Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဓမ္မဆရာမ တစ်ဦး မက်စီကိုတွင် သေနတ်နှင့်ပစ်သတ်ခံရ
ဓမ္မဆရာမ တစ်ဦး မက်စီကိုတွင် သေနတ်နှင့်ပစ်သတ်ခံရ
ဇွန်လ ၁၈၊ ၂၀၁၉
မက်စီကို နိုင်ငံတောင်ပိုင်း Chiapas ပြည်နယ် Acacoyagua မြို့ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မ ဘုရားကျောင်းတွင် ပြီးခဲ့သော စနေနေ့က ဓမ္မဆရာ ဆရာမ အသစ်များ သင်းတန်းအတွက် စုရုံးရောက်ရှိနေကြစဉ် သေနတ်ကိုင်ဆောင်ထားသောလူငယ် နှစ်ဦးမှ ဘုရားကျောင်းအတွင်းသို့ဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်ခဲ့ပါသည်၊ ယင်းပစ်ခတ်မှူ့ကြောင့် ဓမ္မ ဆရာမ မဂေးလီ လန် အန်တိုးနီယို Margeli Lang Antonio အားထိမှန်ခဲ့ပြီး နေရာတွင် သေဆုံးခဲ့ပါသည်။
လူမှူ့အသိုင်းအဝိုင်းပျက်စီးလာမှူ့ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ ယိုယွင်းပျက်စီးလာမှူ့များအတွက် ယင်းဒေသ ဆရာတော်ကြီးမှ အလွန်ဝမ်းနည်းရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။Tapachula ဆရာတော် Jaime Calderon မှ သေဆုံးသွားသော ဓမ္မဆရာမ ၏ မိသားစုများ နှင့်ရင် နှီးကြောင်း ဖော်ပြခဲ့ပြီး ယင်းပစ်ခတ်မှူ့အပေါ် တရာဝန်ရှိသူများမှ စုံးစမ်းဖော်ထုတ်အရေးယူကြဖို့ ပြောကြားခဲ့ပါသည်။
မတော်လောဘတွေကြီးထွာလာကြခြင်း၊ မကောင်းမှူ့အစုံကျူးလွန်လာကြခြင်း၊ အလုပ်အကိုင်မရှိ အခြေအနေတွေမှာ အရာရာကို ငွေနဲ့တိုင်တာ၊ ငွေနဲ့ဝယ်၊ ချမ်းသာဖို့ပဲ တွေးကြတဲ့ခေတ်၊ လူ့အသက်ကိုတောင်ငွေကျေးနဲ့ တန်ဖိုးဖြတ်လုပ်ခြင်သလိုလုပ်နေကြတဲ့ လူ့အသိုင်းအဝိုင်မှာ လူတို့အသက်အိုးအိမ်စည်းစိမ်ဟာ စိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်လာနေတယ်ဟု လူမှူ့အသိုင်းအဝိုင်းပျက်စီးလာမှူ့၊ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ ယိုယွင်းပျက်စီးလာမှူ့များကို ဆရာတော်ကြီးမှ Fides သတင်းဌာနနှင့်တွေ့ဆုံခြင်း၊ တနင်္ဂနွေနေ့ ကပြုလုပ်သော သတင်စာရှင်းလင်းပွဲတို့တွင် ထောက်ပြပြောဆိုခဲ့ပါသည်။
အဖွဲ့အစည်းဖွဲ့ အကြမ်းဖက်ပြုခြင်း၊ ရာဇဝတ်မူ့ကျူးးလွန်ခြင်း များကို အသင်းတော်မှ တိုက်ရိုက်ဆန်ကျင့်မှူ့များပြုလုပ်နေပြီး ပြည်သူလူထုအတွက် အမြဲရပ်တည်ပေးနေခဲ့ခြင်းကြောင့် ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုရားကျောင်းများတွင် ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခြင်းများကက်လစ် သာသနာအပေါ် ဦးတည်တိုက်ခိုက်လာမှူ့များ အထူးသဖြင့် ဘုန်းတော်ကြီးတွေကို ပြင်းထန်စွာ အကြမ်းဖက် တိုက်ခိုက်လာမှူ့များဟာ လူမူ့ဘဝ မတည်ငြိမ်မှူ့တွေကို ဖြစ်ပေါ်လာစေကြောင်း ဘုန်းတော်ကြီး Aguilar မှ ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော ရက်သတ်နှစ်ပတ်ဝန်းကျင်ကလည် ကက်သလစ် ကျောင်းသား နှစ်ယောက်ကို ပြန်ပေးဆွဲ ဖမ်းစီးခေါ်ဆောင်သွားပြီး ပြင်းထန်စွာ ညှင်းပန်းနှိတ်စက်ပြီး သတ်ဖြတ်ခဲ့ကြပါသည်။ ယင်းကဲ့သို့ လုံခြုံရေးဆိုင်ရာ ယိုယွင်းပျက်စီးမှူ့များ ကို မက်စီကို ဆရာတော်ကြီးများမှ အစိုးရကို ထောက်ပြပြောဆိုခဲ့ကြပါသည်။
https://www.vaticannews.va/en/church/news/2019-06/mexico-bishop-lament-catechist-shot-in-church.html
#murder, #mexico, #church, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment