RVA ၀န်ထမ်းတစ်ဦးသည် “Radio Star ၂၀၂၁” စီစစ်ရွေးချယ်ရေးအတွက် ဒိုင်အဖြစ်ရွေးခံရ

RVA ၀န်ထမ်းတစ်ဦးသည် “Radio Star ၂၀၂၁” စီစစ်ရွေးချယ်ရေးအတွက် ဒိုင်အဖြစ်ရွေးခံရ

RVA ၀န်ထမ်းတစ်ဦးသည် “Radio Star ၂၀၂၁” စီစစ်ရွေးချယ်ရေးအတွက် ဒိုင်အဖြစ်ရွေးခံရ

          RVA (Radio Veritas Asia) အာရှသမ္မာတရားအသံလွှင့်ဌာန၏၀န်ထမ်းတစ်ဦးကို  (၂၀၂၁) ခုနှစ်၏ ‘ထင်ရှားကျော်ကြား သောရေဒီယိုသမား’ (RadioStar) များရွေးချယ်ရန်အတွက် အာရှဒိုင်များထဲမှ တစ်ဉီးအဖြစ်ရွေးချယ်ခံခဲ့သည်။ သူမကတော့  RVA အစီအစဉ်ပိုင်းဆိုင်ရာ လက်ထောက် ညွှန်ကြားသူ Arlene A. Donarber ဖြစ်ပါသည်။

သူမသည် အရှေ့အလယ်ပိုင်းကိုယ်စားပြုကျွမ်းကျင်ပညာရှင် (၁၀) ဦးအနက် တစ်ဦးဖြစ်သည်။ Radio Star ၏ရည်ရွယ်ချက်မှာ ရေဒီယိုအသံလှိုင်းဖြင့် ကမ္ဘာတစ်လွှားမှနားသောတဆင်နေသူများ နှင့်ချိပ်ဆက်လုပ်ဆောင်မည့်သူများ၏ အရည်အသွေးကိုမြှင့်တင်ပေးရန်ဖြစ်သည်။

Donarber သည် ဖိလစ်ပိုင်နိုင်ငံ၌ အခြေစိုက်သော RVA ကိုကိုယ်စားပြုသည်။ သူသည် ဤဆုချီးမြှင့်နိုင်ရေးအတွက် စီစစ်ရသော ဒိုင် (၁၀၀) ဦးအနက် တစ်ဦးဖြစ်သည်။ ထိုဒိုင်များမှာ   Australia, Canada, India, Europe, UK, New Zealand, Africa, Asia, USA and South America နိုင်ငံတို့မှဖြစ်ကြသည်။ ဤဒိုင် များကိုယ်တိုင်သည် လည်း ရေဒီယိုအသံလွှင့်ခြင်းကို နှံ့စပ်ကျွမ်း ကျင်သူ ဖြစ်ရမည်။ ပရိုဂရမ်ဒါရိုက်တာ၊ လက်ထောက်ပရိုဂရမ်ဒါရိုက်တာ၊ အကြောင်းအရာစီစစ်သည့်ဒါရိုက်တာ၊ အကူအညီ ပေးဖူးသောအတွေ့အကြုံရှိရမည်ဖြစ်သည်။

 (၂၀၂၁) ခုနှစ်အတွက် နောက်ဆုံးဇကာစာရင်း၀င်ခဲ့သူများ မှာ  Vanessa Murphy (Canada), Lizzie Romain (UK), Dylan McKee (Northern Island), Rosa Serret (UK) and Sean Carey (Ireland) တို့ဖြစ်ကြသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်  

https://bit.ly/3FGuYFO

Add new comment

2 + 6 =