Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရုရှားရေငုပ်သင်္ဘော မတော်တဆ ဖြစ်မှူ့ကြောင့် သေဆုံးကြရသူများအတွက် ပုတ်ရဟန်းမင်းကြီး ဝမ်းနည်းကြောင်းထုတ်ဖော်
ရုရှားရေငုပ်သင်္ဘော မတော်တဆ ဖြစ်မှူ့ကြောင့် သေဆုံးကြရသူများအတွက် ပုတ်ရဟန်းမင်းကြီး ဝမ်းနည်းကြောင်းထုတ်ဖော်
ဇူလိုင်လ ၃၊ ၂၀၁၉
ရေအောက်ရှာဖွေရေးအဖြစ်အသုံးပြုသော ရုရှားရေငုပ်သင်္ဘော မတော်တဆ ဖြစ်မှူ့ကြောင့် ရေတပ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ကို ရဟန်းမင်းကြီးရုံးတော် သတင်းပြန်ကြားရေးဌာန ရာရီတာဝန်ခံ Alessandro Gisotti မှ ပုပ်ရဟန်းမင်းကြီး ထံ တင်ပြခဲ့ပါသည် ယင်းသတင်းကို ပုပ်ရဟန်းမင်းကြီးကြားသိရပြီး သေဆုံးကြရသူများအတွတ် ဝမ်းနည်းကြောင်း ကျန်ရစ်သူမိသားစုဝင်များအတွက် ဆုတောင်းပေးနေကြောင်း ဖော်ပြခဲ့ပါသည်။
ပြီးခဲ့သော တနင်္လာနေ့ က ရုရှားနိုင်ငံအနောက်ပိုင်း ရုရားရေပိုင်နက်တိုင်တာရေးပြုလုပ်နေစဉ်ရေငုပ်သင်္ဘော အတွင်းမီးလောင်မှူ့ဖြစ်ပွားခဲ့ပြီး သင်္ဘောသားများ မီးခိုးငွေ့အဆိတ်သင့်သေဆုံးရကြောင်းဖော်ပြခဲ့ပါသည်။
ယင်းအပတ်ထဲ ကြာသာပတေးနေ့တွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ဗာတီကန်နိုင်ငံ ရောမမြို့တွင် တွေ့ဆုံရန် စီစဉ်ထားပါသည်။ ရုရှားသမ္မတမှ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပါသည်။ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက်အရ တချို့သော သဘောင်္သားများ အသက်ရှင်သန်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါသည်။
#pope, #russia, #accident, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment