Rocco Buttliere သည် ဗာတီကန်၏ပုံတူကို ပထမဦးဆုံးတည်ဆောက်သူဟုဆို

Rocco Buttliere သည် ဗာတီကန်၏ပုံတူကို ပထမဦးဆုံးတည်ဆောက်သူဟုဆို

Rocco Buttliere သည် ဗာတီကန်၏ပုံတူကို ပထမဦးဆုံးတည်ဆောက်သူဟုဆို

အလွန်ပီပြင်သော ဗာတီကန်၏ပုံတူအသေးစားကိုတည်ဆောက်သူမှာ Rocco Buttliere ဖြစ်သည်။ သူသည် ချီကာဂိုမှဖြစ်ပြီး၊ ယခုကဲ့သို့ပုံတူ ပုံစံများကိုအချိန်ပြည့်‌ရေးဆွဲသူဖြစ်သည်။ သူ၏လက်ရာအများပိုင်းကို ပြတိုက်များ၊ ပြခန်းများ၌အသုံးပြုလေ့ရှိသည်။ (၂၀၂၀) ခုနှစ် ကပ်ရောဂါဘေးဆိုးကြောင့် ကူးလူးသွားလာမှုပိတ်ပင်လာသောအခါ ကုမ္မဏီများ၏အလုပ်မဟုတ်ဘဲ ကိုယ်ပိုင်စိတ်ကူးဖြင့် နိုင်ငံတစ်နိုင်ငံကိုထုလုပ်ရေးဆွဲရန်ဆုံးဖြတ်ခဲ့သည်။

ထိုသို့အတွေး၀င်လာချိန်၌ ဗာတီကန်နိုင်ငံလေးကိုရေးဆွဲရန်စိတ်ကူးရလာပါသည်။ အဘယ်ကြောင့်ဆိုသော် ဗာတီကန်သို့လည်း လောလော လတ်လတ်ဟုဆိုရမည့် (၂၀၁၉) ကရောက်ရှိခဲ့ကြောင်း သို့သော် သေချာစွာလည်ပတ် ကြည့်ရူရန် အချိန်သိပ် မရခဲ့ကြောင်း၊ ဗာတီကန်ကို နာရီ၀က်ဖြင့် မည်သို့မျှစေ့စပ်သေချာစွာမလည်ပတ်နိုင်ပေ။ ဗာတီကန် ၌လည်ပတ်လိုက်ရခြင်းသည် မြင်တွေ့ရသော အံ့မခန်းသည့်ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံနှင့်ဗိသုကာလက်ရာကို သာခံစားရသည်မဟုတ်။ နှစ်ပေါင်းထောင်ချီသော လူ့သမိုင်းကြောင်းကိုမြင်တွေ့သိရှိခံစားလိုက်ရသည်။ ထို့အတူ ပြ တိုက်အတွင်းရှိအနုပညာများကိုလည်းလေ့လာနိုင်သည်။

ယခု ဗာတီကန်၏ တည်နေရာပုံစံကိုရေးဆွဲရန်အတွက် နာရီပေါင်း (၈၀၀) (၆) လတာကြာမြင့်ခဲ့သည်။ နည်း ပညာအကူအညီဖြင့်ပုံဖော်ရန်အတွက် နာရီပေါင်း (၅၀၀) အချိန်ပေးခဲ့ရကြောင်း၊ ဤနည်းပညာပိုင်းနှင့်ပတ်သက်၍ သူ့အနေဖြင့် ဓာတ်ပုံများ၊ ဂူဂဲလ်မြေပုံနှင့်ဂူဂဲလ်လမ်းညွှန်များကိုအဓိကအားထားခဲ့ရကြောင်း၊ သို့မှသာ လမ်းများကို တိကျစွာထည့်သွင်းဖော်ပြပေးနိုင်မည်ဖြစ်သည်ဟုဆိုသည်။ ထို့အတူမြေမြင်အနိမ့်အမြင်ကိုလည်းတိကျစွာတိုင်းတာဖော်ပြနိုင် ခဲ့သည်။
စိန့်ပီတာရင်ပြင်ရှိသောတည်နေရာသည် နိုင်ငံ၏အနိမ့်ဆုံးအပိုင်းဖြစ်သည်။ ထိုမှ အနောက်မြို့ရိုးဆီသို့သွား လိုက်လျှင်လည်း မြေပြင်အထက်အလွန်မြင့်မားသွားပြန်သည်။ ထို့ကြောင့်လည်း ဗာတီကန်သည် အစမူလ၌တောင် ကုန်းပေါ်တွင်ရှိ‌နေခဲ့သည်။ သို့မှသာ ဗာတီကန်၏အနေအထားတစ်ခုလုံးကို သေချာစွာဖမ်းယူနိုင်မည်ဖြစ်သည်။

စိန့်ပီတာဘုရားကျောင်းကြီး၏ခေါင်မိုးကိုတည်ဆောက်ရန်မှာ အလွန်ခက်ခဲခဲ့သည်ဟု လက်ရာမြောက်လွန်းသော ဗာတီကန်အဆောက်အဦးပုံစံကိုတည်ဆောက်ခဲ့သူ ROCCO BUTTLIERE ကပြောကြားခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of America the Jesuit Review 

https://bit.ly/3B2oxKi

 

Add new comment

8 + 2 =