Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အကြမ်းဖက်ဝါဒ နှင့် မည့်သည့်အကြမ်းဖက်အပြုအမူ မျိုးမဆို ဘာသာတရားယုံကြည်မူနှင့် ဆန့်ကျင်နေခြင်း
အကြမ်းဖက်ဝါဒ နှင့် မည့်သည့်အကြမ်းဖက်အပြုအမူ မျိုးမဆို ဘာသာတရားယုံကြည်မူနှင့် ဆန့်ကျင်နေခြင်း
ဇွန်လ ၂၅၊ ၂၀၁၉
ကမ္ဘာကုလသမ္မဂ အမြဲတမ်းအတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် Bernardito Auza မှ ၂၁၀၉ ဇွန်လ ၂၄ ရက်နေက အမေရိကန်နိုင်ငံ နယူယောက် ကုလသမ္မဂ အစည်းအဝေးတွင် အကြမ်းဖက်တိုက်ခိုက်မူများ နှင့်ပတ်သက်ပြီး အကြမ်းဖက်ဝါဒ နှင့် မည့်သည့်အကြမ်းဖက်အပြုအမူ မျိုးမဆို ဘာသာတရားယုံကြည်မူ ဆန့်ကျင်နေခြင်း နှင့် အတူတကွ အပြည့်အဝပါဝင်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်း အလေ့အထတို့ကို တွန်းအားပေး လုပ်ဆောင်ကြဖို့ တင်ပြဆွေးနွေးခဲ့ပါသည်။
ဘုရားရှိခိုးဝတ်ပြုရာနေရာက လူသတ်ခန်းမသဖွယ် ဖြစ်ပျက်ခဲ့ရသည့် သီရိလင်္ကာနိုင်ငံ တိုက်ခိုက်ခံခဲ့ရမူကို ထောက်ပြခဲ့ပြီး နိုင်ငံတိုင်းရှိ တာဝန်ရှိ အစိုးရမှ မိမိနိုင်ငံသား အရောက်တိုင်းစီ၏ ဘဝလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးခြင်းနှင့် အတူတကွ အပြည့်အဝပါဝင်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်း အလေ့အထတို့ကို တွန်းအားပေး လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
အတူတကွ အပြည့်အဝပါဝင်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်း အလေ့အထတို့ကို တွန်းအားပေး လုပ်ဆောင်ကြခြင်းသည် မိမိတို့ယုံကြည်ခြင်း၊ ဘာသာတရား၊ လွတ်လပ်စွာတွေခေါ် ဝေဖန်ပိုင်းဖြတ်နိုင်ခွင့် အခွင့်အရေးများ ကို တောင့်တင်းခိုင်မာစွာ မြှင့်တင်ပေးခြင်း နည်းလမ်းဖြစ်ကြောင်း ထောက်ပြခဲ့ပြီး၊ နိုင်ငံတော်ပိုင် ဘာသာ၊ သာသနာရှိသော နိုင်ငံများတွင် တခြားသော ဘာသာယုံကြည်သူလူနည်းစုများအပေါ် တင်းကြပ်သည့် တာဆီးမူများ စည်းကမ်းစည်းမျဉ်းသတ်မှတ်ထားမူများကို စိတ်မသက်သာစွာတွေမြင်နေရကြောင်းကိုလည်း ထောက်ပြခဲ့ပါသည်။
မိမိတို့နိုင်ငံတွင် ဘာသာတရားတစ်ခု အပေါ် အထူး စည်းမျဉ်းဥပဒေများပြဌာန်းပေးထားခဲ့လျှင်တောင်မှ အခြားဘာသတရားများအပေါ်မှာလည်း ညီမျှသည့်အခွင့်အရေးအဖြစ် တနိုင်ငံတည်းသားများ သာတူညီမျှရသင့်သည့်အခွင့်အရေးအဖြစ် ဘာသာတရားအပေါ်မှာမဟုတ် တရားမျှတမူအပေါ်အမှာ အခြေခံပြီး ပေးသင့်ကြောင်း။ နိုင်ငံတော်အုပ်ချုပ်ရေး နှင့် ဘာသာရေးကို ခွဲခြားပြီး ယင်းနှစ်ခု၏ အကူအညီဖြင့် နိုင်ငံသားတိုင်း၏ ကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်ကြဖို့ တိုက်တွန်းခဲ့ပါသည်။
နိုင်ငံရေး၊ လူမူရေး၊ ဘာသာရေးခေါင်ဆောင်များ အနေနှင့် ဘာသာတရားကို အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မောင်းထုတ်ခြင်း၊ ဖိနှပ်ချုပ်ချယ်ကန့်သတ်ခြင်း၊ တရားမျှတာမူမရှိဘဲ အကြမ်းဖက်လုပ်ဆောင်ခြင်း၊ အမုန်းတရားပွားများစေခြင်းများကို ဆန့်ကျင်ရှုတ်ချကြဖို့ တိုက်တွန်းခဲ့ပါသည်။ ခရစ်ယာန်မုန်းတီးရေး၊ ဂျူးမုန်းတီးရေး၊ အစ္စလမ် မုန်းတီးရေး စသည် ဘာသာတရားမုန်းတီးမူဝါဒ များကို တိုက်ဖျက်ကြဖို့ကိုလည်းဆွေးနွေးခဲ့ပြီး၊ ဘာသာတရားနှီးနှောဖလှယ်ခြင်း၊ အပြန်အလှန်နာလည်မူ့ရှိစွာဆွေးနွေးကြခြင်း၊ ယဉ်ကျေးမူမတူညီမူများကို နားလည်မူဖြင့် အပြုသဘောဆောင် ဖလှယ်ခြင်းများ ပြုလုပ်ပြီး အထူးသဖြင့် လူငယ်များကို၊ စားသင်ကျောင်းများ၊ ဘာသာရေးကျောင်းများတွင် ဦးနှောက်ကိုသာမက နှလုံးသားကိုပါ ပညာပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။ ။
#un, #vatican, #violence, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment