Slovakia နိုင်ငံမှ လူငယ်လေးများက အိမ်မှပြုလုပ်လာတဲ့ ပေါင်မုန့်ကို ပုပ်ဖရန်စစ်အား လက်ဆောင်ဆက်သ

Slovakia နိုင်ငံမှ လူငယ်လေးများက အိမ်မှပြုလုပ်လာတဲ့ ပေါင်မုန့်ကို ပုပ်ဖရန်စစ်အား လက်ဆောင်ဆက်သ

Slovakia နိုင်ငံမှ လူငယ်လေးများက အိမ်မှပြုလုပ်လာတဲ့ ပေါင်မုန့်ကို ပုပ်ဖရန်စစ်အား လက်ဆောင်ဆက်သ

Slovakia (ဆလိုဗက်ကီးယား) နိုင်ငံမှ အရမ်းကို တက်ကြွတဲ့
ကက်သလစ်လူငယ်အဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာလမှာ သူတို့နိုင်ငံ၌ သုံးရက်ကြာ သတင်းသုံးကာ အလည်အပတ်ကြွရောက်ခဲ့တဲြ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ထံ ပြန်လည်ရောက်ရှိတွေ့ဆုံကြရန် ရောမမြို့သို့ သွားရောက်ခဲ့ကြပါတယ်။

"ကျွန်တော်တို့က Slovakia ကပါ။ ပြီးတော့ ရောမကို လာပြီး ပုပ်ရဟန်းမင်းကြီးကို တွေ့ချင်နေတာပါ။ အဲဒါက အရမ်းခမ်းနားလှပတယ်လို့ ထင်ရတဲ့ ဒီယဉ်ကျေးမှုကို ပုပ်ရဟန်းမင်း ကြီးကို မြင် စေချင်တာပါ" ဆိုပြီး လူငယ်အဖွဲ့ထဲက Palo နဲ့ Anezka က ဆိုပါတယ်။

လူငယ်လေးတွေက အထွေထွေ လူထု ပရိတ်သတ် တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြပြီး ပုပ်ရဟန်းမင်းကြီးအား အိမ်လုပ်မုန့်များ ပေးအပ်ကာ သူတို့၏နိုင်ငံသို့ လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခွင့်ရခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးကိုလည်း သူတို့ရဲ့ ရွာငယ်လေးကနေ လူငယ်တစ်ဦးရဲ့ အဖွားကိုယ်တိုင်ပြုလုပ်ထားတဲ့ အိမ်လုပ်မုန့် ပေါင်မုန့်ကိုလည်း လက်ဆောင်ပေးခွင့်ရခဲ့ကြောင်း အဲ့ဒီပေါင်မုန့်ဟာ Slovakia နိုင်ငံ ရဲ့သင်္ကေတ တစ်ခုဖြစ်ပြီး ပုပ်ရဟန်းမင်း ကြီးလည်း သဘောကျကာ ခဏအချိန်ပေးပြီး စကားပြောပေးခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း လူငယ်တွေက ဆိုပါတယ်။

သူတို့ရဲ့ ရိုးရာ ရှပ်အင်္ကျီကိုလည်း ပေးအပ်ခဲ့ပြီး Slovakia နိုင်ငံဟာ ကြွယ်ဝတဲ့ ဓလေ့ရိုးရာယဉ် ကျေးမှု ရှိပြီး မြို့တစ်ခုစီတွင် ထူး ခြားသော ရိုးရာဓလေ့များ စုစည်းမှုများ ရှိကြောင်း

ဒီလူငယ်များဟာ သူတို့ရဲ့ ရိုးရာများကို ဂုဏ်ယူကြပြီး ပုပ်ရဟန်း မင်းကြီး ဖရန်စစ်မှ စတင်ပြီးတော့ သူတို့ရဲ့ ရိုးရာကို ကမ္ဘာကို မျှဝေလိုစိတ်ပြင်းပြကြတဲ့ လူငယ်လေးတွေ ဖြစ်ကြပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/34nfUzL

Add new comment

5 + 5 =