Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
၂၀၁၈ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ၂၁၅ သန်းသော ခရစ်ယာန်များ ညှင်းပန်း နှိပ်စက် ခံနေရခြင်း
၂၀၁၈ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ၂၁၅ သန်းသော ခရစ်ယာန်များ ညှင်းပန်း နှိပ်စက် ခံနေရခြင်း
ဇူလိုင်လ ၁၆၊ ၂၀၁၉
၂၀၁၈ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ၂၁၅ သန်းသော ခရစ်ယာန်များ ညှင်းပန်း နှိပ်စက် ခံနေရခြင်း၊ ပျမ်းမျှ တစ်လလျှင် ခရစ်ယာန် ၂၅၀ ဦး သတ်ခံနေရကြောင်း၊ အမျိုးသမီးများ ကလေးသူငယ်များ ခုခံကာကွယ်နိုင်စွမ်း မရှိသူများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမူ့များခံစားနေရကြောင်း UK နိုင်ငံ မှ အင်္ဂလီကန် ဆရာတော် Philip Mounstephen ပြင်ဆင်သော အစီရင်ခံစာ ကို ဗာတီကန်တွင် တနင်္လာနေ့က တင်ပြခဲ့ပါသည်။
ယင်းတင်ပြခြင်းအခမ်းအနားတွင် ဘာသာရေးကျောထောက်နောက်ခံယူပြီး လွဲမှားသော အယူအဆများကို သင်ကြားပေးသော အစွန်းရောက် ဘာသာရေး ခေါင်းဆောင်များကြောင့်၊ မိမိနှင့်ယုံကြည်မှူ့မတူသောကြောင့် သူတပါးအသက်ကိုသတ်ဖြတ်ခြင်း စသည့်လွဲမှာသော လုပ်ရပ်များကို တစ်ဦးတစ်ယောက် သို့မဟုတ် အသင်းအဖွဲ့အလိုက် ဦးဆောင်ပြီး သတ်ဖြတ်နေကြမှူ့များ ကြောင့် အလွန် အင်မတန်ဝမ်းနည်းရကြောင်း၊
ခရစ်ယာန်များကို ညှင်းပန်း နှိပ်စက်ခြင်းသည် အခြေခံကြသော လူသားတို့၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှူ့ကို ပိတ်ပင်သော အရာဖြစ်ကြောင်း၊ အစီရင်ခံစာတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက နှင့် အာရှ တွင်ဖြစ်ပေါ်နေသော အရာများကို အဓိကထားတင်ပြခဲ့သော်လည်း တကယ်တန်းတွင် ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများတွင်လည်း မိသားစုအတွင်၊ ယုံကြည်ကိုးကွယ်မှူ့ ဖိနှိပ်ချုပ်ချယ်ခံရမူများ ရှိနေကြောင်း၊ ခန္ဓာကိုယ်ကို ထိခိုက်နာကျင်အောင်ပြုမူမှူ့များ နည်းပါးသော်လည်း လူတစ်ယောက်၏လွတ်လပ်စွာကိုးကွယ်ယုံကြည်မှူ့ကို ပြုလုပ်ခွင့်မရခြင်း၊ ကိုယ်ရဲ့ဘာသာတရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရခြင်း ခွင်ြ့ပုမခံရခြင်းများ ရှိနေကြောင်း ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးတော် နိုင်ငံတကာဆက်ဆံရေး လက်ထောက်အတွင်းရေးမှု့ Msgr. Antoine Camilleri မှ အစီရင်ခံစာတင်ပြခြင်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဘာသာရေးလွတ်လပ်ခွင့်သည် လူတို့ဂုဏ်သိက္ခာ၏ အရင်းအမြစ်ဖြစ်ကြောင်း၊ အများကောင်းကြိုးအတွက် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင်ကို မြှင်တင်ပေးရမည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News
Add new comment