Laudato si’ စာချွန်တော်သည် သဘာ၀ပတ်၀န်းကျင်စိမ်းလန်းရေးအတွက်သာမဟုတ် ၊ လူမှုရေးနှင့်လည်းဆိုင်သည်။

Laudato si’ စာချွန်တော်သည် သဘာ၀ပတ်၀န်းကျင်စိမ်းလန်းရေးအတွက်သာမဟုတ် ၊ လူမှုရေးနှင့်လည်းဆိုင်သည်။

Laudato si’ စာချွန်တော်သည် သဘာ၀ပတ်၀န်းကျင်စိမ်းလန်းရေးအတွက်သာမဟုတ် ၊ လူမှုရေးနှင့်လည်းဆိုင်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် Laudato si’ ၏အမျိုးသားတက္ကသိုလ်ကောင်စီအဖွဲ့၀င်များအားနှုတ်ဆက်ပြီး၊ ဘုံစံအိမ် (ကမ္ဘာကြီး) ကိုထိန်းသိမ်းစောင့်ရှောက်ရန်လူသားတိုင်း၌တာ၀န်ရှိသည့်အသိကို တိုးမြှင့်လုပ်ဆောင်ရန် အသားပေးမိန့် ကြားခဲ့ သည်။ ထိုကွန်ဂရက်စ်သည် စက်တင်ဘာလ (၁-၄) ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံတွင်ကျင်းပမည်ဖြစ်သည်။ အထက်ပါသတင်းစကား ကို ထိုအဖွဲ့၀င်များအား ဗွီဒီယိုသတင်းစကားဖြင့်ပေးပို့မိန့်ကြားခဲ့သည်။ သတင်းစကားကို စပိန်ဘာသာဖြင့်မိန့် ကြားထားသည်။

ယခုကဲ့သို့တွန်းတွန်းတိုက်တိုက်လုပ်ဆောင်ခြင်းသည် လူသားများအားလုံးအနေဖြင့် ဘုံစံအိမ်အား စောင့်ရှောက်ရန်၊ ထိန်းသိမ်းကာကွယ်ရန်လူမှုရေးအသိကိုမြင့်တက်လာစေမည်ဟုမျှော်လင့်ကြောင်းမိန့်ကြားပါသည်။ အဘယ်ကြောင့်ဆိုသော် Laudato si’ သည် သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက်သာမဟုတ်။ လူမှုဘ၀ဖွံ့ဖြိုးရေးနှင့်လည်းဆိုင်သော စာချွန် တော်ဖြစ်သည်။ ယခုကျင်းပသော ကွန်ဂရက်စ်အနေဖြင့် စာချွန်တော်၏ဦးတည်ချက်ကိုဖော်ဆောင်ပေးမည်ဟုမျှော်လင့်သကဲ့သို့ အကျိုးကိုလည်းပိုမိုမြင်တွေ့ရပေလိမ့်မည်ဟုမျှော်လင့်ကြောင်း၊ သတင်းစကား၏အဆုံးသတ်၌ ရဟန်းမင်းကြီးက သူ့အတွက်ဆု တောင်းပေးရန်နှင့်ရဟန်းမင်းကြီးက ထိုကွန်ဂရက်စ်သို့ပါ၀င်သူများအားကောင်းကြီး၍သူ၏သတင်းစကားပါးခြင်းကိုအဆုံး သတ်ခဲ့သည်။

ဤကွန်ဂရက်စ်ကို အာဂျင်တီးနားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ပုဂ္ဂလိကတက္ကသိုလ်များ၏ကျောင်းအုပ် ကောင်စီနှင့်အမျိုးသားတက္ကသိုလ်ကောင်စီတို့မှစီစဉ်ကျင်းပသည်။ ဤသို့ကျင်းပရခြင်းမှာ Laudato si’ စာချွန်တော်ထုတ်‌ေ၀ ဖြန့်ချီသည့် (၆) နှစ်မြောက်နှစ်ပတ်လည်ကိုဂုဏ်ပြုကြိုရန်လည်းဖြစ်သည်။ ဤကွန်ဂရက်စ်ကို လိုင်းမှထုတ်လွှင့်မည်ဖြစ်၍ စိတ်၀င်စားသူများ၀င်ရောက်ကြည့်ရူလေ့လာနိုင်ပါသည်။

https://bit.ly/3yqpP0w

Ref:catholicmasses.org

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

#rvamyanmar #rvapastoralcare #PopeFrancis #RVANews

Add new comment

7 + 5 =