One Million Children praying the Rosary campaign

One Million Children praying the Rosary campaign

One Million Children praying the Rosary campaign

*************************************************

One Million Children praying the Rosary campaign

အောက်တိုဘာလ ၁၈ရက်နေ့ ယနေ့တွင်ပြုလုပ်ပါမည်။

ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ ကလေးသူငယ်များဦးဆောင်ပြီး ညနေ ၃နာရီတွင်လည်းကောင်း၊မော်လမြိုင်ဂိုဏ်းအုပ်သာသနာမှကလေးသူငယ်များဦးဆောင်ပြီး ညနေ၆နာရီခွဲတွင်လည်းကောင်း၊ကမ္ဘာကြီး၊အသင်းတော်နှင့်မိသားစုငြိမ်းချမ်းခြင်းနှင့် ညီညွတ်ခြင်းအတွက်မယ်တော်သခင်မ၏စိပ်ပုတီးစိပ်ကြမည်ဖြစ်ပါသည်။

One Million Children praying the Rosary campaign ကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ကျင်းပရခြင်းမှာ ...အောက်တိုဘာလသည် မယ်တော်သခင်မ၏

စိပ်ပုတီးလအဖြစ် အသင်းတော်ကအသိအမှတ်ပြုထားခြင်းကြောင့်သော်၎င်း ၊ တဆက်တည်းမှာပင်အောက်တိုဘာလ၁၈ရက်နေ့သည်ဧဝံဂေလိကျမ်းရေးသူသံလုကား၏ပွဲနေ့ဖြစ်ကာ၊မယ်တော်သခင်မ ၏ အကြောင်းအရာများကိုသံလုကားကျမ်းထဲတွင် အများဆုံးတွေ့ရပါသည့်အတွက်သံလုကားသည်မယ်တော်သခင်မနှင့် အနီးကပ်နေထိုင်ခဲ့ရသည်ဟု ရှေးထုံးသမိုင်းများအရသိရသည့် အတွက်ကြောင့် အောက်တိုဘာလ ၁၈ရက်နေ့တွင် One Million Children praying the Rosary campaignပြုလုပ်ခြင်းဟာ အလွန်သင့်လျော်ခြင်း ဖြစ်သည်ဟု

Missionary Childhood (Myanmar) ၏ လူမှုစာမျက်နှာတွင် ရေးသားထားခြင်းအရ သိရပါသည်။

One Million Children praying the Rosaryပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ

ကလေးသူငယ်များ၏ယုံကြည်အားကိုးစွာဆုတောင်းခြင်းသည်ဘုရားသခင်၏စိတ်နှလုံးသို့တိုက်ရိုက်ထိရောက်သဖြင့်အစွမ်းတန်ခိုးကြီးမားလှပါသည်။ကမ္ဘာတစ်ဝှမ်းရှိကလေးသူငယ်များ၏စုပေါင်းစိပ်ပုတီးစိပ်ခြင်းသည်ကမ္ဘာကြီးပေါ်သို့ကျေးဇူးအပေါင်း

သွန်းလောင်းစေပြီးမိသားစုများနှင့်အသင်းတော်အပေါ်သို့ကြီးမားသည့်ကောင်းချီးကိုရရှိစေသဖြင့်ယခုကဲ့သို့ရည်ရွယ်၍စုပေါင်းစိပ်ပုတီးစိပ်ကြခြင်းဖြစ်သည်ဟုသိရပါသည်။

အဆိုပါ ဆုပေါင်းစိပ်ပုတီးစိပ်ခြင်းတွင် ဘာသာတူများလည်း ပါဝင်ဆုတောင်းရန် ဖိတ်ခေါ်ထားပါသည်။ စိပ်ပုတီးစိပ်ခြင်းကို ယနေ့ (၁၈.၁၀.၂၀၂၁) ရက်နေ့ ညနေ (၃း၀၀)နာရီ အချိန်တွင် CBCM OSC နှင့် Osc-Archdiocese Yangon Facebook Page များမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟု သိရပါသည်။

Source : Missionary Childhood (Myanmar)

News – Pinky

Photo Credit

Add new comment

2 + 4 =