Society of St.Paul အသင်းဂိုဏ်း​၏ ဦးဆောင်အဖွဲ့တွင် အာရှနိုင်ငံသား ၂ ဦးရွေးချယ်ခံရ

Society of St.Paul အသင်းဂိုဏ်း​၏ ဦးဆောင်အဖွဲ့တွင် အာရှနိုင်ငံသား ၂ ဦးရွေးချယ်ခံရ

Society of St.Paul အသင်းဂိုဏ်း​၏ ဦးဆောင်အဖွဲ့တွင် အာရှနိုင်ငံသား ၂ ဦးရွေးချယ်ခံရ

သူတော်စင် James Alberione က အီတလီ နိုင်ငံတွင် ထူထောင်ခဲ့သည့် ကမ္ဘာတဝှမ်းမှ Society of St.Paul အသင်းဂိုဏ်း​၏ ခေါင်းဆောင်မှု အဖွဲ့ အသစ်ကိုရွေးချယ်ခဲ့ပြီး ၎င်းတို့အနက် အာရှမှ ကက်သလစ်ရဟန်းတော် နှစ်ပါး ပါဝင်ခဲ့သည်။

St.Paul အသင်းဂိုဏ်းဝင်များသည် လူထုဆက်သွယ်ရေးကွန်ယက်များအားဖြင့် ခရစ်တော်ကို ကြေငြာဝေမျှရန် သံဓိဌာန်ချ ထားသူများဖြစ်သည်။

အီတလီနိုင်ငံ Ariccia တွင် အသင်းဂိုဏ်း​၏ ၁၁ ကြိမ်မြောက် အထွေထွေအစည်းဝေးကျင်းပခဲ့ပြီး ထူထောင်သူနှင့်အသင်းဂိုဏ်း​၏ ပထမဦးဆုံးသော အကြီးကဲဖြစ်သည့် သူတော်စင် Alberione ​၏ အရိုက်အရာကို ဆက်ခံရန် ၈ ကြိမ်မြောက် အကြီးအကဲအဖြစ် သက်တော် ၅၆ နှစ်အရွယ် Fr. Domenico Soliman ကို ဇွန်လ ၅ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့သည်။

Father Soliman ကို အီတလီနိုင်ငံ , ဗန်ချင်းဇာမြို့တွင် ၁၉၆၆ ခုနှစ် ဇွန်လ ၂ ရက်တွင်ဖွားမြင်ခဲ့သည်။ Vincenza ရှိ The Society Of St.Paul အသင်းဂိုဏ်းသို ၁၁ နှစ်အရွယ် ငယ်စဉ်ကပင် ၁၉၇၇ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့သည်ဟုဆိုသည်။

၁၉၈၆ ခု စက်တင်ဘာလ ၈ ရက်တွင် Albano Laziale အသင်းဖွဲ့တွင် ပထမသစ္စာခံယူ ခဲ့ပြီး နောက်ဆုံးသစ္စာကိုမူ ၁၉၉၂ စက်တာဘာ ၇ ရက် နေ့ တွင် ရောမ၌ခံယူခဲ့သည်။ ၁၉၉၅ ခုနှစ် စက်တင်ဘာ ၃၀ တွင် ဗန်ချင်းဇာ ၌ ရဟန်းသိက္ခာကို ခံယူ ခဲ့သည်။

Father သည် ၂၀၁၈ ခုနှစ် အသင်းဂိုဏ်း​၏ အထွေထွေ အတွင်းရေးမှုးတာဝန်ထမ်းဆောင်နေစဉ် သူတော်စင်အသင်းဂိုဏ်း ၅ ခုပါဝင်သည့် Pauline Family ​၏ အကြီးကဲမှူးအဖြစ်လည်း ပူးတွဲ လုပ်ဆောင်ခဲ့သည်။

Pauline family တွင် အိန္ဒိယ နိုင်ငံရှိ Society Of St.Paul, Daughters Of St.Paul နှင့် Sisters Disciples Of the Divine Master တို့ပါဝင်ပြီး သူတော်စင် Alberione ထူထောင်ခဲ့သည့် အတူဆက်သွယ်လုပ်ကိုင်သော အဖွဲ့စည်း ၅ ခုတို့ပါဝင်သည်။

ဇွန်လ ၁၆ ရက်တွင် အထွေထွေအစည်းဝေးမှ အောက်ဖော်ပြပါ ပေါ်လင်းသား များကို အထွေထွေ အကြံပေးပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့သည်။

လက်ရှိတွင် ရောမ ရှိ ပေါ်လင်းဝိဉာဏ်ရေးဆိုင်ရာ စင်တာ​၏ ဒါရိုက်တာဖြစ်သူ Fr.Boguslaw Zeman (Poland )၊ မွန်ဘိုင်းမြို့ Better Yourself အယ်ဒီတာ Fr.Johnson Vattakunnel (India)၊ Fr.Valdecir Uveda ( Brazil) ၊ Brother Lorenzo Vezzani ( Italy)၊ Fr. Joven Lagdamen ( Phillipines) နှင့် Fr.Jose Antonio Pimienta ( Mexico) တို့ဖြစ်ကြသည်။

The Society of St.Paul အသင်းဂိုဏ် ထူထောင်သူ​၏ ရည်ရွယ်ချက်မှာ တူညီသော အသုံးခံအရာများကို အသုံးပြုလျက် သမ္မာတရား တော်မြတ်ကို မြှင့်တင်ရန်ဖြစ်ပြီး ထိုသို့လုပ်ဆောင် ရာတွင် တွဲဘက်အမျိူးသမီးအသင်းဂိုဏ်း ၃ ခု ပါဝင်လုပ် ဆောင်ရန်ဖြစ်သည်။

Fr. Alberino ထူထောင်ခဲ့သည့် တတိယအဆင့်ရှိ သူတော်စင်ဂိုဏ်းမှာ Sisters Disciples of the Divine Master ဖြစ်ပြီး ၁၉၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင်ထူထောင်ခဲ့သည်။ ရည်မှန်းချက်မှာ လူသားအားလုံးအတွက် အထူးသဖြင့် လူထုဆက်သွယ်ရေးကွန်ယက်များကို သုံးလျက် တမာန်တော်လုပ်ငန်းများလုပ် ဆောင်လျက်ရှိသည့် ညီအကို မောင်နှမများအတွက် ကိုယ်တော်မြတ်ကျောင်း ဆောင် ရှေ့၌ ကြားဝင်ဆုတောင်းပေးရန်ဖြစ်သည်။

ဤပေါ်လီနားမိသားစုဝင်( Pauline Family) သူတော်စင်အသင်းဂိုဏ်း၃ ခုကို အိန္ဒိယနိုင်ငံအပြင် အခြားအာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ တိုင်ဝမ်၊ ပါကစ္စတန် နှင့် ထိုင်းနိုင်ငံတို့တွင် ထူထောင်ထားသည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3AjjtVc

Add new comment

2 + 15 =