Sister စီမံကိန်း " အစီအစဉ် မှ အောင်မြင်မှုများစွာဖော်ဆောင်နိုင်ခဲ့

Sister စီမံကိန်း " အစီအစဉ် မှ အောင်မြင်မှုများစွာဖော်ဆောင်နိုင်ခဲ့

Sister စီမံကိန်း " အစီအစဉ် မှ အောင်မြင်မှုများစွာဖော်ဆောင်နိုင်ခဲ့

 

Davos မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် "Sister စီမံကိန်းပရောဂျက်" မှ အသင်းဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ပြီး လူအခွင့်ရေးလှုပ်ရှားသူများ , စီးပွားရေးသမားများ နှင့် အပြန်အလှန်ငြင်းခုံ ဆွေးနွေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ သီလရှင်ဂိုဏ်းများ​၏ အကြီးအကဲများအဖွဲ့ UISG မှ Sr .Patricia ရဲ့ တင်ပြချက်မှာ - ကမ္ဘာကြီးဟာ သတ္တိနှင့်ပြည့်စုံသည့် ခေါင်းဆောင်များ (အမျိူးသမီးများအပါအဝင်) လိုအပ်နေကြောင်း ပင်ဖြစ်သည်။

ကျွန်ုပ်တို့ သူတော်စင်ဂိုဏ်းဝင် အမျိူးသမီးများသည် လူထု အထူးသဖြင့်လူ့အပါယ်ခံများနှင့် အနီးကပ်ထိတွေ့ လုပ်ကိုင်နေကြကြောင်း Sr.Patricia Murray မှ Davos မြို့ လူထုပရိတ်သတ် စကားရည်လုပွဲတွင် ပြောကြားခဲ့သည်။ "Goal 17" စင်တာတွင် သူမသည် ဂူဂဲလ်နှင့်ယူနီလိဗား ကဲ့သိုသော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အမျိူးသမီး သီလရှင်များ အနေနှင့် လူ့အသိုင်းအဝိုင်း က တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် နက်နက်ရှိုင်းရှိုင်း ပါတ်သက် ဆက်နွယ်နေကြောင်း တင်ပြခဲ့သည်။

ထိုပြသနာများမှာ ကျန်းမာရေး, ပညာရေး, ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို ထောက်ပံ့ရေး နှင့် လူကုန်ကူးခံရသည့် ဓါးစာခံများ ကို ဂရုပြုစောင့်ရှောက်ရေး တို့ပင်ဖြစ်သည်။လစ်လျူရှု့ခံရသူများ နှင် အမေ့ခံများအတွက် ဒေသအဆင့်,နိုင်ငံတော်အဆင့်နှင့် အပြည်ပြည်ဆိုင်ရာ အဆင့်တို့တွင် တည်ဆောက်ပုံကို ပြောင်းလည်းရန် ရှာဖွေ မျှော်လင့်ကြောင်း Sr.Patricia မှ ပြောကြားခဲ့သည်။

 

ကျွန်ုပ်တို့ ယုံကြည်ခြင်း မှ ဆွဲဆောင်ခေါ်ယူမှု

အိန္ဒိယနိုင်ငံမှ သီလရှင် Sr.Mary John ကလည်း Sr.Murray ကို ထောက်ခံခဲ့ပြီး သတ္တိရှိသည့် ခေါင်းဆောင်များ အနေနှင့် ပြတ်သားသည့် ရည်ရွယ်ချက်နှင့် မျှော်မှန်းချက် ရှိသင့်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ထိုအရာသည် အခြားသူများ ကောင်းကျိူးအတွက် မိမိတို့ ဘဝကို ဆပ်ကပ်ထားသည့် သီလရှင်များ​၏ ယုံကြည်ချက်မှ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။

အောင်မြင်မှု အခိုင်အမာရရှိခဲ့သည့် စီမံကိန်းလုပ်ဆောင်ချက်များကို လူထုပရိသတ်သို့ သူမက Davos ထိပ်သီးညီလာခံတွင် တင်ပြခဲ့ပြီး သေးငယ်သည့် လုပ်ဆောင်ချက်များပင် ဖြစ်သော်လည်း ကြီးမားသည့် သက်ရောက်မှု ရှိပါကြောင်း ထောက်ပြခဲ့သည်။ လတ်တလောတွင်မူ သူတို့သည် ယူကရိန်းမှ အမျိူးသမီးများ အရေးကို အဓိက အာရုံစူးစိုက်ထားပါကြောင်း တင်ပြခဲ့သည်။သိက္ခာနှင့်ပြည့်စုံသည့် လူ့ဘဝကို အပြည့်အဝ အာမခံပေးခြင်း ကျွန်ုပ်တို့​၏ သမ္မာကျမ်းစာတော်မြတ်​အရ မျှော်မှန်းချက်မှာ လူသားအားလုံး လူ့ဂုဏ်သိက္ခာနှင့်အညီ ပြည့်ဝစွာ ရှင်သန်နေထိုင်ခွင့်ရသည့် အခြေနေများ ဖန်တီးပေးရန်ပင် ဖြစ်ဟု "Sister Project" စီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေသည့် Sr.Ruth Pilar del Mora က Davos တွင် ပြောကြားခဲ့သည်။

အမျိူးသမီး သူတော်စင်ဂိုဏ်းဝင်များအနေနှင့် မည်သူတဦးတယောက်ကို မှ ဘေးဖယ်ထား ခြင်း မရှိပဲ ၊ပဋိပက္ခ နှင့် အကြမ်းဖက်မှုများ ဖြစ်ပွားသည့် အခါတိုင်း ကျောခိုင်းသွားခြင်းမရှိပါကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ဥပမာအားဖြင့် : မြန်မာစစ်တပ်​၏ ရှေ့မှောက်တွင် ဒူးထောက်တောင်းပန်ခဲ့သည့် Sr. Ann Rose Nu Tawng ၊ ဆေးဝါး, ဓါတ်ဆီနှင့် လျှပ်စစ်မီး ပြတ်တောက်မှု တို့အတွက် ဆန့်ကျင် ဆန္ဒပြသည့် လူများကို ကာကွယ် ပေးသည့် သီရိလင်္ကာမှ သီလရှင်များ ၊ Chad တွင် ၅နှစ်တာ အဖမ်းခံရပြီး လွတ်မြောက်လာသည့် ကိုလမ်ဘီယာ သီလရှင် Gloria Cecilia Navarez တို့ကို ထုတ်ဖော် ထောက်ပြခဲ့သည်။ ထိုသူတို့သည် တိတ်ဆိတ် လျှို့ဝှက်စွာ နေထိုင်နေကြ သော်လည်း သူတို့​၏ သတ္တိ ရှိသော ခေါင်းဆောင်မှု များသည် မယုံကြည်နိုင်လောက်သည့် စံပြ ဥပမာများပင်ဖြစ်သည်ဟုဆိုသည်။

 

အဆုံးသတ် စည်းဝေး ပြောကြားချက်ကတော့ " သတ္တိရှိသည့် ခေါင်းဆောင် ကောင်းတဦး အနေနှင့် လူသားဆန်မှု , အသစ်အဆန်းများအပေါ် ပွင့်လင်းသည့် အမြင်, သစ်ဆန်းသည့်အစပြုမှုများနှင့် ကျရှုံးမှုကို ရင်ဆိုင်လက်ခံနိုင်ရန် လိုအပ်မှု တို့ပင်ဖြစ်ကြောင်း Sr.Murray မှ ဆွေးနွေးတင်ပြခဲ့သည်။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3xa3FSH

 

Add new comment

2 + 6 =