လူသားတို့ လကမ္ဘာ ပေါ် ပထဦးဆုံးခြေချနိုင်ခဲ့သည့် နှစ် ၅၀ ပြည့်အမှတ်တရနေ့ ပုပ်ရဟန်းမင်းကြီး အားပေးစကား

လကမ္ဘာပေါ် ပထမ ဦးဆုံးခြေရာများထည်းမှ တစ်ခု

လူသားတို့ လကမ္ဘာ ပေါ် ပထဦးဆုံးခြေချနိုင်ခဲ့သည့် နှစ် ၅၀ ပြည့်အမှတ်တရနေ့ ပုပ်ရဟန်းမင်းကြီး အားပေးစကား
ဇူလိုင်လ ၂၀၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အပတ်စဉ် တနင်္ဂနွေနေ့ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းတွင် လူသားတို့ လကမ္ဘာ ပေါ် ပထဦးဆုံးခြေချနိုင်ခဲ့သည့် နှစ် ၅၀ ပြည့်အမှတ်တရနေ့ အဖြစ် ယင်းကဲ့သို့သော လူသားတို့၏ အောင်မြင်ခဲ့မှူ့မှ အားနည်းသောလူသားတို့၏ ဂုဏ်သိက္ခာပိုမိုမြှင့်တင်ခြင်း၊ လူသားတို့အကြား ပိုမိုခိုင်မာကျယ်ပြန့်သော တရားမျှတမှူ နှင့် အတူတကွနေထိုင်ကြသော ကမ္ဘာကြီးအတွက် ပိုမိုတိုးတက်အောင်မြင်သော အနာဂတ် အခြေအနေများ ဖြစ်ပေါ်လာရေး ပိုမိုမျှော်လင့်ကြောင်း စိန့်ပီတာ ရင်ပြင် တွင်ရှိသော လူထုပရိတ်သပ် အားပြောကြားခဲ့ပါသည်။

ပထမဦးဆုံးလူသား နေး အမ်းစ်တောင်း (Neil Armstrong) လကမ္ဘာပေါ် ခြေချနိုင်ခဲ့သော ၁၉၆၉ ဇူလိုင်လ ၂၀ ရက်နေ့က အဖြစ်အပျက်ကို ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ်​ နှင့် အတူ ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာ ကြည်ရှုခဲ့ကြပါသည်။

ယင်းအခြေအနေမှသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် လက်ထက် ယနေ့ထိတိုင် ကက်သလစ် သာသနာတော်သည် လူသားတို့ဘဝ တိုးတက်မြင့်မားရေး အထူးသဖြင့် အခုအခံအကာကွယ်မဲ့ဘဝများ နှင့် အတူတကွနေထိုင်ကြသော ကမ္ဘာကြီးအတွက် စောင့်ရှောက်ခြင်းများကို အထူးဂရုပြုလုပ်ဆောင်နေ ကြောင်းဖော်ပြပြီး။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ အပြုအမူများ၊ မွက်ကြားတော်မူသော စကားများတွင် သူ့ အတွင်းစိတ် လိုလားမှူ့ဖြစ်သော အကူအညီလိုအပ်နေသည့် ရွှေ့​ပြောင်း နေထိုင်သူများဘဝ၊ ဆင်းရဲသားများ၊ကျန်းမာရေးချို့တဲ့သူများ နှင့် အတူတကွနေထိုင်ကြသော ကမ္ဘာကြီးအတွက် စောင့်ရှောက်ခြင်းများကို အထူးဂရုပြုဖော်ပြလေ့ရှိပါသည်။

ယင်းနှစ် ၅၀ ပြည့် သမိုင်းဝင် ထင်ရှားသည့် အမှတ်တရ အောင်မြင်ခဲ့သော အခြေအနေမှ ယင်းကဲ့သို့ ကြီးမားသော အောင်မြင်မှူ့များ ဆက်လက်ရယူနိုင်ရန် မျှော်လင့်ကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ မွက်ကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2LyhZ0E

Add new comment

8 + 9 =