Notre Dame ကာသီဒြယ်ကြီးအား အရင်အတိုင်းဖြစ်အောင် မွမ်းမံသွားမည်ဟု ပြင်သစ်အစိုးရပြော

Notre Dame ကာသီဒြယ်ကြီးအား အရင်အတိုင်းဖြစ်အောင် မွမ်းမံသွားမည်ဟု ပြင်သစ်အစိုးရပြော

Notre Dame ကာသီဒြယ်ကြီးအား အရင်အတိုင်းဖြစ်အောင် မွမ်းမံသွားမည်ဟု ပြင်သစ်အစိုးရပြော

ဒီဇိုင်းပညာရှင်များအနေဖြင့် ကာသီဒြယ်ကြီးမွမ်းမံရန်အတွက် တင်ပြချက်များပြုလုပ်နိုင်ကြောင်း ပြင်သစ်အစိုးရ အေမာနုအဲလ် မက္ကရွန် က ဖိတ်ခေါ်လိုက်ပါတယ်။

၂၀၁၉ ခုနှစ်က မီးလောင်ကျွမ်း၍ တစ်စိတ်တပိုင်း ပျက်ဆီးခဲ့သည့် နိုထရာဒိမ်း ကာသီဒြယ်ကြီးကို အရင် ပုံစံအတိုင်းပြုပြင်မွမ်းမံသွားမှာဖြစ်တယ်လို့ ဂျုလိုင် ၉ ရက် ကြာသပတေးနေ့မှာ ပြင်သစ်အစိုးရက ဝါရှင်တန်ပိုစ့်အားဖြင့် ကြေငြာလိုက်ပါတယ်။

ဖြစ်နိုင်သမျှအရင်အတိုင်းတူအောင် မွမ်းမံဘို့ အတွက်ကို ပြင်သစ် အစိုးရဟာ စိတ်အားထက်သန်လျှက်ရှိကြောင်း နှင့် ၂၀၂၄ ခုနှစ် အိုလံပစ် အမှီပြုပြင်လိုသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်ဟာ နှစ်လ တာမျှ ကြာအောင် အိမ်တွင်းအောင်းကာလ ရောက်ခဲ့ကြရကြောင်း ကာသီဒြယ်ပတ်ဝန်းကျင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကိုတော့ ပြင်သစ်မြို့တော်နှင့် လက်တွဲလုပ်ဆောင်သွားမည် ဆိုခြင်းကို Aleteia သတင်းအရ သိရှိရပါသည်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of : Pascal Deloche | Godong

https://bit.ly/3fhODPl

Add new comment

4 + 9 =