Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်ကြီး ဖရန်စစ်အရှင်သူမြတ် ၂၀၂၀ တွင် အီရတ် နိုင်ငံသို့ သွားလိုကြောင်း ထုတ်ဖော်ပြောကြား
ပုပ်ရဟန်းမင်ကြီး ဖရန်စစ်အရှင်သူမြတ် ၂၀၂၀ တွင် အီရတ် နိုင်ငံသို့ သွားလိုကြောင်း ထုတ်ဖော်ပြောကြား
ဇွန်လ ၁၀၊ ၂၀၁၉
ပြန်လည်ပေါင်းစည်းခြင်းကို ရည်ရွယ်ပြီး အရှေ့တိုင်း ကက်သလစ် အသင်းတော်များကို ကူညီထောက်ပံ့ပေးနေသော အဖွဲ့အစည်းများ၏ အဖွဲ့ဝင် ၉၂ နှစ်ဦး နှင့်တွေဆုံခြင်းတွင် ပုပ်ရဟန်းမင်ကြီး ဖရန်စစ်အရှင်သူမြတ်မှ ၂၀၂၀ တွင် အီရတ် နိုင်ငံသို့ သွားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကျွန်ုပ်သွားရောက်လည်ပတ်ချင်သော အီရတ်နိုင်ငံအကြောင်းကို ကျွန်ုပ်အမြဲ တွေးနေမိတယ် လာမည့်နှစ် ၂၀၂၀ မှာ သွားရောက်လည်ပတ်ချင်တယ်၊ ဘာသာဝင်သားသမီးတွေ စဉ်ဆက်မပြတ်ဒုက္ခခံနေရတဲ့ ဆီးရီးယား၊ ယူကရိန်း နှင့် Holy Land သန့်ရှင်းသော နယ်မြေတွေကိုပေါ အထူးသဖြင့် အီရတ်ကို ကျွန်ုပ် သွားချင်တယ်ဟု ပြန်လည်သင်မြတ်ဖို့ လိုအပ်နေသော နိုင်ငံများအကြောင်းကို ဝေမျှရင်း ရဟန်းမင်းကြီးမှ သူ၏ ဆန္ဒ ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အီရတ်နိုင်ငံသည် အကြမ်းဖက် အဖွဲ့အုပ်ချုပ်စဉ်အခါက အလွန်အင်မတန် ပြင်းထန်စွာညှင်းပမ်းနှိပ်စက်ခံခဲ့ရသော လူနည်းစု ခရစ်ယာန်များ နေထိုင်ရာဒေသဖြစ်သလို၊ ကက်သလစ်ခရစ်ယာန်များ၊ မတူညီသော အရှေ့တိုင်းသြသဒေါ့စ် ခရစ်ယာန်များ အများစုနေထိုင်ရာဒေသလည်းဖြစ်ပါသည်၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှက်သူမြတ် သွားဖြစ်ခဲ့မည်ဆိုလျှင် ယင်းဒေသသို့ ပထမဦးဆုံးသွားရောက်သော ရဟန်းမင်းကြီး သမိုင်းဝင် ခရီးစဉ်ဖြစ်မည်ဖြစ်ပါသည်။
ပြန်လည်ပေါင်းစည်းခြင်းကို ရည်ရွယ်ပြီး အရှေ့တိုင်း ကက်သလစ် အသင်းတော်များကို ကူညီထောက်ပံ့ပေးနေသော အဖွဲ့အစည်းများ၏ အဖွဲ့ဝင် ၉၂ နှစ်ဦး နှင့်တွေဆုံခြင်းတွင် နေရာဒေသ အသီးသီးမှာရှိကြသော အရှေ့တိုင်းသြသဒေါ့စ် ခရစ်ယာန်များ၊ ဘုန်းတော်ကြီးများကို ထောက်ပံ့ကာညီပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပြီး မျော်လင့်ခြင်းရောင်ခြည် ထွန်းလင်းလာဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-06/pope-francis-iraq-roaco-oriental-churches.html
#pope, #wish, #iraq, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment