Rev. Fr. Reginald Foster ပျံလွန်တော်မူခြင်းအတွက်ပုပ် ရဟန်းမင်းကြီးအရှင်သူမြတ်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့

Rev. Fr. Reginald Foster ပျံလွန်တော်မူခြင်းအတွက်ပုပ် ရဟန်းမင်းကြီးအရှင်သူမြတ်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ကာမယ်လိုက်ဂိုဏ်းမှ Rev. Fr. Reginald Foster ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာကိုပေးပို့ခဲ့ပြီး ရဟန်းမင်းကြီးများအ တွက် ဘာသာပြန်သူများထဲတွင် လာတင်းဘာသာစကား ကျွမ်းကျင်သူအဖြစ် ထင်ရှားကျော်ကြားသော သူ့အားလည်း ချီးကျူးစကား ပြောဆိုခဲ့သည်။

ကာမယ်လိုက်ဂိုဏ်းမှ ဘုန်းတော်ကြီးများသည် ဗာတီကန် ၏ ရှေးအကျဆုံး လာတင်းစကား ကျွမ်းကျင်သူများအ ဖြစ် နှစ်ပေါင်း(၄၀)နီးပါး အ စေခံခဲ့သည်။

Rev. Fr. Reginald Foster သည် အသက်တော် (၈၁) နှစ်တွင် သူ၏မွေးရပ်မြေဖြစ်သော Wisconsin ပြည်နယ်ရှိ Malwaukee မြို့တွင် ခရစ္စ မတ်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

ဗာတီကန်အား နှစ်ပေါင်းများစွာ အစေခံခဲ့ခြင်းအတွက် ပုပ်ရဟန်းမင်းကြီးမှ လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပြီး ဘုရားရှင်ထံတော်မှ ဆုလာဘ်တော်များ အပြည့်အဝခံစားရပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

https://bit.ly/3htTrmG

Add new comment

7 + 1 =