Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
Lviv မြို့ရှိ အာရ်မေးနီးယန်းကက်သီဒရယ်မှ ခရစ္စတူးသခင်၏ ဆင်းတုတော် ကိုလုံခြုံရာသို့ ရွေ့ပြောင်းထားလိုက်ကြ
Lviv မြို့ရှိ အာရ်မေးနီးယန်းကက်သီဒရယ်မှ ခရစ္စတူးသခင်၏ ဆင်းတုတော် ကိုလုံခြုံရာသို့ ရွေ့ပြောင်းထားလိုက်ကြ
လက်ရှိဖြစ်ပွားနေသော ရုရှား၏ကျူးကျော်စစ်ကြောင့် Lviv မြို့ရှိ အာရ်မေးနီးယန်း ကက်သီ ဒရယ်မှ ခရစ္စတူးသခင်၏ဆင်းတုတော်ကို လုံခြုံရာသို့ရွေ့ပြောင်းထားလိုက်ကြောင်း တွီတာတွင် ဖော်ပြထားသည်။ ဤသတင်းနှင့်ရွေ့ပြောင်းနေသောပုံကို မတ်လ (၅) ရက်နေ့က တင်ခဲ့ သည်။ အဆိုပါဆင်းတုတော်ကို လူငါးယောက်ကနံရံမှခက်ခက်ခဲခဲချခဲ့ကြပြီးနောက် မကျိုးမပဲ့၊ မကွဲစေရန် အတွက် ဖော့တုံးများဖြင့်သေချာစွာ ထုပ်ပိုးပြီး သိမ်း ဆည်း ထားမည့် နေရာသို့ ပို့ဆောင်ရန် ပြင် ဆင်နေကြသည်။ ဤဆင်းတုတော်ကို ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ်ကလည်း တစ်ကြိမ် ယခု ကဲ့သို့ ဖယ်ရှားခဲ့ဖူးကြောင်းသိရပါသည်။
ရုရှားစစ်တပ်သည် Lviv မြို့တွင်းသို့ ဖေဖော်၀ါရီလ (၂၄၊ ၂၀၂၂) ကျူးကျော်၀င် ရောက် လာခဲ့သည်။ ဤမြို့သည် ယူကရိန်းနိုင်ငံ၏ အနောက်ဖက်တွင်တည်ရှိသည်။ ယူကရိန်းနိုင်ငံ၏ အနောက် ဖက်မြို့တော်ဟုလည်းသတ်မှတ်နိုင်သည်။ ဤကက်သီဒရယ်ကျောင်းကြီးကို ပထမ အကြိမ် အဖြစ် (၁၃၆၃) ခုနှစ်တွင်တည်ဆောက်ခဲ့သည်။ ကျောင်းတော်ကြီးသည် မီးအကြိမ်ကြိမ်စွဲလောင်ခဲ့သည်။ စစ် ဒဏ်အကြိမ်ကြိမ်သင့်ခဲ့သည်။ လူမှုရေးနှင့်ဆိုင်သော အဓိကရုန်းများဖြစ်ပွားခဲ့ဖူးသည့် သမိုင်းများရှိသည်။ အဆို ပါ ဘုရားကျောင်းကြီးကို (၁၆၀၀) မှ (၁၉၄၅) ခုနှစ်အထိ အာရ်မေး နီးယန်းကက်သလစ်များ ဆုတောင်း၀တ်ပြုရာဘုရားကျောင်းတော်ကြီးဖြစ်ခဲ့သည်။ (၁၉၄၅) ခုနှစ် ဒုတိယကမ္ဘာ စစ်ကြီး နောက်ပိုင်း၌ ဆိုဗီယက်ပြည် ထောင်စုကြီးအဖြစ် တည်ထောင်လိုက်သောအခါ ထိုဘုရားကျောင်း၏ ဆရာတော် Dionizy Kajetanowicz အားဖမ်းချုပ်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် ဆိုဗီ ယက်အစိုးရက သူအား ဩသောဒေါစ့်အဖြစ် ဘာသာကူးပြောင်းရန် အတင်းအကြပ် စီစဉ်သည် ကိုငြင်းပယ်ခဲ့သည်။ ဤအခြေအနေမျိုး၌ ပိုလန်အာရ်မေးနီးယားကက်သလစ်များသည် Lviv မြို့ပိုလန်သို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
Lviv အာရ်မေးနီးယန်းကက်သလစ် ဂိုဏ်းချုပ်သာသနာကြီးသည် (၁၉၃၈) ခုနှစ်မှစ၍ ဘုရားကျောင်းတော်ကြီးသည် ဆရာတော်မရှိဘဲ လစ်လပ်နေခဲ့သည်။ နှစ် (၂၀၀၀) ၌မူ ယူကရိန်း အာရ်မေးနီးယန်းအသင်းတော်က စောင့်ရှောက်ရန်တာ၀န်ယူခဲ့သည်။ သို့သော် အာမေးနီးယန်ကက်သ လစ်ဘာသာတူများက ဆုတောင်း၀တ်ပြုရန် အသုံးပြုခွင့်ရှိသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment