Tate Myre  သည် ဘ၀တူကျောင်းသားများအားကယ်တင်ရင်း အသက်စွန့်သွားခဲ့သောသူရဲကောင်းဖြစ်သည်ဟုဆို

Tate Myre  သည် ဘ၀တူကျောင်းသားများအားကယ်တင်ရင်း အသက်စွန့်သွားခဲ့သောသူရဲကောင်းဖြစ်သည်ဟုဆို

Tate Myre  သည် ဘ၀တူကျောင်းသားများအားကယ်တင်ရင်း အသက်စွန့်သွားခဲ့သောသူရဲကောင်းဖြစ်သည်ဟုဆို

 

            ပြီးခဲ့သော အဂ်ါနေ့၊ မီချီကန်ပြည်နယ်၊ အောက်စဖိုဒ့်အထက်တန်းကျောင်း၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ရာ ထိုအခင်းဖြစ်နေစဉ် အသက် (၁၆) နှစ်အရွယ်ရှိ ကျောင်းသား Tate Myre သည်ပြေး၀င်သွားပြီး၊ သေနတ်သမား ၏လက်မှသေနတ်ကိုလုယူရန်ကြိုးစားရင်း သေနတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး နောက် ဆေးရုံသို့ပို့ဆောင်နေစဉ် လမ်းခုလပ်၌ဆုံးပါးသွားခဲ့သည်။

ထိုအခင်းဖြစ်ပွားချိန်တွင် လူတိုင်းဘေးကင်းရာဆီ သို့ပြေးရှောင်နေစဉ် သူသည် ဘေးရှိရာဆီသို့ပြေးသွားခဲ့သူဖြစ်ကြောင်း ၊ သူ၏သက်လုံကောင်းမှု၊  ကြံ့ခိုင်မှုသည် သူကြုံတွေ့ခဲ့ သောအတွေ့အကြုံမှ အလွယ်တကူထွက်ပြေးလွှတ်မြောက်နိုင်သော်လည်း သူသည် သူ၏အသက် လွတ်ရန်ထွက်ပြေးမည့်အစား အများ၏အသက်ကိုကယ်ရန် ၊ လုပ်သင့်သည်ကိုသိပြီး အခြေအနေကို၀င်ထိန်း ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ဟုသူ၏ဘောလုံးနှင့်နဘမ်းနည်းပြဖြစ်သော Ross Wingert ကပြောကြားခဲ့သည်။  

 

            အခြားသောကျောင်းသား (၃) ဉီး ဖြစ်သော Hana St. Juliana (၁၄) နှစ်၊ Madisyn Baldwin (၁၇) နှစ်နှင့် Justin Shilling (၁၇) တို့လည်းထိုလူအသိကင်းမဲ့ သောသတ်ဖြတ်မှု ၌အသက်ဆုံးရှုံးခဲ့ရသည်။ ထိုပြစ်မှုအတွက် အသက် (၁၅) နှစ်အရွယ်ရှိကောင်း လေးကိုသံသယ ရှိသူအဖြစ်ဖမ်းဆီးထားကြောင်း၊  ကျန် (၇) ဦးမှာပြင်းထန်စွာဒဏ်ရာရရှိထားပြီး၊ အ ကယ်၍ Myre သာအသေခံ၍မကာကွယ်ခဲ့ပါလျှင် ယခုထက်မကကျောင်းသား များအသက်ဆုံးရှုံးရဖွယ် ရှိသည်ဟုဆိုသည်။

 

Myre သည်ညီအစ်ကို (၃) ဦးအနက်အထွေးဆုံးဖြစ်သည်။ သူသည် ဘောလုံးအားကစားကို ရည်မှန်းချက်မြင့်မြင့်မား မားဖြင့်ကစားသူဖြစ်သည်။ မိမိ၏အသက်ကိုပင်မငဲ့ဘဲ အများ၏ အသက်ကိုကာကွယ်ပေးရန်အသေခံခဲ့သည့်အတွက် သူ၏သူငယ်ချင်းများက လက်မှတ်များကောက်ခံ၍ ၄င်းတို့၏အားကစားရုံကို Myre အားဂုဏ်ပြုသောအားဖြင့်သူ၏ အမည်ပြောင်းတပ်ပေး ရေးတောင်း ဆိုချက်ကိုလုပ်ဆောင်နေကြသည်။ သူသည် သူ၏ကျောင်းမှ ကျောင်းသားများအ တွက်သာ သူရဲကောင်းမဟုတ်။ ဤဂန္ဓ၀င်အဖြစ်အပျက်ဖြစ်မှ သူ၏ရဲရင့်ခြင်းကိုအစဉ်သတိရနေသင့်သည်။ နောက် မျိုးဆက်ကိုလည်း လက်ဆင့်ကမ်းသင့်သည်။ Myre သည် အသက်အန္တရာယ်ကျရောက်နေသော ကျောင်းသူ ကျောင်းသားများ၏အသက်ကိုကယ်တင်ရန်သူ့အသက်ကိုစတေးခဲ့သည်။ အဂ်ါနေ့မှစကောက်လိုက်သော ကျောင်း သားတို့၏လက်မှတ်များသည် ကြာသပတေးနေ့၌ (၁၄၆၀၀၀) ရှိနေပြီဖြစ်သည်ဟုဆိုသည်။

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်            

https://bit.ly/3pRBAef

Add new comment

5 + 0 =