Zoom meeting ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်ဗင်းဆင်းရှင်းများနေ့ ကျင်းပခဲ့ခြင်း ။

Zoom meeting ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်ဗင်းဆင်းရှင်းများနေ့ ကျင်းပခဲ့ခြင်း ။

Zoom meeting ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ လူငယ်ဗင်းဆင်းရှင်းများနေ့ ကျင်းပခဲ့ခြင်း ။
(4.7.2020)
ယခု အချိန်ခါသည် ကိုဗစ် (၁၉) ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ယခုနှစ် ဗင်းဆင်းရှင်း လူငယ်များနေ့အထိမ်းအမှတ်ကို မြန်မာပြည်ရှိ ဗင်းဆင်းရှင်းလ် လူငယ်များက Zoom Meeting ကို အသုံးပြု၍ (၄.၇၂၀၂၀) ရက်နေ့နံနက်ပိုင်းက မိမိတို့နေအိမ်များမှနေ၍ ကျင်းပခဲ့ကြပါသည် ။

ထို အပြည်ပြည်ဆိုင်ရာ ဗင်းဆင်းရှင်းလူငယ်များနေ့ အထိမ်းအမှတ် နေဖြင့် ပြုလုပ်သော စည်းဝေးဆုတောင်းခြင်းသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်တော်ကောင်စီ ဥက္ကဌ Alphonse ဦးကျော်မင်းနှင့်အဖွဲ့ဝင်များ ၊ ရန်ကုန် ၊ မန္တလေး ၊ ပြည် ၊ ဟားခါ ၊ဗန်းမော် ၊ ဘားအံ့ ၊ တောင်ငူ တို့ မှ ဗင်းဆင်းရှင်း လူငယ်များ စုစုပေါင်း (၃၀) ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

ဗင်းဆင်းရှင်း လူငယ်များနေ့အား ယခင်နှစ်များကဲ့သို့ အခမ်းအနားဖြင့် ကျင်းပနိုင်ခွင့်မရှိသော်လည်း အင်တာနက်ကို အသုံးပြုကာ အတူတကွ ဆုတောင်းခြင်း ၊ စိပ်ပုတီးစိပ်ခြင်း ၊ ယခုနှစ် ဆောင်ပုဒ် နှင့်အညီ ကိုဗစ် (၁၉) ကာလတွင် အသက်ကို ပဓာဏ မထားပဲ ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသော ကျန်းမာရေး ဝန်ထမ်းများနှင့်တကွ ကိုယ်ကျိုးစွန့် ဆက်ကပ်နေကြသော နေရာဒေသ အသီးသီးမှ ကွာရန်တင်း စင်တာများတွင် လုပ်အားပေးနေကြသော လုပ်အားပေးများအားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် အားပေးသတင်းစကား ပြောကြားပေးခြင်း ၊ ပြည်တော်ကောင်စီ ဉက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ SSVP အသင်း၌ လူငယ်များ၏ အရေးပါပုံများအကြောင်းကို ပြောကြားခြင်း ၊ စိန့်ဗင်းဆင်း ဒီပေါလ် အသင်း အပြည်ပြည်ဆိုင်ရာ ကောင်စီချုပ်မှ အပြည်ပြည်ဆိုင်ရာ လူငယ်ကော်မတီ ဒုဉက္ကဌမှ‌ ပေးပို့ထားသော သတင်းစကားအားဖတ်ကြားခြင်း၊ SSVP အသင်း၌ လူငယ်များ၏ အရေးပါပုံများအကြောင်းပြောကြားခြင်း ၊ Blessed Antoine Frederic Ozanam ၏ ဘဝအသက်တာ ကြောင်းဝေမျှခြင်းများ လုပ်ဆောင်ခဲ့ကြပါသည် ။

