Netflix စီးရီးအတွက် ထုတ်လုပ်ထားတဲ့ ပုပ်အကြောင်းရုပ်ရှင်ကို ရောမရုပ်ရှင်ပွဲတော်မှာပြသ

Netflix စီးရီးအတွက် ထုတ်လုပ်ထားတဲ့ ပုပ်အကြောင်းရုပ်ရှင်ကို ရောမရုပ်ရှင်ပွဲတော်မှာပြသ

Netflix စီးရီးအတွက် ထုတ်လုပ်ထားတဲ့ ပုပ်အကြောင်းရုပ်ရှင်ကို ရောမရုပ်ရှင်ပွဲတော်မှာပြသ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့အကြောင်းကို ရိုက်ကူးထားကာ  Netflix ရုပ်သံအစီအစဉ်အတွက် ထုတ်လုပ်ထားတဲ့ ရုပ်ရှင်အပိုင်း (၄) အသစ်ထွက်လာပြီဖြစ်ပါတယ်။ ပုပ်ဖရန်စစ်နဲ့ မျိုးဆက်သစ်များရဲ့ အဖြစ်အပျက်များကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟာ ကြာသပတေးနေ့က ရောမမြို့ရဲ့ ဖလင်ပွဲတော်မှာ ပြသခဲ့တာဖြစ်ပါတယ်။

ညဏ်ပညာတွေကို ဝေမျှထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ စာအုပ်မှ နှိုးစော်ခြင်းခံရပြီး အဖြစ်အပျက် ၁၈ ခုကို ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှ လူငယ်ရိုက်ကူးရေးသမားများက ကြိုးစားရိုက်ကူးထားကြတာဖြစ်သလို၊ ပုပ်ရဟန်းမင်းကြီးဆီမှ ခွန်အားရရှိသူတို့ရဲ့ အင်တာဗျူးအစီအစဉ်တွေလည်းပါဝင်ကြောင်း၊

တစ်စုံတစ်ဉီးအား လက်ကမ်းကူညီတတ်ပြီး လူတွေနဲ့ နီးကပ်စွာရှိနေတတ်တဲ့ ပုပ်အကြောင်းကိုလည်း  မီးမောင်းထိုးပြရိုက်ကူးထားကြောင်း

အာဂျင်တီးနားက ရိုးရာ တဲန်ဂို အက ကို ပါးပါးဖရန်စစ်အနေနဲ့ က ဖူးပါသလားလို့ မေးတဲ့အခါမှာတော့ ပြုံးပြီးတော့ “Yes, Yes” ကဖူးတာပေါ့လို့ ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။

  

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of ANSA

https://bit.ly/31bpl3p

Add new comment

3 + 0 =