Synod of Bishop အား မန္တလေးဂိုဏ်းချုပ်သာသနာအဆင့် မစ္ဆားနှင့်ဖွင့်လစ်

Synod of Bishop အား မန္တလေးဂိုဏ်းချုပ်သာသနာအဆင့် မစ္ဆားနှင့်ဖွင့်လစ်

Synod of Bishop အား မန္တလေးဂိုဏ်းချုပ်သာသနာအဆင့် မစ္ဆားနှင့်ဖွင့်လစ်

ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများရဲ့ ဓမ္မညီလာခံကြီးဖွင့်ပွဲကို ကမ္ဘာပါ်ရှိကက်သလစ်သာသနာနယ် အသီးသီး ၊ အောက်တိုဘာ ၁၇ ရက် တနင်္ဂနွေနေ့မှာ အတူတကွ ဖွင့်ပွဲကျင်းပသကဲ့သို့ မြန်မာပြည်သာသနာတခုလုံး နဲ့အတူ မန္တလေးကက်သလစ်ဂိုဏ်းချူပ်သာသနာမှာလည်း နံနက် ၈ နာရီ မစ္ဆားတော်ဖြင့် ဖွင့်ပွဲကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲသို့ ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်၀င်း၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များ နှင့် မန္တလေးမြို့ပေါ် စီရင်စု တိုင်းမှ ဖိတ်ကြားထားသော လူငယ်၊ လူကြီး ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။
မစ္ဆားအတွင်း ၎င်းရဲ့ ဩဝါဒမှာ ဂိုဏ်းချုပ်ဆရာတော်ကြီး မှ Synod ဆိုတဲ့စာလုဲးဟာ ဂရိဘာသာစကားက လာပြီး (sinoðos) လို့ခေါ်ကြောင်း၊ လာတင်းလို concilium လို့ခေါ်ကာ အင်္ဂလိပ်လို Council အစည်းအဝေး၊ ညီလာခံဆိုတဲ့ အဓိပ္ပာယ်ရကြောင်းဆိုရင်း Synod ရဲ့ စတင်ခဲ့ပုံနဲ့ ရည်ရွယ်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့်အချက်တွေကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ Synod နဲ့ပတ်သက်ပြီး ညွှန်ကြားချက်များအား ကိုးကားပြီး တရားပေးခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီး Pope Paul VI ကညီလာခံကို ၁၉၆၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း၊ အရင်က ညီလာခံကျင်းပချိန်ဟာ ၃ ပတ်လောက်သာ ကြာပေမဲ့ အခုတခါ ၃ နှစ်ကျင်းပလာကြောင်း၊ ဘယ်သူ့ကိုမှ ချန်မထားပဲ ပုပ်ရဟန်းမင်းကြီး၊ ဆရာတော်၊ ဘုန်းတော်ကြီး၊ သီလရှင်၊ ကိုရင်၊ ဘာသာ၀င် အားလုံးပါ၀င်ကြောင်း၊ မိသားစု လို အတူတကွ သွားခြင်းခရီးပြုခြင်းဖြစ်ကြောင်းဆိုပါတယ်။
"၃ နှစ်တာမှာ အစည်းအဝေးတေ လုပ်ကြရမယ် စာတမ်းတွေထုတ်ကြရမယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက် တကမ္ဘာလုံးက သာသနာစီရင်စုတိုင်း အတူပြုလုပ်ကြတယ်။ စာရွက်စာတမ်းထုတ်ဝေဘို့ပဲမဟုတ်ဘူး အတူတကွ ခရီးပြုခြင်းဖြစ်တယ်" လို့ အရှင်သူမြတ်ပုပ်ဖရန်စစ် ကဆို ကြောင်း ဆရာတော်ကြီးက မြွက်ကြားခဲပါတယ်။

