WYD မှ ပြန်ရောက်ပြီးရုတ်တရက်ကွယ်လွန်သွားသောလူငယ်၏မိခင်ထံရဟန်းမင်းကြီးဖုန်းခေါ်ဆိုနှစ်သိမ့်

WYD မှ ပြန်ရောက်ပြီးရုတ်တရက်ကွယ်လွန်သွားသောလူငယ်၏မိခင်ထံရဟန်းမင်းကြီးဖုန်းခေါ်ဆိုနှစ်သိမ့်

ပြီးခဲ့သောတပတ်က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်အလွန်ကိုယ်ရေးကိုယ်တာဆန်လှသောဖုန်းခေါ်ဆိုမှုတစ်ခုကိုပြုလုပ်ခဲ့သည်။ ဤသို့ပြုရခြင်းမှာ ၀မ်းနည်းကြောင်းထုတ်ဖော်ပြရန်ဖြစ်သည်။

ရဟန်းမင်းကြီး၏ ဖုန်းခေါ်ဆိုမှုကိုလက္ခံရရှိခဲ့သူမှာ Luca Re Sartù ဆိုသူ၏မိခင်ဖြစ်သည်။ Luca Re Sartù သည်အသက် (၂၄) နှစ်သာရှိသေးသည့်လူငယ်တစ်ဉီးဖြစ်ပြီး သူသည် (ဩဂုတ် ၂၀၂၃) ခုနှစ်ကကျင်းပသောကမ္ဘာ့လူငယ်များနေ့အခမ်း အနားသို့လည်း လောလောလတ်လတ်ပါ၀င်ခဲ့သူဖြစ်သည်။

သူသည် လစ်ဘွန်ကမ္ဘာ့လူငယ်များနေ့အခမ်းအနားမှနိုင်ငံ သို့ပြန်ရောက်လာသည်နှင့်ခံစားနေရသောရောဂါကြောင့် အိမ်သို့ပင်ပြန်မရောက်ဘဲ ဆေးရုံသို့တန်းပို့ဆောင်ခဲ့ရကာ ဆေးရုံတင်ပြီး (၂) ရက်အကြာတွင် သူနှင့်အတူကမ္ဘာ့လူငယ်များနေ့၌သိကျွမ်းရင်းနှီးခဲ့ရသူများအားလုံးအတွက် ၀မ်းနည်းယူကျုံးမရစရာကောင်း သောသတင်းဖြစ်သည့် သူ၏ဆုံးပါးသွားခြင်းသတင်းထွက် ပေါ်လာခဲ့သည်။

သူ၏စျာပနအခမ်းအနားကို သူ၏ဇာတိမြို့ဖြစ်သော အီတလီနိုင်ငံ၊ မီလန်ခရိုင် Marnate ၌ကျင်းပခဲ့သည်။ ထိုမြို့သည် လူဦးရေ (၈၀၀၀) ခန့်သာရှိသောမြို့ငယ်လေးဖြစ်သည်။

ဩဂုတ်လ (၁၈) ရက်နေ့အား Marnate မြို့အနေဖြင့် Luca Re Sartù နှင့်မိသားစုအတွက်၀မ်းနည်းစရာကောင်းသောနေ့အဖြစ်ကြေညာပေးခဲ့သည်။ အလံများကိုလည်းတစ်၀က်သာလွှင့်ထူစေခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy: Newsbook

https://bitly.ws/SVej

Add new comment

17 + 2 =