St. John Mary Vianney ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်ကို ယခုနှစ်တွင် တောင်ကြီးမြို့ရှိ စိန့်ထရေဇား ရဟန်းဖြစ်သင်ကျောင်းတွင် ယာယီပြန်လည်ဖွင့်လှစ်

St. John Mary Vianney ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်ကို ယခုနှစ်တွင် တောင်ကြီးမြို့ရှိ စိန့်ထရေဇား ရဟန်းဖြစ်သင်ကျောင်းတွင် ယာယီပြန်လည်ဖွင့်လှစ်

လွိုင်ကော်မြို့၌ဖွင့်လှစ်ခဲ့သော St. John Mary Vianney ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်ကို ယခုနှစ်တွင် တောင်ကြီးမြို့ရှိ စိန့်ထရေဇား ရဟန်းဖြစ်သင်ကျောင်းတွင် ယာယီပြန်လည်ဖွင့်လှစ်

2.6.2022 (RVA Myanmar)

အကြောင်းအမျိုးမျိုးကြောင့် လွိုင်ကော်မြို့ ၌ဖွင့်လှစ်ခဲ့သော St. John Mary Vianney ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ ယခုနှစ် တွင် တောင်ကြီးမြို့ရှိ စိန့်ထရေဇား ရဟန်းဖြစ်သင်ကျောင်း၌ ယာယီပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

၂-၆-၂၀၂၂ ညနေ ၆:၃၀ နာရီက တောင်ကြီးဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျို အားသိုက်နှင့်တကွ တောင်ငူဆရာတော်ကြီး အိုက်ဇက်ဓါနု၊ လွိုင်ကော်သာသနာ Administrator မွန်ဆီညော် Celso ဘရွှေ၊ ကျိုင်းတုံသာသနာ Administrator Rev. Fr. Peter Anwe, အထူးဧည့်သည်တော် ပုသိမ်သာသနာ Administrator Rev. Fr. Henry Eiklein တို့ကြွရောက်ခဲ့ကြပြီး ပညာသင်ကြားနေသော ကိုရင်များကို အားပေးစကားများ ‌ပြောကြားခဲ့ပါသည်။

ယခုလက်ရှိ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် တောင်ကြီးသာသနာမှ ကိုရင် ၂ ပါး၊ တောင်ငူသာသနာမှ ကိုရင် ၂ပါး၊ ဖယ်ခုံသာသနာမှ ကိုရင် ၂ပါး၊ လွိင်ကော်သာသနာမှ ကိုရင် ၁၀ပါး၊ ကျိုင်းတုံသာသနာမှ ကိုရင် ၉ပါး နှင့် MF ဂိုဏ်းမှ ကိုရင် ၂ပါး၊ စုစုပေါင်းကိုရင် ၂၇ ပါးတို့သည် Theology ပညာရပ်ကို သင်ကြားလျက်ရှိ နေသည်ဟုသိရပါသည်။

ရဟန်းဖြစ်သင်ကျောင်းကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အပေါ် ရဟန်းတစ်ပါး၏ အမြင်ကို RVA က မေးမြန်းကြည့်ရာ တောင်ကြီးသာသနာမှ Fr. Sabino က

“ ဘုရားရဲ့ကျေးဇူးတော်ပေါ့။မဖွင့်နိုင်ခဲ့ရင် ရဟန်းတော်တွေလည်းထွက်မလာနိုင်တော့ဘူးပေါ့ ။ “ ဟု Fr. Sabino က RVA ကိုပြောပြခဲ့ပါသည်။

‘’၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအုပ်ဘုန်းတော်ကြီးသည် ဖယ်ခုံသာသနာမှ Rev. Fr. Augustine Ko,MA ဖြစ်ပြီး၊ စာချရဟန်းတော်ပေါင်း (၂၂)ပါးခန့် ရှိသည်ဟုသိရသည်။

မြန်မာနိုင်ငံတွင်ကိုဗစ်(၁၉)ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ရာမှ စတင်၍ ရဟန်းဖြစ်သင်ကျောင်းကို နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင် လွိုင်ကော်မှ တောင်ကြီးသို့ နေရာပြောင်း၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်းဖြစ်ပါသည်။

News by Pinky

Photo credit: Fr. Sabino

ကိုရင်များအတွက်နှင့်လူငယ်များ ခေါ်တော်မူခြင်း ဆက်လက်ရရှိနိုင်ဖို့ရန်အတွက် ဆုတောင်းမေတ္တာအလှူခံအပ်ပါသည်။

#rvamyanmar #rvapastoralcare #Localchurchnews

Add new comment

11 + 7 =