OMI အသင်းမှ ဖိလစ်ပိုင် နယ်စည်း ဘုန်းတော်ကြီးအသစ်ခန့်အပ်

OMI အသင်းမှ ဖိလစ်ပိုင် နယ်စည်း ဘုန်းတော်ကြီးအသစ်ခန့်အပ်

OMI အသင်းမှ ဖိလစ်ပိုင် နယ်စည်း ဘုန်းတော်ကြီးအသစ်ခန့်အပ်

ထိုင်းနိုင်ငံတွင် နှစ်များစွာ သာသနာပြုနေသည့် ဖိလစ်ပိုင်နိုင်ငံ The Missionary of Oblates of Mary Immaculate (OMI) အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး Fr. Gerry Delos Reyes ဟာ ဖိလစ်ပိုင်နယ်စည်း ဘုန်းတော်ကြီးအသစ်အဖြစ် ၃ နှစ်တာ တာဝန်ကို ခန့်အပ်ခြင်းခံရပါတယ်။

ဘုန်းတော်ကြီးဟာ ဖိလစ်ပိုင်နိုင်ငံ Cotabato မြို့ ၁၉၆၄ ခုနှစ် သြဂုတ်လ ၁၄ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်မှာ OMI အသင်းသို့ဝင်ခဲ့ပြီး ၁၉၈၉ ခူနှစ် စက်တင်ဘာ ၁၄ ရက်မှာ ရာသက်ပန်ကတိသစ္စာကို ခံယူခဲ့ကြောင်း

Caloocan ပြည်နယ်၊ Our Lady of Grace စီရင်စု ကျောင်း ရဲ့ လက်ထောက်ဘုန်းကြီးဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ထိုင်း နယ် တာ၀န်ခံ တပါးဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာ တော့ ထိုင်းနှင့်လာအို နိုင်ငံ၏ တာဝန်ခံ တဉီးဖြစ်လာခဲ့ကြောင်း

Fr.Gerry delos Reyes ဟာ Bishop Charlie Inzon ရဲ့ နေရာ ကို ယူမှာဖြစ်ကြောင်းနဲ့ Bishop Charlie ဟာဆိုရင် ဧပြီလ မှာ ပုပ်ဖရန်စစ်က Jolo နယ် တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့သူဖြစ်ပါတယ်ဆိုတာကို RVA မှ သတင်းရယူထားပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of : Father Gerry delos Reyes, OMI

https://bit.ly/2HnpoiF

Add new comment

9 + 2 =