Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မက်စီကို တွင် ရွေ့ပြောင်းနေထိုင်သူများတိုးပွာ လာနိုင်သည့်အခြေအနေ
မက်စီကို တွင် ရွေ့ပြောင်းနေထိုင်သူများတိုးပွာ လာနိုင်သည့်အခြေအနေ
ဇွန်လ ၁၅၊ ၂၀၁၉
ယခုလက်ရှိအခြေအနေတွင် အမေရိကန် နိုင်ငံသားရရှိလျှောက်ထားသူ လေးသောင်းရှိနေပြီး ဒီနှစ်ကုန်ပိုင်းတွင် နှစ်ဆ တိုးပွားလာနိုင်ဖွယ်ရာရှိကြောင်း မက်စီကိုနိုင်ငံ လူအခွင့်အရေးတာဝန်ခံအရာရှိ Alejandro Encinas ပြောကြားခဲ့ပါသည်။
သူနှင့် သူ၏ အတွင်းရေးမူး တို့မှ ရွှေ့ပြောင်း နေထိုင်သူများ၊ အမေရိကန် နိုင်ငံသားရရှိရေး ရှာဖွေသူများ နှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခက်အခဲပြသနာများကို လျှော့ကျစေရန် စီမန်ခန့်ခွဲပေးခြင်း ထောက်ပံ့ပေးခြင်း နှင့် ကူညီမူများ လုပ်ဆောင်ပေးနေကြပါသည်။
ယခုတွေ့ကြုံနေရတဲ့အခက်အခဲတွေဟာ မနှစ်က ကျန်ခဲ့သော ဒုက္ခအမွေတွေဖြစ်သလို၊ အကြာသေးမှီကလည်း မက်စီကို ရွေ့ပြောင်းဒုက္ခသည်များအသင်း ဥက္ကဋ္ဌ Tonatiuh Guillen မှ နုတ်ထွက်သွားမူများ နှင့် ဆက်နွယ်နေကြောင်း၊ သို့သော်လည်း ဘယ်လိုအခက်အခဲဖြစ်နေပါစေ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကိုလည်း ဖော်ပြထားပါသည်။
မက်စီကို အစိုးရမှလည်း အလယ်ပိုင်းအမေရိက နိုင်ငံများမှ ဝင်ရောက်လာသည့် ရွေ့ပြောင်းနေထိုင်သူများကို တားဆီးထိန်းချုပ်ရန် မက်စီကို တောင်ပိုင်ဒေသလုံခြုံရေးအတွက် အင်းအားများဖြည့်တင်းပြီး ဖြေရှင်းပေးနေကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင်လျှင်လည်း အမေရိကနှင့် မက်စီကိုအကြား မလိုလားအပ်သည့်တင်မာမူများဖြစ်လာနိုင်ကြောင်း၊ တဆက်တည်းမှာပဲ မက်စီကိုနိုင်ငံသည် အမေရိက သို့ ရွေ့ပြောင်းဝင်ရောက်လာသောသူများ ကို ထိန်းသိမ်းထားရာနေရာအဖြစ် အမေရိကမှ တောင်းဆိုထားကြောင်းကိုလည်း ဖော်ပြထားပါသည်။
https://www.vaticannews.va/en/world/news/2019-06/mexico-migrants-us-trade-tariffs-agreement.html
#migrants, #mexico, #us, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment