Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကျွန်ဘဝမှ ကက်သလစ်ရဟန်းဖြစ်လာသူ သြဂူးစ်တူစ် တော်တွန် ရဟန္တာ အဖြစ်တင်မြှောက်ရန် ပထမအဆင့်ရွေးချယ်ခံရ
ကျွန်ဘဝမှ ကက်သလစ်ရဟန်းဖြစ်လာသူ သြဂူးစ်တူစ် တော်တွန် ရဟန္တာ အဖြစ်တင်မြှောက်ရန် ပထမအဆင့်ရွေးချယ်ခံရ
ဇွန်လ ၁၂၊ ၂၀၁၉
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရဟန္တာ အဖြစ်တင်မြှောက်ပေးရန် စီစစ်ရွေးချယ်ပေးသော အဖွဲ့အစည်းမှ တင်ပြလာသည့် ရဲရင့်သော သူတော်ကောင်းတရားများနှင့်ပြည့်ဝသူ သူတော်မြတ် ၈ ဦးတွင် ကျွန်ဘဝမှ ကက်သလစ်ရဟန်းဖြစ်လာသူ သြဂူးစ်တူစ် တော်တွန် သည် တစ်ဦးအပါအဝင်ဖြစ်ပါသည်၊ သူ့ကို ၁၈၈၆ ခုနှစ်တွင် ရဟန်းသိက္ခာတင်မြှောက်ခဲ့ပြီး အမေရိကန် နိုင်ငံတွင် ပထမဦးဆုံး လူမည်း ဘုန်းတော်ကြီးဖြစ်ပါသည်။
၁၈၅၄ ခုနှစ် အမေရိကန်နိုင်ငံ မစ်ဇူရီ ပြည်နယ်တွင် သြဂူးစ်တူစ် တော်တွန် ကို လူမည်း ကျွန်မိသားစုတစ်စုမှ မွေးဖွားခဲ့ပါသည်၊ ရဟန်းတို့တပ်အပ်သည် ဓမ္မသဂြိုင်္လ်ပညာကို ရောမမြို့တွင် သင်ကြားတက်မြောက်ခဲ့ပြီး သူ၏ အသက် ၃၁ နှစ်၊ ၁၈၈၆ ခု နှစ်တွင် စိန့်ဂျွန်း လက်တရင် ကျောင်းတော်ကြီးတွင် ရဟန်းသိက္ခာခံယူခဲ့ပြီး မကြာမှီ အမေရိကန်သို့ ပြန်သွားပြီး လူမည်းအများစုနေထိုင်သည့် ချီကာဂိုရှိ လူမည်းများကို ကြည့်ရှု့ အစေခံရန် တာဝန်ပေးခြင်းခံခဲ့ရပါသည်။
သူ၏ တရားဟောကောင်းမွန်မှူ့၊ ဂီတပညာ အဆိုအတီးကောင်းမွန်မှူ့၊ အထူးသဖြင့် ကော်ဒီယာန်တီးခြင်း နှင့် အသံအလွန်ကောင်းမွန်မှူ့ တို့ကြောင့် Good Father Gus ဟု နာမည်တပ် ခေါ်ခဲ့ကြပါသည်၊ အပြောအဆိုကြွမ်းကျင်သူ၊ စကားပြော ကျေးဇူးတော်ရရှိသူအဖြစ် ခေတ်ပြိုင်ပြည်တွင်းသတင်းစာတစ်ခုမှလည်း သတင်းများရေး၍ သူ့ကို ချီးကျူးဖော်ပြခဲ့ပါသည်။
၁၈၉၇ ခုနှစ် ချီကာဂိုဒေသတွင် မကြုံဖူး လောက်အောင် ပြင်းထန်သည့် အပူလှိုင်းဖြတ်ခြင်း နှင့်ကြုံတွေ့ရပြီး ဘုန်းတော်ကြီးသြဂူးစ်တူစ် တော်တွန် သည် ၁၈၉၇ ခုနှစ် ဇူလိုင်လ ၈ ရက် နေ့က ဘာသာသူများအားကြည့်ရူ့စောင့်ရှောက်မှူ့ပေးရန် သွားနေစဉ် လမ်းတွင် အပူလျှပ်ခြင်းဒဏ်ကြောင့်လဲ့ကျသေဆုံးခဲ့ပါသည်။ သူသေဆုံးချိန်တွင် သူ၏ အသက်မှာ ၄၃ နှစ်သာရှိသေးပါသည်။
သူ၏ ထူးခြားသော ကျေးဇူးတော်များ ရဲရင့်သော သူတော်ကောင်းတရားများကို အခြေခံပြီး ချီကာဂို ဂိုဏ်ချုပ်သာသနာမှ ရဟန္တာ အဖြစ်တင်မြှောက် ပေးရန် ၂၀၁၀ ခုနှစ်က တင်ပြလာခဲ့ပါသည်။ ရဟန္တာ အဖြစ်တင်မြှောက်ပေးရန် စီစစ်ရွေးချယ်ပေးသော အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှူ့များ ၊ တန်ံခိုးလက္ခဏာများကို အခြေခံပြီး ရဟန္တာ အဖြစ်ရွေးချယ်တင်မြှောက်ရန် လမ်းကြာင်းပေါ်သို့ ၂၀၁၉ဇွန်လ ၁၂ ရက် နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အတည်ပြုပေးခဲ့ပါသည်။
#vatican, #sainthood, #chicago, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment