The Voice of Italy ဆုဆွတ်ခူးခဲ့သော ကက်သလစ်သီလရှင် သူ၏သူတော်စင်ဘ၀ကိုစွန့်သွား

The Voice of Italy ဆုဆွတ်ခူးခဲ့သော ကက်သလစ်သီလရှင် သူ၏သူတော်စင်ဘ၀ကိုစွန့်သွား

(၂၀၁၄) ခုနှစ် The Voice of Italy ၏သီချင်းဆိုပြိုင်ပွဲမှ ပရိသတ်များကိုသာမက အကဲဖြတ်ဒိုင်များအားလည်း မျက်စိပြူးကျယ်သွားစေခဲ့သည့် ကက်သလစ်သီလရှင်တစ်ပါးဖြစ်သည့် စစ္စတာရ် Cristina Scuccia သည်သူမ၏သီလရှင်ဘဝကို စွန့်ခွာခဲ့ပြီဖြစ်သည်။

သူမသည် (၂၀၁၄) ခုနှစ် The Voice of Italy ဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ကက်သလစ်သီလရှင်တစ်ပါးဖြစ်ကာ၊ 'အူဆူလင်' (Ursulines) အသင်း၀င်သီလရှင်တစ်ပါးဖြစ်သည်။

သူသည်ရာသက်ပန်ဆက်အပ်နှံ သည့်ကတိသစ္စာကိုလည်း (စက်တင်ဘာလ ၂၀၁၉) တွင်ခံယူခဲ့ပြီး သီလရှင်၀ါလည်း (၁၅) ၀ါရှိနေပြီဖြစ်သည်။ သူသည် (၃၄) နှစ်ရှိပြီဖြစ်သည်။ သီလရှင်ဘ၀ကိုစွန့်ပြီးနောက် စပိန်နိုင်ငံ၌ စားပွဲထိုးအလုပ်ကိုလုပ်ကိုင်လျှက်ရှိပြီး မြူးစိကိုလည်းဆက်လက်လုပ် ကိုင်သွားမည်ဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သောပတ်က သူသည် 'Verissimo' အီတလီအစီအစဉ်တစ်ခု၏တွေ့ဆုံမေးမြန်းခြင်း၌ သင်္ကန်း၀တ်မထားဘဲ သာမန်၀တ်စုံအနီနှင့်မိတ်ကပ်များခြယ်သထားသည်။ ထိုအဆိုပြိုင်ပွဲ၏အောင်မြင်မှုသည် သူ့အားပြောင်းလဲသွားရန်အစပြုခဲ့သည်။ ပြတ် သားသောဆုံးဖြတ်ချက်ကိုမူ ကိုးဗစ်ဖြစ်ပွားခြင်းနှင့်အတူမိမိကိုယ်ကိုပြန်ဆန်းစစ်ရန်အချိန်ဖြစ်လာခဲ့ကြောင်း၊ လူမှုကွန်ရက်များ၌မကြာခဏတက်လာသောသူ၏သတင်းများသည် သူ့အားမေးခွန်းများစွာမေးမြန်းရန် တွန်းအားဖြစ်လာစေခဲ့ကြောင်း၊ ဘ၀ဆောက်တည်ရာမရလည်းကြုံခဲ့ရကြောင်း၊ သူ့ကိုယ်သူအဘယ်သူဖြစ်သည်ကိုလည်းမဆန်းစစ်နိုင်တော့သည်အခြေအနေထိဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာဆရာ၀န်နှင့်လည်းကုသခဲ့ရကြောင် ဤအခြေအနေသို့ဆိုက်ရောက်သွားသောကြောင့် သူ့အနေဖြင့်သူတော်စင်ဘ၀ကိုနောက်ဆုတ်လိုက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သူသည်ကျန်းမာရေဆုတ်ယုတ်ခဲ့ဖူးသည်။ တစ်ချိန်ကသင်္ကန်ဖြင့်ပျော်နေခဲ့သောသူ သည် သူ၏လွတ်လပ်မှုကို သင်္ကန်းစည်းခြင်း၏စည်းဘောင်အတွင်း၌ဖျစ်ညှစ်ပိတ်လှောင်ခံနေရဘိသကဲ့သို့ခံစားခဲ့ရသည်။ သူအဘယ်သူဖြစ်သည်ကိုလည်းနားမလည်နိုင်တော့ပါ။ သို့သော် ဘုရားသခင်ကိုမငြင်းပယ်ပါ။ သင်္ကန်းဆင်မြန်းထားသောဘ၀၌သူ့ကိုမတွေ့မြင်နိုင်တော့ပါ။ သူ့အနေဖြင့်ယုံကြည်ခြင်းအသက်တာကိုမစွန့်လိုပါ။ ဘုရားသခင်ကိုယုံကြည်မြဲယုံ ကြည်လျှက်ရှိသည်။ ယုံကြည်ခြင်းလျှောက်လှမ်းခြင်းကိုစွန့်ပယ်ရန်ဆန္ဒမရှိ။ လက်ရှိအချိန်ထိသူ ကြုံတွေ့ဖြတ်သန်းခဲ့ရသောအတွေ့အကြုံများအတွက်ကျေးဇူးတင်လျှက်ရှိသည်ဟုဆိုသည်။

