RVA ၏ ဇိုအစီအစဉ်အတွက် ဒါရိုက်တာအသစ်ခန့်အပ်

RVA ၏ ဇိုအစီအစဉ်အတွက် ဒါရိုက်တာအသစ်ခန့်အပ်

RVA ၏ ဇိုအစီအစဉ်အတွက် ဒါရိုက်တာအသစ်ခန့်အပ်

          အာရှသမ္မာတရားအသံလွှင့်ဌာန ၊ ဇိုအစီအစဉ်အတွက် တာ၀န်ခံထုတ်လွှင့်လာခဲ့သော ဖာသာရ် Mark Aimeng အစား ဖာသာရ် Athanasius Mung က ဆက်လက်တာ၀န်ယူညွှန်ကြားထုတ်လွှင့် သွားမည်ဖြစ်သည်။

တာ၀န်အပြောင်းအလွဲကို ဖေဖော်၀ါရီလ (၁၀) ရက်နေ့က ပြုလုပ်ခဲ့သည်။ ဇိုမီးချင်းအစီအစဉ်ဟုလည်းသိထားသောဤအစီအစဉ်ကို ထုတ်လွှင့်ခဲ့သည်မှာ (၉၊ ဩဂုတ်လ၊ ၂၀၂၁) ခုနှစ်က (၂၅) နှစ်တင်းတင်းပြည့်ခဲ့ပြီးဖြစ်ပါသည်။ ကပ်ရောဂါဆိုးကြောင့် အဆိုပါ (၂၅) ပြည့်နှစ်ပတ်လည်ပွဲကိုလည်း (၇၊ နိုင်၀င် ဘာလ၊ ၂၀၂၁) မှသာ အကျဉ်းချုံး၍ကျင်းပနိုင်ခဲ့သည်။ ၀တ်ပြုဆုတောင်းခြင်းကို Imphal ၏ဂိုဏ်းချုပ်ဆရာတော် Dominic Lumon က ဦးဆောင်၍ ကျေးဇူးတင်  မစ္ဆားတရားကို ပူဇော်ခဲ့သည်။ ကျေးဇူးတင်မစ္ဆားကိုအိန္ဒိယနိုင်ငံ၊ Manipur ပြည်နယ်၊ Sugnu၊ စိန့်ဂျိုးဇက်သာသနာအုပ်စုတွင်ကျင်းပခဲ့သည်။   

            RVA ဇိုမီးအစီအစဉ်မှ Churachandpur နှင့် Chandel ခရိုင်တို့ရှိ ဇိုမီးအဖွဲ့အစည်းများနှင့်မြန်မာနိုင်ငံ မြောက်ပိုင်းနှင့်ပြန့်ကြဲနေ သောဇိုမီးမျိုးနွယ်၀င် တို့အား အကူအညီများပေးအပ်နိုင်ခဲ့သည်။ အစီအစဉ်အား နားဆင်သောဓမ္မမိတ်ဆွေများ တိုးပွားလာနေသော ကြောင့် ယခုကဲ့သို့ လွဲပြောင်းပေးအပ်ရန်အလွန်သင့်လျှော်ကြောင်း၊ ယခင်အမှုထမ်းခဲ့သော ဘုန်းတော်ကြီးလည်းနည်းပညာကိုဖောက် ထွင်းလျှောက်လှမ်းခဲ့ကြောင်း သို့သော် လက်ရှိတာ၀န်ခံအသစ်အနေဖြင့် ဇိုအစီအစဉ်အတွက် နည်းပညာပိုင်းကျွမ်းကျင်ပိုင် နိုင်သော ၀န်ထမ်း (၄) ဦးကို ထပ်မံခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ဖာသာရ် Mark သည် ဇိုမီးအစီအစဉ်၏ ဒါရိုက်တာအဖြစ်ထမ်းဆောင်မည်ဖြစ်သကဲ့ သို့ သူ၏မိခင်ဂိုဏ်းချုပ်သာသနာ၌လည်း လူထုဆက်သွယ်ရေးကော်မရှင်၏တာ၀န်ခံအဖြစ်လည်း ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း နှင့် Manipur အွန်လိုင်းကက်သလစ်မဂ္ဂဇင်းကိုလည်းဆက်လက်တာ၀န်ယူထုတ်လွှင့်မည်ဖြစ်သည်။

အမှုတော်လွဲပြောင်းခြင်းအခမ်းအနား၌ အသံလွှင့်အစီအစဉ်၏အုပ်ချုပ်မှုတာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော် Lumon ၊ အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ အတွင်းရေးမှူးနှင့်လူထု ဆက်သွယ်ရေးတာ၀န်ခံဖာသာရ် George Plathottam လည်းတက်ရောက်ခဲ့သည်။ 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3BqkzNB

Add new comment

1 + 2 =