Louisianaသာသနာနယ်သည် လော်ရာ(Laura)မုန်တိုင်းဒဏ်ကြောင်း အကြီးအကျယ် ပျက်စီးခဲ့

Louisianaသာသနာနယ်သည် လော်ရာ(Laura)မုန်တိုင်းဒဏ်ကြောင်း အကြီးအကျယ် ပျက်စီးခဲ့

Louisianaသာသနာနယ်သည် လော်ရာ(Laura)မုန်တိုင်းဒဏ်ကြောင်း အကြီးအကျယ် ပျက်စီးခဲ့

Lake Charlesသာသနာနယ်၊ Louisianaသည် လော်ရာမုန်တိုင်းဒဏ်ကြောင့် လူခြောက်ဦး သေဆုံးခဲ့ရပြီး ဓာတုပစ္စည်းစက်ရုံတွင်လည်း မီးလောင်မှုဖြစ်ခဲ့ရကြောင်း Louisianaသာသနာမှ တင်ပြခဲ့သည်။

ထိုမုန်တိုင်းဒဏ်ကြောင့် သာသနာနယ်ငါးခုမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး သာသနာနယ်အတွင်း တက်ကြွစွာလှုပ်ရှားနေသော ရဟန်းဘုန်းတော်ကြီး သုံးပုံတစ်ပုံခန့်သည် ရွှေ့ပြောင်းခြင်းများ ပြုလုပ်ခဲ့ရကာ ဒေသတွင်းရှိ ကက်သလစ်ကျောင်းများလည်း စက်တင်ဘာလရောက်မှသာ ဖွင့်နိုင်ကြောင်း တင်ပြခဲ့သည်။

အပြစ်မဲ့သန္ဓေယူတော်မူသောသခင်မ ကာသီဒြယ်သည်လည်း ခေါင်မိုးပျက်စီးခဲ့ရသကဲ့သို့ နိုက်ဂျီးရီးယားသီလရှင်များ၏ “သနားခြင်းမယ်တော်၏သမီးတော်များ” ကျောင်းသုံးကျောင်းလုံးမှာလည်း နေထိုင်၍မရတော့လောက်အောင် ပျက်စီးခဲ့ရသည်။

ဆရာတော် Glen John Provostမှ “သူတို့မြို့တွင် မည်သည့်အိမ်၊ လုပ်ငန်းမှ မကျန်ရှိတော့အောင် ကပ်ဆိုက်ခဲ့ကြောင်း၊ မြို့တော်တွင်ရှိသော သာသနာနယ် (၃၉)ခုတွင် သာသနာနယ် (၁၂)ခုမှာ ပြင်းထန်သော ထိခိုက်မှုရှိခဲ့သော်လည်း သာသာနယ်(၆)ခုမှာ လုံးဝကို ပျက်ဆီးသွားခဲ့ရကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

ကိုလန်းဗက်စ်၏သူရဲကောင်းများမှ Lake Charlesသာသနာသို့ ဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော စနေနေ့က ကြေညာခဲ့သည်။

 

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of Diocese of Lake Charles, Louisiana

https://bit.ly/32ZqJ6b

 

Add new comment

12 + 8 =