Te Deum အစီအစဉ်သို့ ပုပ်ဖရန်စစ် တက်ရောက် သို့သော် ကြီးမှူးကျင်းပခြင်းမပြုဟုဆို

Te Deum အစီအစဉ်သို့ ပုပ်ဖရန်စစ် တက်ရောက် သို့သော် ကြီးမှူးကျင်းပခြင်းမပြုဟုဆို

Te Deum အစီအစဉ်သို့ ပုပ်ဖရန်စစ် တက်ရောက် သို့သော် ကြီးမှူးကျင်းပခြင်းမပြုဟုဆို

သောကြာနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် စိန့်ပီတာ ဘာစီလီကာ ကျောင်းတော်ကြီးတွင်ထုံးတမ်းစဉ်လာအတိုင်းပြုလုပ်သော ဘုရားရှင်အားချီးမွမ်းခြင်း နှစ်ပိတ်ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သော်လည်း လုပ်နေကျအတိုင်း အခမ်းအနားကို ကြီးမှုး၍မကျင်းပခဲ့ဟုဗာတီကန်က ဆိုသလို ဘာကြောင့် ပုပ်ရဟန်းမင်းကြီး မကျင်းပခဲ့ကြောင်းကိုတော့ ဗာတီကန်က အကြောင်းပြချက် မပေးခဲ့ပါဘူး။

အရင်နှစ်ကတော့ ပုပ်ဖရန်စစ် သည် တင်ပါးရိုး အာရုံကြော ကိုက်ခဲ့သည့် ဝေဒနာ ကြောင့် အခမ်းအနားအား မတက်ရောက်နိုင်ဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမည်ကို စိုးရိမ်သောကြောင့် နှစ်သစ်ကူးအကြို စိန့်ပီတာရင်ပြင်၌ ရှိသော သူငယ်တော်ယေဇူး မွေးဖွားရာ အိမ် ၊ သူငယ်တော်အိမ်သို့ အလည်အပတ်သွားခြင်းနှင့် ရိုးရာနှစ်ပိတ်ဆုတောင်းပွဲအခမ်းအနားသို့ ယခုနှစ်တွင် သွားရောက်လည်ပတ်ခြင်းအား ပုပ်ရဟန်းမင်းကြီးမှ ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း အဲန်စာသတင်းက ဆိုပါတယ်။

ဘာသာပြန်-RVA Myanmar
https://bit.ly/32Hay1q

Add new comment

3 + 2 =