Project Proposal writing တစ်ရက်တာသင်တန်းပေးခဲ့ခြင်း

Project Proposal writing တစ်ရက်တာသင်တန်းပေးခဲ့ခြင်း
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ အတွင်းရှိ Sector Head များနှင့် Commission Head များအား Project Proposal writing တစ်ရက်တာသင်တန်းပေးခဲ့ခြင်း ။ (22.7.2020) ( ၂၂.၇.၂၀၂၀) ရက်နေ့က မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာတွင်းရှိ Sector Head များနှင့် Commission Head များအား Project Proposal writing တစ်ရက်တာသင်တန်းပို့ချပေးခဲ့ပါသည် ။ သင်တန်းသို့ Sector Head များနှင့် Commission Head များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည် ။ သင်တန်းအား ကရုဏာမြန်မာမှ ဆရာမ စန္ဒာဝင်းကျော်က Project ရေးသားပုံ ရေးသားနည်းများ နှင့် လိုအပ်ချက်များကို အသေးစိတ်ဝေမျှပို့ချပေးခဲ့ပါသည် ။ ယခု သင်တန်းအား Fr.Cyril Myint Soe မှ ဦးဆောင်စီစဉ်ပေးခြင်းဖြစ်ပြီး ဖာသာရ်က ယခုသင်တန်းပေးရခြင်းသည် မန္တလေး ဂိုဏ်းချုပ်သာသနာ ပိုင်ဆရာတော်ကြီး မာကုတင်တင်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်ကြမည့် Sector (5) ခုနှင့် ကော်မရှင် အသီးသီးမှ ၎င်းတို့၏ Vision , Mission များကိုရေးဆွဲနေကြပြီး လုပ်ငန်းများကို စတင်လုပ်ဆောင်ကြရတော့မှာြဖစ်ကြောင်း ၊ လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ရန်အတွက် Fundraising လိုအပ်ကြောင်း ၊ ထို့ကြောင့် ယခုကဲ့သို့ သင်တန်းပေးခဲ့ရခြင်းဖြစ်သည်ဟု သင်တန်းစီစဉ်ပေးခဲ့သည် Fr. Cyril Myint Soe က ပြောပြပေးခဲ့ပါသည် ။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာတွင် ဆရာတော်ကြီးမာကုတင်ဝင်မှ ဖွဲ့စည်းထားသော Sector ( 5) ခုရှိပါသည် ။ Evangelization Sector ( EVS) , Pastoral Care Sector (PCS) , Education & Human Development Sector (EHDS) , Faith Formation Sector (FFS) , Consecrated Life Sector ( CLS) ဟူ၍ ဖွဲ့စည်းထားပြီး လုပ်ငန်းများကို စတင်လုပ်ဆောင်လျှက်ရှိနေပါသည် ။ Sector Head များသည် ကက်သီဒြယ်ကျောင်းဝင်းအတွင်းတွင် ရုံးတက်လျှက်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်လျှက်ရှိနေပါသည် ။ ယခုအခါ Sector တစ်ခုစီတိုင်းသည် ၎င်းတို့၏ Vision , Mission များကိုလည်း ရေးဆွဲလျှက်ရှိနေကြပြီး လုပ်ငန်းများစတင်လုပ်ကိုင်နိုင်ရန် လှုပ်ရှားလျှက်ရှိပြီး ဆရာတော်ကြီး၏ ငါးနှစ်တာ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရှိရပါသည် ။
News by - #PinkyKyaw
#RVAPastoralCare #MandalayArchdiocese #ProjectProposalWritting #KMSS
 

Add new comment

9 + 3 =