Nouvi Orizzonti အဖွဲ့အစည်းသို့ ပုပ်ရဟန်းမင်းကြီးသွားရောက်လည်ပတ်ခြင်း

Nouvi Orizzonti အဖွဲ့အစည်းသို့ ပုပ်ရဟန်းမင်းကြီးသွားရောက်လည်ပတ်ခြင်း

Nouvi Orizzonti အဖွဲ့အစည်းသို့ ပုပ်ရဟန်းမင်းကြီးသွားရောက်လည်ပတ်ခြင်း
စက်တင်ဘာလ ၂၄၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးသည် ရောမမြို့အတွင်ရှိ အဖွဲ့အစည်းများ၊ နေအိမ်များ၊ လူမူကူညီရေးဌာနများ၊ ဆေးရုံများသို့ တရားဝင်ကြိုတင်အကြောင်းကြာမူ့မရှိပဲ သွားရောက်လည်ပတ်တတ်သည့် အလေ့အထရှိပါသည်၊ ယခုတစ်ကြိမ်တွင်လည်း Nouvi Orizzonti (New Horizons) နယ်မြေသစ်များ အဖွဲ့အစည်းသို့ အကြောင်းကြာခြင်း မရှိပဲ သွာရောက်လည်ပတ်ခဲ့ပါသည်။

ရောမမြို့ တောင်ဘက်အရပ်ရှိ Nouvi Orizzonti (New Horizons) နယ်မြေသစ်များ အဖွဲ့အစည်းကို ခီရားရာ အာမီရန်တေ (Chiara Amirante) မှ ၁၉၉၃ ခုနှစ်က လိုအပ်သူများကိုကူညီရေး၊ အထူးသဖြင့် လူမူ့ရေးလောကတွင် အခက်အခဲများကို ရင်ဆိုင်နေရသူများကို ကူညီပေးရန်ရည်ရွယ် ဖွဲ့စည်းခဲ့သော လူမူ့ကူညီရေးအဖွဲ့တခုဖြစ်ပါသည်။

ယင်းအဖွဲ့အစည်းသည် အကျိုးအမြတ်ရရှိရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းမဟုတ်ပဲ၊ လူမူကူညီရေးသီးသန့် အတွက်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ရဟန်းမင်းကြီးရုံးတော် ဘဝ၊ မိသာစု နှင့် သာမာန်လူဝတ်ကြောင်များ အရေတာဝန်ယူသော ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။

ယင်းအဖွဲ့အစည်း၏ လုပ်ဆောင်မူ့များ မှာ အလွဲးသုံးစားပြုသူများ၊ ဆေးစွဲးသူများ အတွက် ပြန်လည်ပြုပြင်ပေးရေး လုပ်ငန်းများ၊ အခက်အခဲကြုံတွေနေရသော လူငယ်များ၊ လမ်းပေါ်မှာ နေထိုင်အသက်ရှင်နေရသော ကလေးသူငယ်များအတွက် နေရာထိုင်ခင်ပေးခြင်းတို့ဖြင့်ကူညီပေးခြင်များ၊ ပြည့်တန်ဆာများ၊ စွန့်ပစ်ခံရသူများ၊ ခွဲခြားဆက်ဆံခံရသူများကို ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးမူ့များကို လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

ယခုအချိန်တွင် နယ်မြေသစ်များ အဖွဲ့အစည်း၌ ပြန်လည်ပြုပြင်ပေးရေး၊ ထောက်ပံ့ကူညီရေး စင်တာ ၂၀၀ နှင့် ပါဝင်ကူညီလုပ်ဆောင်ပေးနေသူ ၃၀၀၀၀ ကျော်ရှိပြီး၊ ဝိညာဉ်ရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမူ့ဘဝ ပတ်ဝန်းကျင်နှင် ပြန်လည်သဟဇာတဖြစ်ရေး လုပ်ငန်းများဖြင့် လမ်းပေါ်မှ သာသနာပြုအဖွဲ့အစည်းအဖြစ် တက်ကြွစွာ လှုပ်ရှာနေသော လူမူရေး အဖွဲ့ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ယင်းအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် နှစ်သက်တော်မူပြီး ချီးကျူးဂါဏ်ပြုခဲ့ပါသည်။ ပြီးခဲ့သော ဇွန်လ ၈ ရက်နေက ယင်းအဖွဲ့အစည်း၏ ကျင်းပခဲ့သော ၂၅ နှစ်ပြည့် ငွေစင်ဂျူဗလီပွဲသို့ ပုပ်ရဟန်းမင်းကြီးမှ ဗီဒီယို သတင်းစကား နှင့် ဂုဏ်ပြုစာတစ်စောင်ပေးပို့ ခဲ့ပါသည်။ ယင်းဂုဏ်ပြုစာတွင် သင်တို့၏ အတိတ်က အမှတ်တရများကို မမေ့မလျှော့ကြပါနဲ့ သင်တို့လုပ်ဆောင်ခဲ့ကြတဲ့ လုပ်ရပ်တွေမှာ သင်တို့ဘုရားသခင်နဲ့တွေ့ခဲ့ကြတယ်၊ ဘုရားသခင်သင်တိုကိုကူညီပေးနေတယ်၊ သူရဲ့ကျေးဇူးတော်အားဖြင့် သင်တို့အဖွဲ့အစည်း ကြီးထွားလာခြင်းဖြစ်တယ် ဟု ရေးသားဂုဏ်ပြုခဲ့ပါသည်။

"Nouvi Orizzonti" (New Horizons) community ကို နယ်မြေသစ်များ ဟူ၍ သင်လျှော်သလို ဘာသာပြန်ဆိုထားပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lfTj1s

 

Zawgyi

စက်တင်ဘာလ ၂၄၊ ၂၀၁၉







By Kyi Maung
Credit to Vatican News
https://bit.ly/2lfTj1s

Add new comment

7 + 2 =