Melkite ကက်သလစ်သာသနာတော်သည် ရဟန်းမင်းကြီး၏ဦးဆောင်မှုကိုလက္ခံသည့်နှစ် (၃၀၀) ပြည့်ဂျူဗလီပွဲကို (၂၀၂၄) တွင်ကျင်ပမည်

Melkite ကက်သလစ်သာသနာတော်သည် ရဟန်းမင်းကြီး၏ဦးဆောင်မှုကိုလက္ခံသည့်နှစ် (၃၀၀) ပြည့်ဂျူဗလီပွဲကို (၂၀၂၄) တွင်ကျင်ပမည်

လာမည့်နှစ်၌ Melkite ၀ိနည်းကျင့်သုံးတဲ့ ဂရိကက်သလစ်သာသနာတော်ကြီးသည် ရောမကက်သ လစ်သာသနာ (သို့) ရဟန်းမင်းကြီး၏ ဦးဆောင်မှုကိုခံယူခဲ့သည့်နှစ် (၃၀၀) ပြည့်နှစ်ပတ်လည်ဂျူဗလီပွဲကိုကျင်းပမည်ဖြစ်သည်။ နှစ် (၃၀၀) ပြည့်နှစ်ပတ်လည် ဂျူဗလီပွဲတော်ကြီး၏ကြေညာချက်ကို သာသနာ၏ ခေါင်းဆောင် Yossef Absi ကဇူလိုင်လ (၁၁) ရက်နေ့ မီဒီယာများ၏မေးမြန်းချက်ကိုဖြေကြားရင်းတစ်ပါတည်းအသိပေးခဲ့သည်။

ဤသာသနာသည် ရောမကက်သလစ်သာသနာတော်နှင့် (၁၇၂၄) ခုနှစ်ကတစ်လုံးတစ်၀တည်းပြန် လည်ပေါင်းစည်းခဲ့သည့်အတွက်လာမည့် (၂၀၂၄) ခုနှစ်တွင် နှစ်ပေါင်း (၃၀၀) ပြည့်မည်ဖြစ်သည်။ အဆိုပါ ၀ိနည်းကိုကျင့်သုံးသောဆရာတော်က ‘ကျင်းပရန်ပြင်ဆင်နေသော ‘ဆီးနော့’ အနေဖြင့်မကျင်းပဘဲမကုန်စေ လိုသကဲ့သို့ အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်၌ သာသနာ ၏အခြေအနေနှင့်သူ၏တမန်တော်လုပ်ငန်းများကိုလည်းပြန်လည်ထောက်ရူစေလိုသည်။

လာမည့် နို၀င်ဘာလ (၁၁) ရက်နေ့၌ ဂျူဗလီနှစ်ဖွင့်ပွဲအခမ်းအနားကို ဆီးရီးယားနိုင်ငံ၏မြို့တော် ဒါမားစကက်စ်၌ရှိ ‘Our Lady of the Dormition‘ (အိပ်ပျော်နေသောမယ်တော်) ကက်သီဒရယ်၌ ဘာသာရေးခေါင်းဆောင် ‘ Absi’ ကဦးဆောင်ကာ ၀တ်ပြုဆုတောင်းခြင်းဖြင့်ခမ်းနားစွာဖွင့်လှစ်မည်ဖြစ်သည်။

ဘာသာရေး၀တ်ပြုခြင်း၊ ဘာသရေးအသိ တရား၊ သမိုင်းဆိုင်ရာစာတမ်းဖတ်ပွဲ၊ ခရစ်ယာန်အသင်းစုဖွဲ့ခြင်းဆိုင်ရာစာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ၀ိညာဉ်ရေးနှင့်ဆိုင်သောပြခန်းများ၊ ပန်းချီလက်ရာအမွေအနစ်များကိုလည်းခင်းကျင်းပြသထားမည်ဖြစ်သည်။

မီဒီယာများနှင့်တွေ့ဆုံဖြေကြားစဉ်က Melkite ခရစ်ယာန်များအနေဖြင့် အန္တီအုန်မြို့၌စတင်မွေးဖွားခဲ့ကြောင်း၊ တမန်တော်ကြီးပေတရုကတည်ထောင်ခဲ့ကြောင်း၊ အသင်းအနေဖြင့်ရာစုနှစ်တစ်လျှောက်၌ အကွဲကွဲအပြဲပြဲများကိုဆိုး၀ါးစွာကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊ ထိုဆိုး၀ါးလွန်းသောကာလကား (၁၇) ရာစုကဖြစ် ကြောင်း၊ အနောက်တိုင်း (လာတင်း၀ိနည်း) မှသာသနာပြုများက ထိုအခြေအနေကိုလာရောက်ကု စားထိန်းကျောင်းပေးခဲ့ကြောင်း၊ ထို့နောက် အန္တီအုန်အသင်းတော်နှင့်ရောမကက်သလစ်သာသနာတော်တို့ ကြားတစ်စည်းတစ်လုံးတည်းပြည့်၀စွာပြန်လည်ပေါင်းစည်းခဲ့ခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။

ယခုကဲ့သို့တစ် စုတစ်စည်းတည်းပြန်လည်ပေါင်းစည်းနိုင်ရန်မှာတစ်ဖြေးဖြေးချင်းလုပ်ဆောင်ခဲ့ရကြောင်း၊ အသွင်ပြောင်းသင့်သည်များကိုလည်းပြုပြင်ပြောင်းလဲခဲ့ရကြောင်း၊ သို့သော်အချို့မှာလက္ခသောကြောင့် နောက်ပိုင်း၌ ဂရိဩသိုဒေါစ်အသင်းတော်ဟုအမည်ခံကာဆက်လက်ရပ်တည်ခဲ့သည်။ အန္တီအုတ်ခရစ်ယာန်အသင်းတော်အနေဖြင့် တပည့်တော်ကြီးတို့မှဆင်းသက်လာသည့်ခရစ်ယာန်သွန်သင်ချက်များအား မြေ၀ယ်မကျဖြည့် ဆည်းခဲ့ကြောင်း၊ ‌ေ၀ဖန်တိုက်ခိုက်မှုများအားလုံးကိုလည်းကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ပြီး ယခုနှစ် (၃၀၀) ပြည့်သည်အထိဆက်လက်ရပ်တည်လာနိုင်ခဲ့ခြင်း၊ တာ၀န်ရှိသူများ၏ အကောင်းကိုမျှော်ကြည့်၍စိတ်ဆန္ဒကောင်းများဆုံးဖြတ်ရပ်တည်ခဲ့ခြင်းအားကျေးဇူးတင်ကြောင်း၊ ညီအစ်မသာသနာနှစ်ခုကြား အချင်းချင်းပိုမိုလေးစားသောပေါင်းစည်းဆက်နွယ်မှု၊ ညီအစ်ကိုရင်းချစ်ခြင်း၊ ပူပေါင်းလုပ်ဆောင်ခြင်းတို့ဖြင့် တစ်ခုတည်း သောဧ၀ံဂေလိတရားကိုအလုပ်အကျွေးပြုသွားကြမည်။ ခရစ်ယာန်များစုစည်း၍တစ်မိုးအောက်၌ခရစ္စတူးသခင်ကိုသက်သေခံကြကြောင်း သူကဖြေကြားသွားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3K4W1yZ

Add new comment

2 + 15 =