"သာသနာပြုခြင်းကို ထိထိမိမိ ဉီးတည်နိုင်ဘို့ အားလုံးပါဝင်ကြရမှာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ကမှာကြားပါတယ်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားရဲ့ ရဲ့ ဉီးဆောင်မှုကို နားသွင်းကြဘို့လည်းဆိုပါတယ်။ လေတိုက်သံကိုကြားပေမဲ့ဘယ်ကလာသည်မသိ၊ ဝိညာဉ်တော်ရဲ့နှိုးဆော်မှုကို ကျွန်ုပ်တို့ခံယူရမှာပါ။ အပယ်ခံလို့ ခံယူသူတေကိုရှာဖွေကြပါ။ အများကောင်းကျိုးအတွက်လှပပီးနေချင့်စဖွယ် ဖြစ်တဲ့ကမ္ဘာမြေဖြစ်ဘို့ ကြိုးစားကြဘို့ ဘုန်ကြီး၊ သီလရှင် ဘာသာ ၀င် အားလုံးကို ပုပ်ဖရန်စစ်က တိုက်တွန်းပါတယ်။ ဘာသာမတူသူများနဲ့ ညီကိုမောင်နှမစိတ်ထားကာ၊ ဆွေးနွေးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ကြဘို့မှာကြားပါတယ်။ လူထုအသံကိုနားထောင်ဘို့ညွှန်ကြားချက်တွေကိုလဲ ပို့သွားမှာဖြစ်ကြောင်း ညီလာခံရဲ့ ကြွေးကြော်ချက်က အတူတကွ တလုံးတဝတည်းရှိရေး ၊ ပါ၀င်ကြခြင်း၊ သာသနာပြုကြဘို့ဖြစ်ပါတယ်။ ဘာသာပြုဘို့မဟုတ်ပါ။ သာသနာပြုရမှာဖြစ်ပါတယ်။ ဘေးလူတေဘာဖြစ်နေလဲနားထောင်ပေးဘို့ ပတ်၀န်းကျင်မှာဖြစ်ပျက်နေတာတွေကို စိတ်၀င်စားဘို့ ဘာသာရေးခေါင်းဆောင် ဆရာတော် ဘုန်းကြီး သီလရှင် ဘာသာ၀င်အားလုံးကို နှိုးဆော်ထားပါတယ်"

"ဧမောက်ခရီးမှာ သခင်ခရစ်တော်ဟာ တပည့်တော်တွေနဲ့အတူရှိသလို အတူတကွ ရှိကြရမှာ ဖြစ်တယ်။ ကျွန်ုပ်တို့ မန္တလေးသာသနာတော်ကြီးအတွက် အချိန်ကျပါပြီ။ တွေ့ဆုံမှုတိုင်းမှာပွင့်လင်းဘို့ သတ္တိရှိဘို့ ဆန္ဒရှိဘို့လိုအပ်ပါတယ်။ ဒုက္ခတွေနဲ့ ခံစားချက်တွေကို သခင်ယေဇူးက နားထောင်ပေးသလို ကျွန်ုပ်တို့အချင်းချင်းနားထောင်ပေးကြရမှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်း ကြီးရဲ့ညွှန်ကြားချက်တွေကို လိုက်နာလုပ်ဆောင်နိုင်ဘို့ နားထောင်ကြပါ။ နှလုံးသားနဲ့နားထောင်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့တွေ နားထောင်တတ်ရဲ့လား။ ယုံကြည်ခြင်း၌ခွန်အားယူပြီး စိတ်မပျက်ပဲ အတူတကွလျှောက်လှမ်းကြပါ။ ခေါက်ရိုးကျိုးနေတဲ့ပုံစံတွေနဲ့မဟုတ်တော့ပဲ နည်းလမ်းသစ်တွေနဲ့ ဆွေးနွေးဖလှယ်ပြီး ရှေ့ဆက်ကြပါစို့။ ကျေးဇူးတော်နဲ့ပြည့်၀တဲ့ ၀ိညာဉ်တော်မြတ်ဉီးဆောင်တဲ့ သာသနာတော်ဖြစ်ရေးကို ဉီးတည်ပါတယ်။ ကက်သလစ်ဆရာတော်ကြီးများရဲ့ (၁၆) ကြိမ်မြောက် သာသနာ့ညီလာခံကြီး အောင်မြင်ရေး ဆုတောင်းကြပါစို့။ အတူတကွကြိုးစားကြပါစို့လို့ တရားပေးရင်း ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်၀င်းက ၎င်းရဲ့ ဩဝါဒကို အဆုံးသတ်ခဲ့ပါတယ်။

မစ္ဆားတရားအပြီးမှာ တော့ ဆရာတော်ဘုရားထံမှ ဖယောင်းတိုင်မီး လက်ဆင့်ကမ်းပွားယူကာ စေလွှတ်ခြင်းအစီအစဉ်နဲ့ နောက်ဆုံးအပိတ်သီချင်းဆိုပြီး ကိုယ်စားလှယ်တော်များနဲ့ ဆရာတော်ဘုရားက စီတန်းထွက်ကြွကာ မစ္ဆားတရားကို နိဂုံးချုပ်ရင်း မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအဆင့် ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများရဲ့ ညီလာခံဖွင့်ပွဲ ဟာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ ......... စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

#SynodofBishops #ArchdioceseofMandalay #Myanmar #EucharisticCelebration

Add new comment

2 + 7 =