Lampedusa ကျွန်းသို့ ပုပ်ရဟန်းမင်းကြီးကြွရောက်လည်ပတ်ခြင်း (၇) မြောက်နှစ်ပတ်လည်နေ့မစ္ဆားပူဇော်မည်

Lampedusa ကျွန်းသို့ ပုပ်ရဟန်းမင်းကြီးကြွရောက်လည်ပတ်ခြင်း (၇) မြောက်နှစ်ပတ်လည်နေ့မစ္ဆားပူဇော်မည်

ပုပ်ရဟန်းမင်းကြီးကြွရောက်လည်ပတ်ခြင်း (၇) မြောက်နှစ်ပတ်လည်နေ့မစ္ဆားပူဇော်မည်

ပုပ်ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့ ဂျူလိုင် ၈ ရက်နေ့မှာ Lampedusa သို့ကြွရောက်လည် ပတ်ခြင်း (၇) ပြည့်နှစ်ပတ်လည်နေ့ ကျရောက်မည်ဖြစ်၍ ထိုနေ့ကိုအမှတ်ရပြီး၊ ထိုနေ့နံနက်မစ္ဆား တရားကိုပူဇော်မည်ဖြစ်သည်။

စီးစီလီခရိုင်ရှိ၊ Lampedusa ကျွန်းသို့ (၂၀၁၃၊ ဇူလိုင်၊ ၈) ရဟန်းမင်းကြီးအဖြစ်အ မှုတော်ပေးအပ်ခံရသည့်နှစ်၌ရောမမြို့ပြင်သို့ပထမဆုံးအကြိမ်တ မန်တော်ခရီးကြွရောက်ခဲ့ခြင်းဖြစ်သည်။ ထို နေရာသည်အီတလီနိုင်ငံပိုင်ကျွန်း လေးဖြစ် ပြီး၊ ပြောင်းရွေ့ဒုက္ခသည် များအား ခိုလုံခွင့်ပြု ထားသောနေရာလည်းဖြစ်သည်။

ဗာတီကန်သတင်းတိုက်၏တာ၀န်ခံ Matteo Bruni ကမစ္ဆားတရားကိုရောမစံတော်ချိန်နံနက် (၁၁) နာရီ၌ ပုပ်ရဟန်းမင်းကြီး နေ့စဉ်မစ္ဆားပူ ဇော်ကြဘုရားကျောင်းဆောင်ငယ်ဖြစ် သောဆန်တာမားရ်တာဘုရားကျောင်းဆောင်ငယ် တွင်ပူဇော်မည်ဖြစ် ကြောင်း၊ မစ္ဆားတ ရား၌ဗာတီကန်၌အမှုတော်ထမ်းနေသော၀န်ထမ်းအ နည်းငယ်ပါ၀င်မည်ဖြစ်ကြောင်း၊ ထို့ အတူရွေ့ပြောင်း ဒုက္ခသည်များအားစောင့်ရှောက်ပေးနေကြသော၀န်ထမ်းနှင့်ဒုက္ခသည် များအားလုံး ၏ကိုယ်စားလှယ်အနည်း ငယ် ပါ၀င်မည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ထား သည်။

ဤကျွန်း၌ရောက်ရှိခိုလုံနေကြသောဒုက္ခသည်များမှာအာဖရိကတိုက်မှဖြစ်ပြီး၊ ၄င်းတို့သည်အလွန်အန္တရာယ်ရှိ သောမြေထဲပင်လယ်ကိုဖြတ်သန်းလာခဲ့ရသည်။ ဒုက္ခသည်များသည်အာရပ်နွေဦးအရေးတော်ပုံစတင်သော (၂၀၁၀) မှစ၍ မြောက်အာဖရိက တိုက်မှဒုက္ခသည်များထွက်ပြေးလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော်နိုင်ငံရေးအခြေ အနေသည်ဆက် လက်နေထိုင်ရန်မဖြစ်တော့ပေ။ ဤကျွန်းသည်တူနီးစီးယားကမ်းရိုး တန်း နှင့် (၁၁၃) ကီလိုမီတာ ဝေးသည်။

ရဟန်းမင်းကြီးပထမဦးဆုံးအကြိမ်လည်ပတ်ခဲ့စဉ်ကလည်းရေကြည်ရာမြတ်နုရာရှာဖွေရင်းပင်လယ်ပင်၌ အသက်ဆုံးရှုံးခဲ့သောသူများအတွက်ဆုတောင်းပေးခဲ့သည်။ ပန်း ခွေကိုပင်လယ်ထဲသို့မျောချပေးခြင်းဖြင့်၀မ်း နည်းကြေကွဲကြောင်းပြခဲ့ သည်။ ထို့နောက် ဟင်းလင်းပြင်၌မစ္ဆားတရားကိုအားလုံးအတွက်ရည်စူး၍ပူဇော်ပေးခဲ့သည်။ ရဟန်းမင်း ကြီးအနေဖြင့်ယခုကဲ့သို့အမှတ်ရဆုတောင်းရခြင်းမှာအတိဒုက္ခရောက်နေသူများနှင့်တစ်စိတ်တစ်၀မ်းရှိကြောင်း၊ ယနေ့ခေတ်၏ကြီးမားသောပဋိ ပက္ခကိုသတိထားမိစေလို ကြောင်း၊ ယခုကဲ့သို့နေရပ်စွန့်ခွာထွက်ပြေးလာရန်ဖန်သောအကြောင်းများစွာရှိကြောင်း၊ ထိုအ ကြောင်းများအနက်လွတ်လပ်မူမရှိခြင်း၊ ငတ်မွတ်ခြင်းများမှစ၍ဒေသခံများကိုမိမိတို့ဇာတိမြေ၌နေရန်အဘယ် သို့မျှအခြေအ နေမပေးသောကြောင့်နေရပ်စွန့်ခွာထွက်ပြေးလာကြရသည်ကိုသတိထားဆင်ခြင်စေလို၊ အာရုံပြုစေလို၊ ရပ်တန့်ရန်အစွမ်း ကုန်ကြိုးစားစေလို၍ဖြစ် သည်ကိုသိရန်လိုအပ်ကြောင်းဖာသာရ် Fr. Federico Lombardi, SJ ကရှင်းပြပေးခဲ့သည်ဆိုခြင်းကို ဗာတီကန်သတင်းအရသိရှိရပါတယ်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2Wauaon

Add new comment

3 + 2 =