Pope Paul I အားပါပါးဖရန်စစ်မှ ရဟန္တာတင်မြှောက်တော့မည်

စက်တင်ဘာလ ၄ ရက်နေ့တွင် ပထမအကြိမ်မြောက်ရဟန်းမင်းကြီး ယောဟန်ပေါလု အား ရဟန္တာတင်မြှောက်ခြင်း အခမ်းနားကျင်းပရန် သတ်မှတ်Pope Paul I အားပါပါးဖရန်စစ်မှ ရဟန္တာတင်မြှောက်တော့မည်

Pope Paul I အားပါပါးဖရန်စစ်မှ ရဟန္တာတင်မြှောက်တော့မည်

စက်တင်ဘာလ ၄ ရက်နေ့တွင် ပထမအကြိမ်မြောက်ရဟန်းမင်းကြီး ယောဟန်ပေါလု အား ရဟန္တာတင်မြှောက်ခြင်း အခမ်းနားကျင်းပရန် သတ်မှတ်

လာမည့် စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့၌စိန့်ပီတာရင်ပြင်တွင် ကျင်းပမည့် မစ္ဆားတရားတော် ၌ ပါပါးဖရန်စစ်က နောင်တော်ပူပ်ရဟန်းမင်းကြီး တစ်ပါးဖြစ်သည့် John Paul I ကို ရဟန္တာတင်မြှောက်တော့မည် ဖြစ်သည်။

၁၉၁၂ ခု အောက်တိုဘာလ ၁၇ ရက်တွင် မြောက်ပိုင်းအီတာလျံမြို့တမြို့ဖြစ်သည့် Forno di Canale တွင် Albino Luciani အဖြစ်မွေးဖွားလာခဲ့သည့် ပထမအကြိမ်မြောက် ရဟန်းမင်းကြီး ယောဟန်ပေါလု အား ရဟန္တာတင် မြှောက်မည်ဖြစ်ကြောင်းကို ရဟန်းမင်းကြီးရုံးတော်မှ ဂျူလိုင် ၁၁ ရက် တနင်္လာနေ့တွင် ကြေငြာ ရန်စီစဉ်ခဲ့သည်။

စိန့်ပီတာရင်ပြင်တွင် ကျင်းပမည့် ရဟန္တာတင်မြှောက်ခြင်းအတွက် မစ္ဆားပူဇော်ခြင်းအခမ်းနားကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မှ ဦးဆောင်ကျင်းပမည် ဖြစ်ကြောင်း

ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ ထုံးတမ်း စဉ်လာများကို ဆရာတော်ကြီး Renato Marangoni နှင့်အတူ ရဟန္တာတင်မြောက်ခြင်း လုပ်ငန်းစဉ် သက်သေထူရာ၌ ပါဝင်သူ ကာဒီနယ် Beniamino Stella နှင့် လက်ထောက် Dr.Stefania Falasca တို့က ဖတ်ကြားကြမည် ဖြစ်သည်။

ရဟန်းမင်းကြီးရုံးတော်မှ ထုတ်ပြန်ချက်အရ သက်သေထူရသည့် အဖွဲ့ အနေနှင့် အသစ်တင်မြှောက်ခံရမည့် ကြည်ညိုခံထိုက်သူအဆင့် ရဟန်းမင်းကြီး​၏ ဘာသာရေးဆိုင်ရာ ဓါတ်တော် မွေတော်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား လက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်းရဟန္တာတင်မြှောက်ခြင်း ပွဲတော် အကြို အနေနှင့် စက်တင်ဘာ ၃ ရက် စနေနေ့ ညနေတွင်St.John Lateran Basilica ဘုရားကျောင်းတော်ကြီးတွင် ကာဒီနယ် Angelo De Donatis က ဦးဆောင်ပြီး အကြိုညဆုတောင်းပွဲတော်ကို ကျင်းပသွားမည် ဖြစ်သည်ဟုဆိုသည်။

၁၉၇၈ ခုနှစ် စက်တာဘာလ ၂၃ ရက်နေ့က ရောမမြို့တော်​၏ ဆရာတော် အရိုက်အရာကို John Paul I လက်ခံယူခြင်း ကျင်းပခဲ့သည့် Basilica ကျောင်းတော်ကြီးတွင် ရောမသာသနာအတွက် ရဟန်းမင်းကြီ​၏ အထွေထွေအတိုင်ပင်ခံ က အကြိုဆုတောင်းပွဲကို ကျင်းပသွားမည်ဖြစ်သည်။ရဟန္တာတင်မြှောက်ခြင်း အခမ်းအနားအပြီး နောက်တရက် ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်

တွင်မူ Belluno Feltre သာသနာအတွင်းရှိ သူတော်စင်ကြီး ​၏ မွေးရပ်မြေ တွင်လည်းမစ္ဆားတရားတော်မြတ်ကို ကျင်းပသွားမည်။

အစဉ်ပြုံးနေသည့် ပုပ်ရဟန်းမင်းကြီးစိန်ပီတာ ​၏ အရိုက်အရာကို ဆက်ခံခဲ့သည့် ရဟန်းမင်းကြီးများအနက် ယခုခေတ်သမိုင်းတွင် ၃၃ ရက်သာ သက်တမ်းရှိသည့် သက်တမ်းအတိုဆုံး ဆက်ခံခဲ့သည့် ရဟန်းမင်းကြီးမှာ ပထမ အကြိမ်မြောက် ယောဟန်ပေါလု ပင်ဖြစ်သည်။

သူသည် တပြိုက်နက် အမည်နာမ နှစ်ခု ကို ခံယူခဲ့ပြီး အကြောင်းမှာ အကိုတော်ရဟန်းမင်းကြီးများ ဖြစ်ကြသည့် John XXIII နှင့် Paul VI တို့ကို ဂုဏ်ပြု လို၍ပင်ဖြစ်သည်။

ထို့အပြင် သူသည် ၁၅၂၃ ခုနှစ်ကတည်းက ပင် ရဟန်းမင်းကြီးအဆက်ဆက် ဆက်ခံခဲ့သည့် အီတလီနိုင်ငံဖွား များသာဖြစ်ခဲ့သည့် ပုပ်ရဟန်းမင်းကြီးမျိူးဆက်​၏ နောက်ဆုံး လည်းဖြစ်သည်။ ၎င်းကို ဆက်ခံသည့် ပုပ်ရဟန်းမင်းကြီးများမှာ - John Paul II, Benedict XVI နှင့် Francis တို့ ဖြစ်ကြပြီး ထိုညီတော်အားလုံးက သူ့ကို "အမြဲပြုံးနေသည့် ရဟန်းမင်းကြီး" အဖြစ်တင်စားခေါ်ဆိုကာ ချီးမွမ်း လေ့ရှိခြင်းကြောင့်ဖြစ်သည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3O1XFki

Add new comment

14 + 3 =