Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Odette မုန်တိုင်းဒဏ် သင့် မိသားစုများအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဆုတောင်းရာနေ့အဖြစ် ဖိလစ်ပိုင်ကက်သလစ်သာသနာ သတ်မှတ်
Odette မုန်တိုင်းဒဏ် သင့် မိသားစုများအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဆုတောင်းရာနေ့အဖြစ် ဖိလစ်ပိုင်ကက်သလစ်သာသနာ သတ်မှတ်
ဖိလစ်ပိုင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် The Catholic Bishops’ Conference of the Philippines (CBCP) က ဒီဇင်ဘာလ ၂၅ ရက်နေ့ နဲ့ ၂၆ ရက်နေ့ကို Odette မုန်တိုင်းဒဏ် သင့် မိသားစုများအတွက် တစ်နိုင်ငံလုံးဆိုင်ရာ ဆုတောင်းရာနေ့အဖြစ် သတ်မှတ်ကြေငြာလိုက်ပါတယ်။
လာမယ့်ခရစ္စမတ်နေ့နဲ့ နောက်ရက်များမှာလည်း ဒုတိယ အကြိမ် ကောက်ခံရရှိတဲ့ အလှူငွေတွေကို တိုက်ဖုန်းမုန်တိုင်းသင့် ဒုက္ခသည်များအတွက် အသုံးပြုသွားရန်အတွက် ကို ဂိုဏ်းချုပ် ဂိုဏ်းအုပ် သာသနာနယ် အသီးသီးတို့ကို အားပေးတိုက်တွန်းထားတာပါ။
ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဉက္ကဌ ဖြစ်သူ ဆရာတော်ကြီး Bishop Pablo Virgilio David က “Alay Kapwa Solidarity Fund” ကို အရေးပေါ်လိုအပ်ချက်တွေအတွက်အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုသလို အလှူငွေအားလုံးကို ဖိလစ်ပိုင် ကာရီးတာစ် အဖွဲ့သို့ပို့ဆောင်ကြရန်နှင့်ထိုမှတဆင့် လိုအပ်သလို စီမံကာ အသုံးပြုသွားမှာဖြစ်ကြောင်းလည်းဆိုပါတယ်။
ဗီဆားရာစ် နဲ့ မင်ဒနောင်အို ဒေသတွေမှာရှိတဲ့ အနည်းဆုံး သာသနာနယ် ၁၀ ခုတို့ဟာ တိုက်ဖုန်းဒဏ်ကို အလူးအလဲခံစားနေရတယ်လို့ ကာရီးတာစ်က ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ဖုန်းဟာ ဖိလစ်ပိုင်ကို ဒီနှစ်အတွင်းဝင်ရောက်ခဲ့တဲ့ တိုက်ဖုန်းများရဲ့ ၁၅ ကြိမ်မြောက်တိုက်ဖုန်းဖြစ်သလို ၁၉၅ ကီလိုမီတာနဲ့ တိုက်ခတ်ကာ အိုးအိမ်များစွာပျက်ဆီးဆုံးရှုံးရပြီး မိသားစုအများ ဒုက္ခတွေ့ကြုံနေကြရတာပါ။
အထက်ပါ ထိခိုက်မှုအပြင်းဆုံးဒေသတွေမှာဆိုရင် မီးနဲ့ဆက်သွယ်ရေးလိုင်းများလည်းပြတ်တောက်သွားတယ်လို့ဆိုပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment