစ်ပတ်လည် နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်အရှင်သူမြတ် ပေးပို့ခဲ့သော အချက်ကို ပြန်လည် အမှတ်ရကြဖို့ သတိပေးခဲ့ပါသည်။
အောင်မြင်မူ့သည် မိမိလုပ်နိုင်ခဲ့သော အရာ နှင့် တိုင်းတာခြင်း မဟုတ် သူတပါးကို မိမိဘယ်လိုပြုစုစောင့်ရှောက်ပေးနိုင်သောပါရမီ တိုးပွားမူ့၌သာ တိုင်တာကြောင်း၊ ဒါ့ကြောင့် ကုသလို့မရတော့သော ရောဂါရှိသူများကို အတူတကွရှိပေးခြင်း၊ ဂရုစိုက်မူ့ပေးခြင်းများ ပြုလုပ်ပေးကြဖို့၊ ဘုရားသခင်သည်အသက်၏ ပိုင်ရှင်ဖြစ်တယ် သူပေးထားတဲ့အသက်ဟာ သူသဘာဝ အလျှောက်သာကုန်ဆုံးစေရမယ်၊ တို့မှာ ကာကွယ်စောင့်ရှောက်ဖို့က လွဲးပြီး ဘာအကြောင်းပြချက်နဲ့မှ စီရင်ပိုင်ခွင့်မရှိဘူးဆိုတာ သတိရှိကြရမယ်ဟု ရဟန်းမင်းကြီးရုံးတော် အထွေထွေအတွင်းရေမူး ရဟန်းမင်းအမတ် ကာဒီနယ် ပီရဲထရို ပါရိုလင်း မှပြေားကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News
Add new comment