သူ့အား (၁၉၈၈) အီတလီနိုင်ငံ၊ စီးစီလီခရိုင်၊ Vittoria ၌မွေးဖွားခဲ့သည်။ အသက် (၁၉) နှစ်၌ (Ursulines) သီလရှင်အသင်းသို့၀င်ရောက်ခဲ့သည်။ (၂၀၁၄) ခုနှစ် The Voice of Italy ပြိုင်ပွဲအတွက်လူရွေးရာ သူ၏အသံကြောင့် ထိုအစီအစဉ်ကိုထုတ်လုပ်သူမှာ သီလရှင်အ ကြီးအကဲထံသို့ကိုယ်တိုင်ဖုန်းဆက်၍ သီလရှင်အား သီချင်းပြိုင်ပွဲတွင်ပါ၀င်ခွင့်ပြုရန်တောင်းခံခဲ့သည်။ သူဆုဆွတ်ခူးသွားသောနောက် ဆုံးအစီအစဉ်၌ အစီအစဉ်ကိုကြည့်ရှုနေကြသောလူထုအား ကောင်းကင်ဘုံဆုတောင်းမေတ္တာတစ်ကြိမ်ကိုအတူတကွဆိုရန်ပန်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသိုဖြစ်လာရန်သူ 'စိတ်ကူး' ရှိခဲ့သည်ဟုဆိုပါသည်။

အစပိုင်း၌ အဆိုပြိုင်ပွဲ၀င်ရန်ဖိတ်ခေါ်ချက်ကိုအလွန်ကြောက်နေခဲ့သည်။ ဒုတိယအကြိမ်၌မှု ရဟန်းမင်းကြီးဖရန်စစ်၏ လမ်းညွှန်ချက်ဖြစ်သော ဆင်ခြေဖုံးရပ်ကွက်များ၊ လူအရောက်အပေါက်နည်းသောဒေသများသို့ ဧ၀ံဂေလိတရားဟောကြားရန်သွားလော့ဟုမိန့်မှာချက်ဖြစ်မည်ဟုခံယူယှဉ်ပြိုင်ခဲ့ကြောင်း (၂၀၁၉) ခုနှစ်ကဖြေကြားခဲ့ဖူးသည်။

သူသည်အသင်းမှလည်းကောင်း၊ သီလရှင်ဘ၀မှလည်းကောင်းနောက်ဆုတ်သွားခဲ့သော်လည်း မိခင်အသင်းက သတင်းထုတ်ပြန်ခြင်းကိုမပြုခဲ့ဟုသိရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gtZDPu
 

Add new comment

20 + 0 =