Sr. Elizabeth Su Su Htwe,SFX ၏ရာသက်ပန် သစ္စာပြုခြင်း အတွက် ဆင်ဖြူရွာတွင် ကျင်းပသော ဂုဏ်ပြုပွဲမန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်း၏သ​ြ၀ါဒ

Sr. Elizabeth Su Su Htwe,SFX ၏ရာသက်ပန် သစ္စာပြုခြင်း အတွက် ဆင်ဖြူရွာတွင် ကျင်းပသော ဂုဏ်ပြုပွဲမန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်း၏သ​ြ၀ါဒ
တပိုတွဲလပြည့်ကျော် ၁၁ ရက်
ဖေဖော်ဝါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့

ဘုရားရှင်အလိုတော်ရှိရာကို သီလရှင်ဘဝ ဆက်ကပ်ခြင်းဖြင့် စစ္စတာရ်ဟာ လိုက်လျှောက်ခဲ့တယ်။ အခြေအနေမျိုးစုံကို ၆ နှစ်တာ ကြုံခဲ့ရပြီးဖြစ်တယ်။ ဒါတွေကို Sr က မြည်းစမ်း ပြီးပြီဖြစ်တယ်။ ၀တ်ပြုရာကျမ်း ၂၅ မှာ နှစ်ပတ်လည် ပဲဖြစ်ဖြစ် ဂျူဗလီပဲဖြစ်ဖြစ် ကျင်းပတဲ့အခါ ကြည့်ရမဲ့ အချက် ၂ ချက်ပဲရှိတယ် ဒါကတော့ အနောက် နဲ့ အရှေ့ကို ကြည့်ခြင်းပဲဖြစ် ပါတယ်။ အနောက်ကိုပြန်ကြည့်လိုက်ရင် ကျေးဇူးတင်ခြင်းတွေ ရှိသလို မပြည့်စုံခြင်းတွေအတွက်လည်း တောင်းပန်ကြရမှာ ဖြစ်တယ်။ သီလရှင်၀ါတော် ၆ ၀ါအတွက် အခုလိုမစ္ဆားတရားတော်နဲ့ ဘုရားကို ကျေးဇူးဆပ်ခြင်းဟာ မှန်ကန်တဲ့ ကျေးဇူးဆပ်တင်ခြင်းဖြစ်ပါတယ်။ ၆ နှစ်တာ အတွက်ဘုရားပေးတဲ့ ကျေးဇူးတွေ အတွက် ကျေးဇူးတင်ချီးမွမ်းရပါမယ်။ ငါသည်ဘုရားသခင်၏ သနားဂရုဏာတော်ကို ခံးရသူဖြစ်ပါ၏ လို့ သံပေါလူးဆိုသလို ခရစ်တော်ရဲ့ သနားခြင်းကြောင့်သာလျင် Sr ဆက်ကပ်နိုင်တာဖြစ်တယ်။
လိပ်ပြာလေးတွေ ဟာ တနေရာထဲမှာ နားမနေတတ်တဲ့ အကြောင်းကို Sr သတိချပ်ပါ။ သင့်ဘ၀လည်း လိပ်ပြာလေးတွေလိုဖြစ်ပါစေ။ ပန်းလေးတွေ၀တ်မှုံကူးနိုင်ဘို့ အတွက် လိပ်ပြာလေးတွေက ပျံသန်းသွားလာ အလုပ်လုပ်နေတယ်။
ဧဝံဂေလိ ကျမ်းချက်ထဲက ဒင်နာရီ ပြားတွေ ခွဲတဲ့ ပုံပမာကိုကြည့်ပါ။ သာဓု သစ္စာရှိသော ငယ်သားကောင်း ဘယ်နေရာ ဘယ်အခြေအနေမှာပဲ တာ၀န်ထမ်းဆောင်ပါစေ ကြီးသည်ငယ်သည်မရှိ ရှိတဲ့နေရာမှာ အကောင်းဆုံးလုပ်တာ အစွမ်းရှိသမျှပေးဆပ်တဲ့ သူတွေကိုသာဓု သစ္စာရှိသောငယ်သားကောင်းခေါ်ခံရတာဖြစ်တယ်။ ရောက်ရာ ကျရာနေရာမှာ ကိုယ့်တာ၀န်လေးပဲလုပ်တဲ့ တဒါလင် စာလေးပဲတာ၀န်ကျေလေးပဲလုပ်တဲ့သူ မဖြစ်ဘို့ ကြိုးစားကြရအောင်။ သေးငယ်တဲ့အမှု၌ သစ္စာရှိသော သူများဖြစ်ကြစို့ သာဓုဆိုတဲ့ အသံလေးတွေကြားဘို့ တာ၀န်​ကျေတာထက် ပိုတာကိုလုပ်ကြရအောင်။ Be on move! အမြဲလှုပ်ရှားပြီး နေပါ။ တနေရာထဲတွယ်ကပ်မနေပါနဲ့။ ရေနက်ရာသို့ရွှေ့ပါ။

News: Sr.Lucia Thandar Aung, SJA
Photo: Pinky

Add new comment

1 + 1 =