ယခုကဲ့သို့ ဗင်းဆင်းရှင်း လူငယ်များနေ့ကို ကျင်းပခြင်း ရည်ရွယ်ချက်သည်
၁။ ဗင်းဆင်းရှင်းလူငယ်များ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကို ဝေမျှနိုင်ရန် ၊
၂။ လူငယ် ခရစ်ယာန်များ ဘုရားသခင်၏ ကြင်နာ သနားတတ်သည့် နှလုံးသားမှ ယိုစီးလာသော ပီတိဖြင့်ပျော်ရွှင်စွာ ရှင်သန် နေထိုင်နိုင်ရန် ။
၃။ ဖရက်ဒရစ်အိုဇာနမ် ( Frederic Ozanam ) ၏ နောက်လိုက်အားလုံးတွင် ရှိရမည့် ယုံကြည်စိတ်ချရဲဝံ့ခြင်းဖြင့် ရှင်သန် နေထိုင်နိုင်ကြရန် ။
၄။ ဗင်းဆင်းရှင်း လူငယ်များ၏ စောင့်ရှောက်အုပ်ထိန်းသူ သူတော်မြတ် Frassati ကဲ့သို့ ကိုယ်တော်မြတ် စက္ကရမင်တူးနှင့် မစ္ဆားတရားတော်မြတ်ကို ချစ်မြတ်နိုးခြင်းအားဖြင့် အသက်ရှင်ကြရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြခြင်းဖြစ်ပါသည် ။

ဇူလိုင်က (၄) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဗင်းဆင်းရှင်း လူငယ်များနေ့ဖြစ်ပါသည်။ ယခုနှစ် အတွက် ဆောင်ပုဒ်သည်
'' #လူငယ်ဗင်းဆင်းရှင်းများ - #မျှော်လင့်ခြင်း နှင့် #ကရုဏာမေတ္တာဝေငှကြလျှက် '' ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ကြခြင်းဖြစ်သည် ။
ဇူလိုင် လ (၄) ရက်နေ့တွင် ပွဲတော်ကို စောင့်ထိန်းကျင်းပကြခြင်းဖြင့် ယခုနှစ် ကပ်ရောဂါကာလအတွင်း နည်းမျိုးစုံဖြင့် ရှေ့တန်းမှ ပါဝင်တိုက်ခိုက် လျက်ရှိကြသူများကို ဂုဏ်ပြုသည့် သဘော သက်ရောက်စေရုံမျှမက လူငယ် ဗင်းဆင်းရှင်းများကိုလည်း ရောက်ရှိလာမည့် ကာလသစ်အတွက် မျှော်လင့်ခြင်း များစွာဖြင့် ကြီးမားလှသော ကရုဏာကွန်ရက်တွင် ကမ္ဘာကြီးအတွက် သာသနာပြုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ရန် လှုံဆော်တိုက်တွန်း အားပေးမှုများ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ၊ ဗင်းဆင်းရှင်း လူငယ်အသင်းသူ အသင်းသားများ၏ ဝိသေသ မဏ္ဌိုင်ကြီးနှစ်ခုကို ကျွန်ပ်တို့အား အစဉ်သတိရနေစေရန် အတွက် ယခုနှစ် ဆောင်ပုဒ်ကို '' #လူငယ်ဗင်းဆင်းရှင်းများ _ #မျှော်လင့်ခြင်းနှင့် #ကရုဏာမေတ္တာဝေငှကြလျက် '' ဟူ၍ ရွေးချယ်ခဲ့ရခြင်း ဖြစ်တယ်ဟု ပြင်သစ် ပြည်မှ အပြည်ပြည်ဆိုင်ရာ လူငယ် ဒုဉက္ကဌ William Alves က ၎င်း၏ သတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည် ။

News by - #PinkyThiriKyaw

#SSVPInternationalYOuthDay #SharingHopeandCharity #VicentianYouth #COVID19 #Prayer #Rosary #FredericOzanam #MyanmarSSVPYouth

Add new comment

10 + 5 =